3
Jul

မြန်မာနိုင်ငံတွင် ART ဆေးလိုအပ်ချက်၏ ၂၀ရာခိုင်နှုန်းသာရ



မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီ၊
အေအိုင်ဒီအက်စ်နှင့်နေထိုင်သူ ၄၂ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၀၇ခုနှစ် ခန့်မှန်း
တွက်ချက်မှုများအရ လူပေါင်း ၂၄၀၀၀၀ ကျော်သည် အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်သူများဖြစ်ပြီး ယင်းအနက် သုံးပုံ နှစ်ပုံခန့်မှာ ၃၄နှစ်အောက်
အရွယ်များဖြစ်သည်။

 

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်း၍
၂၀၀၇ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော HIV/AIDS Projection and demographic
Impact Analysis Workshop အရ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ
ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်တွင် ၀.၉၄ ရာခိုင်နှုန်းမှ ၂၀၀၇ ခုနှစ်တွင်
ဝ.၆၇ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်းသိရသည်။ မြန်မာ ပြည်၏ ပထမဆုံး
အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ် ကူးစက်ခံရသူကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး
ပထမဆုံး အေအိုင်ဒီအက်စ်ဖြင့် နေထိုင်သူကို ၁၉၉၁ ခုနှစ်တွင် တွေ့ရှိခဲ့ရာ အဆိုပါ
လူနာမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသုံးစွဲသူဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ART ဆေကုထုံး လိုအပ်နေသော
ဝေဒနာရှင် အများစုမှာ ၇၅၀၀၀ ခန့် ရှိကြောင်းနှင့် ယင်းအနက် ၁၄၀၀၀ ခန့်သည် ART
ဆေးကုထုံးကို အစိုးရ ဆေးရုံများ၊ ပြည်တွင်း၊ ပြည်ပ လူမှုကူညီရေး အဖွဲ့အစည်းများ၏
ဆေးခန်းများမှတစ်ဆင့် ရလျက်ရှိကြောင်း သိရသည်။

Ref: Weekly Eleven 

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ်နှင့် နေထိုင်သူ ၄၂ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top