မြန်မာနိုင်ငံတွင် ART ဆေးဝါးထုတ်လုပ်ရန် အိန္ဒိယနိုင်ငံရှိ Cipla ဆေးကုမ္ပဏီက နည်းပညာများ ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဆေးကုမ္ပဏီ PD က နည်းပညာပံ့ပိုးမှုများ ကို ဆောင်ရွက် ပေးသွား မည်ဖြစ်သော်လည်း နိုင်ငံတော် အစိုးရနှင့်ပြည်တွင်း မှ စီးပွား ရေးလုပ်ငန်းရှင် များက ပူးပေါင်း ဆောင်ရွက်သွားမှသာ ပြည်တွင်း တွင် ART ဆေး ဝါးကိုထုတ်လုပ်နိုင် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများ အသင်းမှ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ဒီမိုက ရေစီတူဒေး သတင်းစာသို့ ဩဂုတ် ၅ ရက်က ထုတ်ဖော်ပြောသည်။
ART ဆေးဝါးကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ အိန္ဒိယမှာရှိတဲ့ Cipla ဆေး ကုမ္ပဏီကိုသွားရောက် ဆွေးနွေးတဲ့အခါမှာ နည်းပညာ ကူညီပံ့ပိုးပေးမယ် ပြောပါတယ်။ နိုင်ငံတော် အစိုးရက ထုတ်လုပ်ပေးဖို့ နံပါတ်တစ် ရည်ရွယ်ချက် ထားပါတယ်။ နိုင်ငံတော် အစိုးရက မထုတ်ဘူးဆိုမှသာ နိုင်ငံတော် အစိုးရရဲ့ ခွင့်ပြုချက်ရယူပြီး စီးပွားရေး လုပ်ငန်းရှင်တွေကနေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအတွက်ပြည်တွင်း စီးပွား ရေး လုပ်ငန်းရှင်တွေ ကိုလိုက်လံစည်း ရုံးနေတဲ့အခါမှာ ရှမ်းပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ ART ဆေးဝါးကို အမြတ်မရ ရင်တောင် အရင်းပြန်ရရင်ထုတ်ပေး ချင်တယ်လို့ပြောတယ်'' ဟု Myanmar Positive Group (MPG) မှဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အစိုးရနှင့်ပြည်တွင်း၊ပြည်ပ အင်ဂျီအိုများက ART ဆေးဝါးထောက်ပံ့ ထားသူ ၆၇၀၀ဝ ကျော်ရှိပြီး ART ဆေးဝါးကို ပြင်ပမှ ဝယ်ယူသုံးစွဲသူ ၃၀၀၀ဝခန့်ရှိနေသောကြောင့် ART ဆေးဝါးကို လူပေါင်းတစ်သိန်းနီးပါး သုံးစွဲလျက်ရှိကြောင်း သိရသည်။
ယင်းပြင် အိတ်ခ်ျအိုင်ဗွီပိုးရှိ မရှိစစ်ဆေးခြင်းမရှိသောသူများ အနေဖြင့်လည်း မိမိတွင်အိတ်ခ်ျအိုင်ဗွီ ပိုးရှိကြောင်း သိလာသည့်အခါတွင် ART ဆေးဝါးကို ဝယ်ယူသုံးစွဲလာ နိုင်သဖြင့် မြန်မာနိုင်ငံတွင် ART ဆေးဝါးထုတ်လုပ်ရန် လုံလောက်သည့် ဝယ်လိုအားလည်း ရှိလာနိုင်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။
''ကိုယ့်နိုင်ငံမှာပဲ ART ဆေး ဝါးကို ထုတ်လုပ်နိုင်ရင်သိပ်ကောင်း ပါတယ်။ ချင်းပြည်နယ်မှာ နေတဲ့သူ တွေဆိုရင် ကလေးကနေ ART ဆေးဝါးကို အိန္ဒိယအထိတောင် သွားထုတ်ရတာတွေ ရှိတယ်။ အစိုးရနဲ့ ပြည် တွင်းပြည်ပ အဖွဲ့အစည်းတွေက ART ဆေးဝါးတွေ ကို ထောက်ပံ့ပေး နေတယ်ဆိုပေမယ့်လည်း မြို့ကြီး တွေမှာပဲ ထုတ်ပေးတာဆိုတော့လက် လှမ်းမမီတာတွေကလည်း ရှိနေ သေးတယ်'' ဟု Myanmar Positive Women Network(MPWN) မှ ဘဏ္ဍာရေးမှူးဒေါ်ချောစု လတ်က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၁၉၈၀၀၀ ခန့်ရှိကြောင်း သိရပြီး ၎င်းတို့အနက် ကိုယ်ခံစွမ်းအား CD4 Count 350 အောက် မရောက်သေးသည့် သူများမှာ ကိုယ်ခံစွမ်းအားကျဆင်းလာသည့် အချိန်တွင် ART ဆေးဝါးများကိုသုံး စွဲရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဩဂုတ် ၆
Yangon Media Group - မြန်မာနိုင်ငံတွင် ART ဆေးဝါးထုတ်လုပ်ရန် အိန္ဒိယနိုင်ငံက နည်းပညာပိုင်း ကူညီမည်




