10
Dec

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့အေ့စ် တိုက်ဖျက်ရေးနေ့

မြန်မာနိုင်ငံမှာ အေ့စ် တိုက်ဖျက်ရေး ဘယ်လို တိုးတက်မှု့တွေရှိလာပြီး၊ အဓိက ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်ပါသလဲ။

ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာ (၁) ရက်နေ့ ကမ္ဘာ့အေ့စ် (AIDS) တိုက်ဖျက်ရေးနေ့ ကျရောက်လာချိန်မှာ ကမ္ဘာ့နေရာအများအပြားမှာ ရောဂါဖြစ်နှုန်းနဲ့ သေနှုန်းကျဆင်းလာတဲ့ တိုးတက်မှု့ တွေရှိလာသလို မြန်မာနိုင်ငံမှာလည်း တိုးတက်မှု့တချို့  ရှိလာခဲ့တယ်လို့ မြန်မာ့ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။

အဓိက တိုးတက်ခဲ့မှု့ကတော့ ART လို့ အတိုခေါက်ခေါ်တဲ့ Anti-Retroviral Treatment ပိုပေးလာနိုင်တာ ဖြစ်ပါတယ်။ ဒီ ကုသမှု့ ခံယူနိုင်သူ အရင်ထက်ပိုများလာပြီး၊ ကုသမှု့က တဆင့် ကာကွယ်ရေးတွေ ပိုလုပ်လာနိုင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ကူးစက်မှု့ခံရတာ အများဆုံးဖြစ်တဲ့သူတွေကြားထဲမှာ အများစုက ဖြစ်နှုန်းကျလာတယ်လို့ အမျိုးသား အေ့စ် တိုက်ဖျက်ရေး အစီအစဉ်က ဆိုပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ အေ့စ် တိုက်ဖျက်ရေးနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Getting to Zero ရောဂါဖြစ်နှုန်းသေနှုန်းနဲ့ နှိမ်ချမှု့တွေ  လုံးဝကင်းစင် ပပျောက်ရေး ဖြစ်ဖို့ကတော့ အများပြောနေကြတဲ့ ငွေကြေးပြဿနာကို ဖြေရှင်းနိုင်တာ အပြင်၊ မြန်မာနိုင်ငံမှာ နောက် အဓိက ပြဿနာဖြစ်နေသေးတဲ့ HIV ပိုးရှိသူတွေနဲ့ အေ့စ် ရောဂါ ရှိနေသူတွေကို နှိမ်ချ ခွဲခြား ဆက်ဆံတာတွေကိုလည်း ပြုပြင်ပေးနိုင်ဖို့လိုပါတယ်။

ဒီလို နှိမ်ချခွဲခြားမှု့ ပြဿနာတွေ ဘာကြောင့် အဓိက ဆက်ဖြစ်နေရပြီး၊ ဘယ်လို အကျိုးဆက်၊ ဆိုးကျိုးတွေ ဖြစ်စေတာမို့ ဒီပြဿနာကို ဘယ်လို ပြုပြင်ပေးသင့်ပါလဲ။ နောက် ငွေကြေးပြဿနာကို ဖြေရှင်းနိုင်ဖို့ရော ဘယ်သူတွေက ဘာတွေလုပ်ပေးသင့်ပါသလဲ။

ကိုဝင်းမင်းက မြန်မာနိုင်ငံထဲမှာ အေ့စ် တိုက်ဖျက်ရေး လက်တွေ့ ဦးဆာင်လုပ်နေတဲ့ ပျိုးပင်အဖွဲ့က Program Manager ဒေါက်တာမျိုးလွင်နဲ့ နိုင်ငံတကာမှာ အေ့စ် ကျွမ်းကျင်သူ ပညာရှင် မြန်မာဆရာဝန် ဒေါက်တာမြတ်ထူးရာဇတ် တို့ကို မေးမြန်း တင်ပြထားသော အသံဖိုင်ကို  ပြန်လည်းရေးသားတင်ပြထားပါသည်။

" မြန်မာနိုင်ငံထဲမှာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ကုလသမဂ္ဂနဲ့ ညှိနှိုင်းဆောက်ရွက်နေတဲ့ ပျိုးပင် အဖွဲ့က လုပ်ငန်းအစီအစဉ်ဆိုင်ရာ ဒုမန်နေဂျာ ဒေါက်တာမျိုးလွင်က နိုင်ငံတွင်းမှာ လူထုအဖွဲ့အစည်းတွေ ပါဝင်မှု ပိုများလာတယ် ဒါပေမယ့် လုံလောက်မှုတော့ မရှိသေးဘူး...ရှေ့မှာ အရှိန်မြှင့်လုပ်ဖို့ လိုတယ်...အရှိန်မြှင့် မလုပ်နိုင်ရင်တော့ နောက်ပြန် လှည့်သွားမှာ စိုးရိမ်းနေရသေးတယ်လို့ ဆိုပါတယ်....

