6
Dec

မြန်မာနိုင်ငံတွင် HIV/AIDS ဖြင့်နေထိုင်သူ၂၄၀၀၀၀ဦး ဆက်စပ်ရောဂါကြောင့် သေဆုံးသူ ၂၅၀၀၀ရှိ



ရောဂါဖြစ်ပွားသူ
စုစုပေါင်း၂၄၀၀၀၀ဦး ခန့်ရှိပြီး အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီ အက်စ်နှင့်ဆက်စပ် ရောဂါကြောင့်
နှစ်စဉ်သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။ မြန်မာနိုင်ငံ၏
အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးသည်  အောင်မြင်မှု
လုံးဝရနေသည်ဟုမဆိုနိုင် သေးသော်လည်း သူ့အတိုင်းအတာ နှင့်သူတော့ အောင်မြင်မှု ရနေသည်။

ဥပမာ-
ပြီးခဲ့သော နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၀၈ ခုနှစ်၌ ရန်ပုံငွေ ပိုမိုသုံးစွဲနိုင်ခဲ့သည်။
ယင်းကြောင့် လိင်လုပ်သားများအတွက် ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။
ကာကွယ် တိုက်ဖျက်ရေး ဆောင်ရွက်နေသူ အားလုံးက လိင်လုပ်သားများ မှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီပိုးပျံနှံ့မှုကို
ကာကွယ်ရေးသည် အရေးကြီးသည်ဟု ယူဆထားသည်။ ၂၀၀၈ ခုနှစ်တွင် ကွန်ဒုံး ၃၄ သန်းကို တစ်နိုင်ငံလုံး၌
အခမဲ့ရော လူမှုဝန်ဆောင်မှု အရပါ ဖြန့်ဖြူး နိုင်ခဲ့သည်။

အထူးခြားဆုံးကတော့
အိတ်ခ်ျအိုင်ဗွီပိုးနှင့် နေထိုင်နေရသူများ၏ အဖွဲ့ငယ်များ တိုးပွားလာသည်ကို တွေ့ရခြင်းဖြစ်ပြီး
၎င်းတို့သည် အချင်းချင်း စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်း၊ လိုအပ်သည်များ ကူညီ ခြင်းတို့ကို
ဆောင်ရွက်လျက်ရှိသည်။

သို့ပေမယ့်
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ပွားသူအများစုမှာ အသက် ၃၄ နှစ်အောက်များ
ဖြစ်ကြသော်လည်း ၂၀၀၈ ခုနှစ်တွင် လူငယ်များအတွက် အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေး
ရန်ပုံငွေရရှိမှုမှာ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့သည်။

နောက်ပြီး
ရောဂါရှိသူများအား ခွဲခြားဆက်ဆံမှုများ လျော့နည်းသွားရေးကိုလည်း အရှိန်မြှင့် ဆောင်ရွက်ရန်
လိုနေသေးသည်။ လိုအပ်နေသည်ကိုလည်း စစ်တမ်းတွေက ဖော်ပြနေသည်။

ထို့ကြောင့်လည်း
ဒီဇင်ဘာလ ၁ ရက်နေ့တွင်ကျရောက်သည့်  ကမ္ဘာ့ ခုခံအားကျဆင်းမှု
ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ၏ ဆောင်ပုဒ်မှာ ''အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့
ခွဲခြားမှုကို ရှောင်ကြဉ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့'' ဟူ၍ ဖြစ်သည်။

အဆိုပါနေ့၌
အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အထိမ်းအမှတ် ဟောပြောပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ဖက်ရှင်ရှိုးများ၊
ပြဇာတ်များ ပါဝင်သည်ဟု စီစဉ်သူများထံမှ သိရသည်။

ယင်းကဲ့သို့
ဆောင်ရွက်ခြင်း ဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ကို ပြည်သူအများ သိရှိနားလည်မှု
ပိုမိုလာနိုင်မည်ဖြစ်သလို ရောဂါဖြစ်ပွားနေသူများအား ခွဲခြားဆက်ဆံမှုလည်း လျော့နည်းသွား
နိုင်ကြောင်း စီစဉ်သူများက ယူဆထားသည်။

