23
Jul

မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာခြင်းမှာ လူထု၏ ကျန်းမာရေး ဗဟုသုတ..





မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ
ဖြစ်ပွားနှုန်း လျော့ကျလာခြင်းမှာ လူထု၏ ကျန်းမာရေး ဗဟုသုတ မြင့်မားလာခြင်းကြောင့်
ဟုဆို




HIV/AIDS ရောဂါဖြစ်ပွားမှု ကျဆင်းနေခြင်းမှာ
ပြည်သူလူထုအနေဖြင့် ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာ ဗဟုသုတများ ယခင်ကထက်
ပိုမို များပြားလာခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာ ဦးမျိုးသန့်က ပြောသည်။

ပြည်သူလူထုအနေဖြင့် ရောဂါကူးစက် ခံရနိုင်သည့်
နည်းလမ်းများ၊ ကာကွယ်ရမည့် အသိပညာ ပိုမိုသိရှိလာပြီး ဆင်ခြင်လာသည့်အတွက် လွန်ခဲ့သော
နှစ်များနှင့် ယှဉ်လျှင် ရောဂါဖြစ်ပွားနှုန်း တဖြည်းဖြည်း ကျဆင်းနေကြောင်း HIV
နှင့် ကာလသားရောဂါ အထူးကု ဆရာဝန် ဒေါက်တာမျိုးသန့် ကပြောသည်။ “လွန်ခဲ့တဲ့ ၁၀ နှစ်လောက်နဲ့
ယှဉ်ရင် ကူးစက်နှုန်းက တော်တော့်ကို ကျဆင်းသွားတယ်။ ဒီလိုပဲ ဆက်ဆင်ခြင်မယ်ဆိုရင်
တစ်နှစ်ထက်တစ်နှစ် ပိုနည်းသွားမှာပါ” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

မြန်မာနိုင်ငံတွင် HIV/AIDS
ရောဂါဖြစ်နှုန်း ၂၀၀၇ ခုနှစ်က ၀ ဒဿမ ၆၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ဝ
ဒဿမ ၆၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း နိုင်ငံပိုင် သတင်းစာများတွင်
ဖော်ပြထားသည်။

HIV/AIDS ရောဂါသည် ပြင်ပနှင့်
ဆက်ဆံမှု အခွင့်အလမ်းများသည့် အသက် ၁၅ နှစ်မှ ၄၉ နှစ် အရွယ်များတွင် အဖြစ်များကြလေ့
ရှိကြောင်း သိရသည်။

HIV/AIDS ရောဂါနှင့် ပတ်သက်၍
ကုသရေး၊ ကာကွယ်ရေး၊ ပညာပေးရေး လုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၁ ရပ်ကို သက်ဆိုင်ရာ
အဖွဲ့အစည်းများမှ ဆောင်ရွက်နေပြီး လူထု အနေဖြင့်လည်း မိမိ၏ အပြုအမူကို
ဆင်ခြင်ထိန်းသိမ်းခြင်း၊ တစ်ပါးသူကို မကူးစက်နိုင်ရန် ဆင်ခြင်ခြင်းများ ဆောင်ရွက်၍
ကူးစက်မှု မရှိစေရန် သတိထားသင့်ကြောင်း သိရသည်။




“အရင်တုန်းက လူတွေက HIV ရောဂါ
ဖြစ်ပွားနေသူတွေကို ကုရာနတ္တိ ဆေးမရှိတဲ့ ရောဂါ၊ စာရိတ္တမကောင်းလို့ ဖြစ်တဲ့
ရောဂါဆိုပြီး ၀ိုင်းပစ်ပယ် ထားကြတယ်။ အဲဒီမှာ ရောဂါပိုးတွေ ပိုကူးစက်တာတွေ
ဖြစ်ကုန်တယ်။ ဒါကြောင့် ရောဂါဖြစ်ပွားသူကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ပဲ သူတို့က
တဆင့် တခြားသူကို ထပ်မကူးစက်နိုင်အောင် ဖေးမပြီး ကာကွယ်ရမဲ့ နည်းလမ်းတွေ၊
ဆင်ခြင်ရမဲ့ အခြေအနေတွေကို အသိပေးပြီး သူတို့ကို ဖေးမသင့်ပါတယ်” ဟု တောင်ဥက္ကလာပ
မြို့နယ်တွင် ကျင်းပသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ရတနာ့မေတ္တာ
ဖောင်ဒေးရှင်းမှာ ဦးမြင့်ဆွေက ပြောသည်။

ဝတ်ရည်

July 8, 2010 (Vol.9,
No.16)

7 DAY NEWS
- မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ဖြစ်ပွားနှုန်း လျော့ကျလာခြင်းမှာ လူထု၏
ကျန်းမာရေး ဗဟုသုတ မြင့်မားလာခြင်းကြောင့် ဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top