19
Dec

မြန်မာ့ (HIV/AIDS) တိုက်ဖျက်ရေး၏ သားကောင်များ

မစိုးစိုးကြည်ရဲ့ အရိုးပဒေသာကို သူခြုံထားတဲ့စောင်အပြင်ကနေကို ထင်းထင်းကြီး သိသာနေပါတယ်။ မျက်လုံးကို ဖွင့်လောက်အောင်ကို အားမရှိရှာပါ။ ကယ်သူမဲ့တဲ့အလား သူ့ယောက်ျားက ယင်ကောင်တွေကို လက်နဲ့ ရမ်းဖယ်ပေးနေပါတယ်။

စိုးမစိုးကြည်ဟာ HIV ပိုးရှိနေသူပါ။ နောက်ဆုံးကျမှ သူမဟာ ရန်ကုန်၊ ပုဂ္ဂလိကဆေးခန်းတခုကနေ အကူအညီနဲ့ ဆေးဝါး ရရှိလာသူပါ။

ကိုရာဇာကတော့ ဒီဆေးခန်းကို စထူတောင်သူတွေထဲက တယောက်ပါ။ (စီအင်န်အင်န်) သတင်းဌာနကို သူပြောတာက သူတို့လုပ်ငန်းတွေကို ဟိုနေရာကိုရွေ့ရ၊ ဒီနေရာကိုရွေ့ရ လုပ်ရပါသတဲ့။ ရောက်တဲ့ နေရာမှာလဲ လှို့ဝှက်သလို နေရပါသေးတယ်။ တော်ကြာ ဘယ်အချိန် ရက်စက်လှတဲ့ စစ်အစိုးရကနေ လာပိတ်မလဆိုတဲ့ အကြောက်တရားကလဲ ရှိနေတယ်။

“ဒီဆေးဆန်းမျိုးသာမရှိရင် ဒီလူနာတွေ သေကုန်ကြမှာပေါ့ဗျာ" သူက ပြောပါတယ်။

ဒီဆေးခန်းကို စခဲ့သူကတော့ ဒီမိုကရေစီလှုတ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ (အင်န်နယ်လ်ဒီ) ပါ။ စေတနာရှင်တွေရဲ့ တတ်အားသမျှ အလှူဒါနအပေါ်မှာသာ မှီခိုကြရပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ တဦးချင်း အလှူရှင်တွေ နဲ့ နယ်ခြားမဲ့ ဆရာဝန်များရဲ့ လက်တံတခုဖြစ်တဲ့ (ဒတ်ခ်ျ) က AZG တို့ ဖြစ်ပါတယ်။

မအေးမိစန်းဟာ ကိုယ်ဝန် ၅ လကတည်းက HIV ပိုးရှိခဲ့တာပါ။ သူ့ယောက်ျားဆီကနေကူးလာတာမို့ မိဘတွေက သိတာနဲ့ လင်-မယားကို အတင်းခွဲကြပါသေးတယ်။ နောက်ဆုံး မှာတော့ သူလဲ ဝေဒနာသည်ဘဲလေ ဆိုပြီး ပြန်ပေါင်းထုတ်ခဲ့ကြတယ်။

"ကျမမှာ HIV ရှိတယ်လဲ သိရော ကျမ သေသွားချင်မိတယ်။ ကျမမှာ ဘာမှ အားကိုးစရာ မရှိတော့ဘူးလို့ ခံစားရတယ်။ ဘယ်သူကမှလဲ လာကူကြမယ်လို့လဲ ထင်ကိုမထင်မိဘူး။"

HIV ဆိုတာ ဒီတိုင်းပြည်ထဲမှာ သိတဲ့သူ အတော်နည်းပါသေးတယ်။ လူနာအများစုက မိသားစုကနေ စွန့်ပြစ်လိုက်ရင် သွားစရာဆိုလို့ ဘယ်မှာမ မရှိကြပါ။ ကိုရာဇာအဆိုအရ မရေမတွက်နိုင်တဲ့ တခြားသူတွေဟာလဲ ဒါ့ကြောင့် ကိုယ့်မှာ ပိုး-ရောဂါ ရှိနေတာကို ဘယ်တော့မှ ထုတ်မပြောကြတော့ဘူး။ ဒီတော့ တာဝန်ရှိသူတွေကနေ စာရင်းဇယား အတိအကျ ကောက်ရဘို့ဆိုတာ ခက်ခဲလွန်းပါတယ်။

ဆေးခန်းလေးကနေ လူထုကို HIV အကြောင်း ပညာပေးတာတွေလဲ လုပ်နေပါတယ်။ ကိုရာဇာပြောတာက “(ကွန်ဒွမ်) ဝယ်ရတာ ရှက်စရာလို့ ထင်နေကြတုံးဘဲဗျာ။ တချို့ကတော့ ကိစ္စမရှိပါဘူး။”

မကြာသေးခင်ကမှ အာဏာပိုင်တွေကနေ HIV/AIDS ပြဿနာကို ထုတ်ပြော-ဝန်ခံလာပါတယ်။ UNAIDS နဲ့တွဲလုပ်ခဲ့တဲ့ (ဆီမီနာ) မှာ  မကြာခင်ကတက်လာတဲ့ အရပ်ဝတ် အစိုးရကနေ ၅ နှစ်စီမံကိန်းတခုကို သဘောတူခဲ့ပါတယ်။ အယူ လွဲမှားတာတွေနဲ့ ရောဂါကူးစက်တာတွေ လျှော့ချဘို့ ဖြစ်ပါတယ်။

ကမ္ဘာ့ကုသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီးအဆိုအရ ၂ဝဝ၉ ခုနှစ်ထဲ မြန်မာနိုင်ငံမှာ HIV ပိုးရှိနေသူပေါင်း ၂ သိန်း၊ ၄ သောင်း လောက် ရှိပါမယ်။ အရှေ့တောင်အာရှတခုလုံးဆိုရင် ၃ သန်းခွဲရှိတယ်။

မြန်မာနိုင်ငံမှာ HIV နှိမ်နင်းရေးကို ပိုပြီး ဆိုးဝါး-ခက်ခဲစေတာကတော့ ပဝေသဏီကတည်းက ငွေကြေး လုံလောက်အောင် ချထားခြင်း မရှိတဲ့ အားနည်းလှတဲ့ ကျန်းမာရေးစနစ်ပါဘဲ။ ကမ္ဘာမှာ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံး နိုင်ငံတွေထဲမှာ ပါတယ်။ WHO အရ တနှစ်မှာ ၂၃ ဒေါ်လာသာ ရှိပါတယ်။ ယှဉ်ကြည့်ရင် ထိုင်းနိုင်ငံက ၃၄၅ ဒေါ်လာ သုံးနိုင်ပါတယ်။

ဒေသခံတွေ အဆိုအရ ကောင်းမွန်သင့်မြတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ချမ်းသူသူတွေအတွက်သာဖြစ်ပြီး ပြည်သူ့ ဆေးရုံတွေမှာ လိုအပ်တာတွေ ဆေးဝါးကရိယာတွေ ဘာမှမရှိပါ။ တောနယ်တွေနဲ့ နယ်စပ်ဒေသတွေမှာဆိုရင် ပိုပြီး ဆိုးဝါးလွန်းလှပါတယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ (ဥပမာ ကရင်) နှစ်ပေါင်းရှည်ကြာ တိုက်ပွဲတွေ ဖြစ်နေလို့ ဖြစ်ပါတယ်။

ယမုန်နာဆေးခန်း - မြန်မာ့ (HIV/AIDS) တိုက်ဖျက်ရေး၏ သားကောင်များ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top