ကျန်းမာရေး
ဝန်ကြီးဌာနက အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ ထုတ်ပြန်သော ၂၀၀၈ ခုနှစ်
အစီရင်ခံစာအရ လက်ရှိ ART ရရှိသူဦးရေမှာ တကယ်လိုအပ်သူ၏ ငါးပုံတစ်ပုံသာ ရှိသည်။ ယင်းမှာ
လိုအပ်သူ ၇၅၅၃၇ အနက် ၁၅၁၉၁ သာ ရရှိသေးကြောင်းကို ကိုယ်စားပြုနေသည်။ ဒါသည် ART ထောက်ပံ့မှု
ပိုင်း၌ ရန်ပုံငွေ အများအပြား လိုအပ်နေဆဲဖြစ်သည်ကို မီးမောင်း ထိုးပြနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရက
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေးအတွက် ကျပ် ၁၄၈၈ သန်း သုံးစွဲသည်ဟု
သိရသည်။

ယင်း
ငွေပမာဏ၏ ၆၅ ရာခိုင် နှုန်းကို အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ၂၀ ရာခိုင်နှုန်းကို ကုသရေးနှင့်
၁၅ ရာခိုင်နှုန်းကို စီမံချက် စီမံခန့်ခွဲမှု၌ အသုံးပြုသည်ဟု ကျန်းမာရေး ၀န်ကြီးဌာနက
ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်
၂၀၀၈ ခုနှစ် ၌ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ် တိုက်ဖျက်ရေးအတွက် ရန်ပုံငွေ
အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃ သန်း ရရှိခဲ့ပြီး အမှန်တကယ် လိုအပ်မှု၏ ၃၈ ရာခိုင်နှုန်း လျော့
နည်းရရှိခဲ့ခြင်း ဖြစ်သည်။ စီမံချက် လိုအပ်မှုကတော့ အမေရိကန်ဒေါ် လာ ၅၀ ဒသမ ၇ သန်း ဖြစ်သည်။

ယင်းရရှိငွေများ၏
၄၁ ရာခိုင်နှုန်းကို ကာကွယ်ရေး၊ ၄၇ ရာခိုင် နှုန်းကို ကုသရေးနှင့် ပြုစုစောင့် ရှောက်ရေး၊
ကျန်ရာခိုင်နှုန်းကို ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်ရေး၊ စောင့်ကြည့် လေ့လာမှုနှင့်
သုံးသပ်မှုတို့တွင် အသုံးပြုခဲ့သည်ဟု သိရပါ သည်။

မြန်မာနိုင်ငံ၏
ပထမဆုံး အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူကို ၁၉၈၈ ခုနှစ်၌ စတင်တွေ့ရှိခဲ့
ပြီး ပထမဆုံး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ
၁၉၉၁ ခုနှစ်တွင် တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗွီ ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၅ ရာခိုင်နှုန်းမှ ၂၀၀၇
ခုနှစ် တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။

ကမ္ဘာပေါ်တွင်
နေ့စဉ် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၆၈၀၀ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့်
၅၇၀၀ ခန့် သေဆုံးနေကြောင်း၊ ကမ္ဘာတစ်ဝန်း အိတ်ခ်ျအိုင်ဗွီ ၊အေအိုင်ဒီ အက်စ်ရှိသူ ၃၃
သန်းခန့် ရှိကြောင်း၊ ၁၉၈၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အေအိုင်ဒီအက်စ် ရောဂါကြောင့်
လူပေါင်း ၂၅ သန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းများအရ
သိရသည်။

မြန်မာနိုင်ငံသည်
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်တိုက် ဖျက်ရေးအတွက် Global Fund ၏ အမေရိကန်ဒေါ်လာ
၅၁ သန်းကျော် ထောက်ပံ့မှုကို မကြာသေးမီက ပြန်လည်ရရှိခဲ့သည်။

စီမံခန့်ခွဲမှု
အသုံးစရိတ်များကို တတ်နိုင်သမျ လျော့ချနိုင်ရေးသည် မိမိကူညီမှုကြောင့်သာ အသက်ဆက် နိုင်မည့်သူများကို
ကူညီရာ ရောက်မည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။

ဘာပဲဖြစ်ဖြစ်
ဒီဇင်ဘာလ ၁ ရက်နေ့သည် အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို မေ့လျော့ နေသူများရော ဆောင်ရွက်နေသူများ
အတွက်ပါ လက်ရှိဆောင်ရွက်နေသည့်ထက် ထပ်တိုး ဆောင်ရွက်ရန် လိုအပ်နေသည် ကို သတိပေးသည့်နေ့တစ်နေ့
ဖြစ်ပါတော့သည်။

Weekly Eleven News -



မြန်မာနိုင်ငံတွင်
HIV/AIDS ဖြင့် နေထိုင်သူ စုစုပေါင်း၂၄၀၀၀၀ ဦးခန့်ရှိ ဆက်စပ်ရောဂါကြောင့် သေဆုံးသူ
၂၅၀၀၀ ခန့်ရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top