သဲစုလှိုင်
ပန်းသတင်းဂျာနယ်
ရန်ကုန်( ၆၊၂၊၂၀၀၉ )
၂၀၀၇ နှစ်ခုနှစ်အထိ WHO နှင့် UNAIDS
တို့ ၏ခန့် မှန်းချက် စာရင်းများအရ ကမ္ဘာ ပေါ်တွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူပေါင်း ၃၃
သန်းခန့် ရှိကာ NAP နှင့် UNAIDS တို့ ၏တရားဝင် ခန့် မှန်းချက်များအရ မြန်မာ နိုင်ငံတွင်၂၄၀၀၀၀ ကျော်ခန့် ရောဂါ ကူးစက် ခံနေရကြောင်း သိရသည်။
အဆိုပါစာရင်းများအရ ကမ္ဘပေါ်တွင် အိတ်ချအိုင်ဗွီ
ကူးစက်ခံရပြီးနောက် အသက်ရှင်နေသူမှာ သန်း ၃၀ နှင့် ၃၆ကြားရှိနေကြောင်း ၂၀၀၇ ခုနှစ်အတွင်း
၂.၅ သန်းခန့် ရောဂါကူးစက်မှုခံခဲ့ရကြောင်း အများစုမှာ ဖွံ့ ဖြိုးဆဲ နိုင်ငံများမှာဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်အတွက်
လုပ်ဆောင်ဆောင်ပေးနေသော အဖွဲ့ အစည်း များစွာရှိသော်လည်း ဝေဒနာရှင်များကို ART ဆေးတိုက်ကျွေးပေးနေသော
အဖွဲ့ အစည်းမှာ မြန်မာနိုင်ငံတွင် အစိုးရအပါအ၀င် နှစ်ခုခန့် သာရှိနေကြောင်းနှင့် ဝေဒနာရှင်များကိုတိကျစွာ
လိုက်လံ စာရင်းကောက်၍ မရနိုင်ခြင်းကြောင့် Data အတိအကျမသိနိုင်ကြောင်း Myanmar
Business Coalition on AIDS (MBCA) မှ ဒေါက်တာ ဦးထွန်းလင်းဦးကပြောသည်။
“ကျတော်တို့ အဖွဲ့ အစည်းက အိတ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်
နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာအရ မြို့ နယ်၇မြို့ နယ်မှာProject တွေချပြီးလိုက်လံ ဆောင်ရွက်ပေးနေ ပါတယ်။ အဓိကဆောင်ရွက်ပေးတာ ကတော့ ဒီရောဂါနဲ
့ပတ်သက်တဲ့ အသိပညာဖြန့် ဝေပေးတာနဲ့ လူနာတွေအသက်ရှည်စွာနဲ့  ဘယ်လို နေထိုင်လို့ ရတယ်ဆိုတာ
အသိပေး တာပါ။ ကျတော်တို့ ဆောင်ရွက်ပေးနေတဲ့ နေရာတွေကတော့ အလုပ်ရှင် အလုပ်သမား၊မန်နေဂျာ၊ စတဲ့သူတွေကို ရောဂါမကူးစက်အောင်၊ကူးစက်ခံရသူကို
ဘယ်လိုကူညီဆောင်ရွက် ပေးမလဲဆိုတဲ့ အချက်တွေကို လိုက်လံပညာပေးပါတယ်။ ဒီလို ပညာပေးတာကို
ကြိုဆိုလက်ခံတဲ့ ဘယ်အလုပ်ရုံမဆို သွားရောက် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ “ ဟု (MBCA)မှ
Program manager ဒေါက်တာထွန်းလင်းဦးက ဆက်လက် ရှင်းပြသည်။
ကမ္ဘာ တစ်ဝန်းတွင် တရက်လျှင်လူပေါင်း ၇၄၀၀
ခန့် အိတ်အိုင်ဗွီ ပိုးကူးစက်ခံနေရကြောင်း ၉၉ % ကျော်မှာ ဖွံ့ ဖြိုးဆဲ နိုင်ငံများမှဖြစ်ကြောင်း
လူတသောင်းခန့် မှာ ၁၅ နှစ်အောက် လူငယ်များဖြစ်ပြီး ၆၃၀၀ အမှာ ၁၅ နှစ်အထက်များဖြစ်၍ အိတ်ခ်ျအိုင်ဗွီ
ပိုးကူးစက် ခံရသူများ၏ ထက်ဝက်မှာ အမျိုးသမီးများဖြစ်ကြောင်း အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသူမျး၏
၄၅%ခန့် မှာ အသက်၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များဖြစ်ကြောင်း WHO နှင့် UNAIDS ၏ထုတ်ပြန်ချက်များမှထပ်မံသိရှိရသည်။
ပန်းသတင်းဂျာနယ် ( ၆၊၂၊၂၀၀၉ )
မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရသူ ၂၄၀၀၀၀ ကျော်ရှိ




