20
Aug

မြန်မာ့ HIV

• ၂ဝဝ၅ ခုနှစ် UNAIDS စာရင်းအရ မြန်မာပြည်မှာ HIV ကူးစက်မှု ၁.၃% (လူပေါင်း ၂ဝဝ,ဝဝဝ ကနေ ၅၇ဝ,ဝဝဝ) ရှိတယ်။
• ၂ဝဝ၈ ခုနှစ်မှာ မြန်မာပြည်မှာ MSF ဟာ Antiretroviral Therapy (ART) ဆေး အဓိကပေးနေတဲ့ အဖွဲ့အစည်း ဖြစ်လာတယ်။ ART ဆေး လူပေါင်း ၇ဝ,ဝဝဝ ရသင့်တာမှာ လူနာပေါင်း ၁၁,ဝဝဝ သာဆေးရနေကြတယ်။ ဆေးလိုသူတွေရဲ့ ၂ဝ% ထက်နည်းပြီးသာ ART ဆေးရနေကြတယ်။
• လိက်ကတဆင့် ကူးစက်မှုက အများဆုံးဖြစ်တယ်။ မြန်မာပြည်ရဲ့ တရားဥပဒေအရ လိင်နဲ့ အသက်မွေးမှုဟာ ရာဇဝတ်မှုဖြစ်တယ်။ ရန်ကုန်မြို့ တခုတည်းမှာ လိင်လုပ်ငန်း ဖွင့်ထားတဲ့ နေရာပေါင်း ၁ဝဝဝဝ ကျော် ရှိတယ်။ လုပ်ကိုင်နေသူတွေနဲ့ လာရောက်သူတွေထဲက ၇ဝ-၉ဝ% မှာ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေကြတယ်။ HIV စမ်းသပ်မှုလုပ်ထားသူ ၂၅% ထက်နည်းတယ်။

HIV and ART in Manipur အိမ်နီးချင်းပြည်နယ်က HIV သတင်း
• မြန်မာပြည်နဲ့ ဆက်နေတဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်မှာ HIV ပိုးကူးစက်ခံထားရသူပေါင်း ၄၃ဝဝဝ ကနေ ၄၄ဝဝဝ အထိရှိတယ်။
• မဏိပူပြည်နယ်မှာ လူဦးရေ ၂့၇ သန်းရှိတယ်။ HIV ကူးစက်မှု ဝ့၁၆% ရှိတယ်။
• ART ဆေးရနေသူပေါင်း ၂၂ဝဝဝ ရှိတယ်။ ART ဆေးရရှိမှု ၅ဝ% ရှိတယ်။
• HIV ပိုးရှိနေသူတွေထဲက CD4 count is 500 ထက်နည်းသူတွေကို ဆေးပေးတယ်။ အဲဒါဟာ WHO 2013 guidelines အရဖြစ်တယ်။
• ART ဆေးရနေသူတွေထဲမှာ မြန်မာပြည်က လူနာတွေလဲပါတယ်။

CD4 counts
• CD4 counts ကို WHO ကနေ မချမ်းသာတဲ့ နိုင်ငံတွေ အတွက် အဲလို ၅ဝဝ လို့ သတ်မှတ်တာဖြစ်တယ်။ နိုင်ငံတကာ လူမှုကျန်းမာရေး လမ်းညွှန်အရ CD4 count ၂ဝဝ ရှိရင် ဆေးပေးတာလဲရှိတယ်။ တချို့ ဆရာဝန်တွေက ၃၅ဝ ကနေ ၅ဝဝ ရှိရင်ဆေးပေးတာလဲ ရှိတယ်။
• ၂ဝဝ ထက်နည်းလာရင် Pneumocystis pneumonia (PCP) ခေါ်တဲ့ အခွင့်ကောင်းယူပြီး ကူးစက်တဲ့ရောဂါ ဝင်လာနိုင်တယ်။
• ၇၅ ထက်နည်းလာရင် Mycobacterium avium complex (MAC) ခေါ်တဲ့ အခွင့်ကောင်းယူပြီး ကူးစက်တဲ့ရောဂါ ဝင်လာနိုင်တယ်။
• ပုံမှန် CD4 count ၅ဝဝ ကနေ ၁,၅ဝဝ ရှိတယ်။ ဆေးထိရောက်မှုရှိရင် CD4 အရေအတွက် တက်လာမယ်။

ဒေါက်တာတင့်ဆွေ (၂ဝ-၈-၂ဝ၁၄)

ဒေါက်တာတင့်ဆွေ - မြန်မာ့ HIV

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top