7
Jul

မြန်မာနိုင်ငံတွင် ကွန်ဒုံးသုံးစွဲမှု အားနည်းနေဆဲ



အမျိုးသား အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့
WHO တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ
HIV ပိုးကူးစက်မှုနှုန်းအား
စစ်တမ်းကောက်၍ ပြန်လည်သုံးသပ်ကြည့်ရာ၊ လွန်ခဲ့သော၂၀၀၂-၂၀၀၃
ခုနှစ်ကူးစက်မှုနှုန်းထက် ကျဆင်းသွားပြီး၊ ကူးစက်မှု၏ ၆၅ရာခိုင်နှုန်းနှင့်
အထက်မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ကူးစက်မှု အများဆုံး ဖြစ်ကြောင်း
NGO တစ်ခုဖြစ်သော World Vision Myanmar မှ ဆရာဝန်တစ်ဦးက ပြောသည်။

 

တစ်ကြိမ်တစ်ခါသာဆိုရင် ဘာမှဖြစ်မှာမဟုတ်ပါဘူးလေ ဆိုပြီး ကူးစက်ခံရတဲ့သူ
တော်တော်များများက ထင်ခဲ့ကြတယ်။
မိမိရဲ့အဖော်နဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံ ကြတယ်။ ပြီးတော့ ကွန်
ဒုံး သုံးစွဲမှုလည်း အရမ်းကိုအားနည်း နေပါသေးတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ
HIV ကူးစက်ခံရတဲ့ နှုန်းဟာ အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းက အများဆုံး
ကူးစက် ခံရတာဖြစ်တယ်
ဟု
အထက်ပါ ဆရာဝန်ကပြောသည်။

 

ယင်းကွန်ဒုံး ၀ယ်ယူခြင်းအတွက် လူငယ်တစ်ဦးက သူ၏အတွေ့အကြုံ တစ်ခုကို
ယခုကဲ့သို့ပြောသည်။
ကွန်ဒုံးက လမ်းဘေး
ကွမ်းယာဆိုင်တွေက ရောင်းကြတာများတယ်။ ဈေးနှုန်းက တစ်ဘူးကို ဘယ်လောက်လဲဆိုတာ
သူတို့ ပြောတဲ့အပေါ်မှာ မူတည်နေတယ်။ ၀ယ်တဲ့သူတွေဟာ
ဘေးကိုလည်းကြည့်ပြီး အမြန်ဝယ်ရတယ်။ ကိုယ်ဝယ်ချင်ပေမယ့် ပတ်ဝန်းကျင်က ကွန်ဒုံးဝယ်ရင်ပဲ
ဘာလိုလို၊ ညာလိုလိုနဲ့ ကြည့်ချင်နေကြတယ်
ဟု ယင်းလူငယ်ကဆိုသည်။

 

၂၀၀၄-၂၀၀၅ ခုနှစ်များတွင် အမျိုးသား အေအိုင်တီအက်စ် ရောဂါ
ကာကွယ် တိုက်ဖျက်ရေးမှ ထုတ်ပြန်သော အစီအရင်ခံစာ များအရ မြန်မာနိုင်ငံတွင်
HIV ပိုး ကူးစက်ခံရသူ အရေအတွက်မှာ အသက် ၁၅နှစ်မှ ၄၉ နှစ်ကြား ၁.၂
ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ၂၀၀၇ခုနှစ် စစ်တမ်းအရ ၀.၆
(သို့) ၀.၇ ရာခိုင်နှုန်း ရှိကာ ကူးစက်မှုမှာ အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်လျှင်
လျော့ကျခဲ့ကြောင်း သိရသည်။

ကူးစက်ခံ ရသူများထဲတွင် အမျိုးသား ဦးရေမှာ အမျိုးသမီးထက် ပိုမိုလျက်ရှိပြီး၊
ဦးရေမှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ ယင်းကဲ့သို့ အတိအကျ သိရှိစေရန်အတွက်
သတ်မှတ်ထားသည့် လူအုပ်စုကြားထဲတွင် တစ်နှစ်လျှင် တစ်ကြိမ် သွေးဖောက်၍ စစ်ဆေးမှုများ
ပြုလုပ်ခဲ့သည်။ သတ်မှတ်ထားသည့် လူအုပ်စုမှာ ကိုယ်ဝန်ဆောင်သည်၊ ပြည့်တန်ဆာ၊
သွေးလှူရှင်၊ စစ်တပ်ထဲသို့ဝင်ခါစ လူငယ်များ၊ လိင်ဆက်ဆံခြင်းမှ ကူးစက်သောကျား၊ မအုပ်စုနှင့်
တီဘီရောဂါသည်များ ဖြစ်သည်။

 

၎င်းအုပ်စုထဲမှ သွေးဖောက် စစ်ဆေးခဲ့သော စစ်တမ်းများအရ မြန်မာနိုင်ငံ၏
ကူးစက်မှု ရာခိုင်နှုန်းအား သိရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဆရာဝန်က ထပ်လောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈-၈၉ ခုနှစ်တွ
င် ဆေးအကြောထဲသို့ ထိုးသွင်းသူများ သော်လည်း ယခုနောက်ပိုင်းတွင်အကာကွယ်မဲ့
လိင်ဆက်ဆံခြင်းမှ ကူးစက်မှုများ စစ်တမ်းကောက်ယူထားရာ ၆၅ ရာခိုင်နှုန်းထက်ပင်
ပိုမိုနိုင်ကြောင်း ထက်ပါဆရာဝန်က သုံးသပ်ပြောကြားသည်ဟု ၂၀၀၈ ခုနှစ် ဧပြီလ ၃ ရက်နေ့ထုတ်
7DayNews ဂျာနယ်တွင်ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top