မြန်မာနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၁၀၀၀၀ ကျော်မှာ အိတ်ခ်ျအိုင်ဗွီပိုး(အသစ်)
ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၀၉ ခုနှစ်တွင် အေအိုင်ဒီအက်(စ်) ရောဂါနှင့်
ဆက်စပ်နာမကျန်းမှုကြောင့် သေဆုံးသူ ၁၇၀၀၀ ခန့်ရှိခဲ့ကြောင်းနှင့် ကလေး၊
လူကြီးအပါအ၀င် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ နှင့် အေအိုင်ဒီအက်(စ်) ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၃၈၀၀၀
ဦးခန့်ရှိကြောင်း သိရသည်။
အလွန်သေးငယ်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သည့်
အိတ်ခ်ျအိုင်ဗွီပိုးသည် လူ့ခန္ဓာကိုယ်ထဲကို အဓိက နည်းလမ်းသုံးမျိုးဖြင့် ၀င်ရောက်ပြီး ၎င်းတို့မှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ
တစ်ဆင့်၊ အိတ်ခ်ျအိုင်ဗွီ ပါသည့် မသန့်ရှင်းသော သွေးမှတစ်ဆင့်
(သို့)အိတ်ခ်ျအိုင်ဗွီ ပါသည့် ဆေးထိုးပြွန်၊ ဆေးထိုးအပ်၊
ခွဲစိတ်ကိရိယာများမှတစ်ဆင့်၊ ရောဂါပိုးရှိသော မိခင်မှတစ်ဆင့် သန္ဓေသား၊ ကလေး သို့
ကူးစက်ခြင်းတို့ ဖြစ်ကြသည်။
"အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်(စ်)ပိုး ကူးစက် ၀င်ရောက်ခံရတယ်ဆိုတာ
တခြားသူတွေ ပြောနေကြသလို မကြာခင် အေအိုင်ဒီအက်(စ်) ရောဂါဖြစ်ပြီး သေဆုံးတော့မယ်ဆိုတာ မဟုတ်ပါဘူး။ အိတ်ခ်ျအိုင်ဗွီ
ကူးစက်ခံနေရတဲ့ လူတွေဟာလည်း တခြားသူတွေလိုပဲ ပျော်ရွှင်တဲ့ ဘ၀ကိုရနိုင်ပါတယ်။
အများအားဖြင့် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရတဲ့သူတွေဟာ ပိုးဝင်ရောက်ပြီး ငါးနှစ်က
၁၀ နှစ်အတွင်းသာလျှင် အေအိုင်ဒီအက်(စ်)ရောဂါ
အဆင့်ကိုရောက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မဆင်မခြင်နေမယ် ဆိုရင်တော့
ဒီထက်စောပြီး အေအိုင်ဒီအက်(စ်)
အဆင့်ကို ကူးပြောင်း သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်
ဆင်ဆင်ခြင်ခြင်နဲ့ ရှင်သန်လိုစိတ် ရှိခြင်းဟာ အသက်ရှည်ရှည်နဲ့ စိတ်ချမ်းချမ်းသာသာ နေသွားနိုင်ဖို့အတွက်
အရေးကြီးပါတယ်" ဟု အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်)
ကာကွယ်တိုက်ဖျက်ရေးတွင် ပါဝင် ဆောင်ရွက်နေသည့် ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုး
ကူးစက်ခံရသူကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။
Eleven Media Group -
မြန်မာနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၁၀၀၀၀ ကျော်မှာ
အိတ်ခ်ျအိုင်ဗွီပိုး (အသစ်) ကူးစက်ခံနေရ