အရင်ကနဲ့စာရင် ကာကွယ်ရေးလုပ်ငန်းတွေလည်း ပိုလုပ်လာတယ်..ကုသရေးလုပ်ငန်းတွေလည်း ပိုလုပ်လာနိုင်တယ်..အေ့စ်ဖြစ်တဲ့သူတွေလည်း ပိုများလာနေတယ်လေ... အဲဒါတွေ ပိုလာတော့သေချာတယ်.. ဒါပေမယ့် အဲဒါနဲ့ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးဘူး.. ဒီကောင်တွေရဲ့ အကျိုးဆက်ကတော့ ရလဒ်ကောင်းတွေ ရလာတာကိုတော့ တွေ့ရ တယ်..အရင်က အေအာတီ မရှိခင်တုံးကဆိုရင် ရောဂါ ရှိတဲ့လူ တော်တော်များများက  သူမှာ ရောဂါရှိတယ်လို့ ပြောရမှာကို အရမ်းကို ရှက်လည်းရှက်တယ် ကြောက်လည်းကြောက် ကြတယ်..နောက်တခုက ပြောတော့ရော ဘာထူးမှာလည်း ဆိုတဲ့ အနေအထားကနေ အခုဘာပဲဖြစ်ဖြစ် ငါမှာ ရောဂါရှိမှန်းသိရင် ဆေးစောစောကုရင် ငါ့အတွက် အသက်တော်တော် ရှည်အောင် လုပ်နိုင်တယ်ဆိုတဲ့ အေအာတီကြောင့် လူတော်တော်များများက အပြင်ကို ထွက်လာကြတယ်..

ထွက်လာတဲ့အခါကြတော့ သူတို့ကိုဆေးပေးရင်နဲ့ တခါတည်း conselling လုပ်တဲ့အခါ သူတို့ကတဆင် တခြားသူတွေကို မကူးအောင် ကာကွယ်တဲ့လုပ်ငန်းတွေမှာ တော်တော် များများ ပါဝင်လုပ်ဆောင်လာတော့ အေအာတီရဲ့ အကျိုးသက်ရောက်မှုက တော်တော်လေး သိသာတယ်.....

မြန်မာနိုင်ငံ အမျိုးသား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အစီအစဉ်ရဲ့ ဒီနှစ်ထုတ်ပြန်ချက်အရ ၂၀၀၆ နှစ်ထဲမှာ အေအာတီဆေး ရရှိသူ ၅ ၅၀၀ ကျော်ပဲ ရှိရာကနေ ၂၀၁၀ နှစ်ကုန် ပိုင်းမှာ ၃၀ ၀၀၀ အထိရှိလာတယ်လို့ ဆိုတာပါတယ်..ဒါပေမယ့် ဒေါက်တာမျိုးလွင်ကတော့ ခန့်မှန်းခြေ ဆေးလိုအပ်သူရဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ ဖြည့်စီးပေး နိုင်သေးတယ်လို့ ထောက်ပြလိုက်ပါတယ်....

ဒီအမျိုးသား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အစီအစဉ်ရဲ့ ထုန်ပြန်ချက်ထဲမှာပဲ လိင်အလုပ်သမားတွေထဲမှာလည်း ၂၀၀၆ ခုနှစ်ထဲမှာ ၃၀ ရာခိုင်နှုန်းကျော် ဒီရောဂါပိုး ရှိခဲ့ရာကနေ ၂၀၁၁ မှာ ၉ ရာခိုင်နှုန်းလျော့ကျ လာတယ်.. လိင်တူဆက်ဆံတဲ့ အမျိုးသားတွေထဲမှာ ဒီရောဂါ ရှိမှုဟာ ၂၀၀၇ ခုနှစ်မှာ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခု ၁၁ ရာခိုင်းနှုန်းအထိ လျော့ကျလာတယ်...ဒါပေမယ့် မူးယစ်ဆေးထိုးသူတွေထဲမှာတော့ ကျဆင်းမှုမရှိသေးဘူးလို့ ဆိုထားပါတယ်...

အခုလို တိုးတက်မှုတွေ ရှိလာပေမယ့် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဒီအေအိုင်ဒီအက်စ် ရောဂါ ကင်းဆင်ရေး ပြည့်မှီအောင် လုပ်ရာမှာ အများပြောနေကျတဲ့ ငွေကြေးလုံလောက်မှု ပြဿနာအပြင် ခွဲခြားနှိမ့်ချ ဆက်ဆံမှုဟာ အဓိက အတားအဆီးကြီး တခုဖြစ်နေသေးတယ်..ဒီခွဲခြားနှိမ့်ချ ဆက်ဆံမှု အတားအဆီးကို ကျော်လွှားနိုင်ဖို့ ကြိုးစားရာမှာ အားလုံးက အမြင်မမှားပဲ အမြင်ကျယ်ကျယ်ရှိလာအောင် ပညာပေးတာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုတယ်လို့ ဒေါက်တာမျိုးလွင်က ထောက်ပြသွားပါတယ်...

အဆိုးဆုံးပြသနာက ဒီခွဲခြားနှိမ့်ချဆက်ဆံတာတွေ ရှိနေသေးသမျှ ဒီအောင်မြင်မှုကို ရဖို့ မလွယ်ဘူးလေ..HIV ရှိတဲ့ လူတိုင်းကို ကျွန်တော်တို့က ဒီဘာသာရေး အယူအဆအရ ယဉ်ကျေးမှု အယူအဆအရ မကောင်းတဲ့သူတွေရယ်ဆိုတဲ့ အတွေးက ရှိနေသေးတာကို..အဲဒီတော့ ကျွန်တော်တို့က အဲဒါတွေ ပပျောက်အောင် လုပ်ပေးရမယ်.. လူတွေကြားထဲ HIV ဆိုတာ မကောင်းတာလုပ်လို့ ဖြစ်တာ မဟုတ်ဘူး...လူတယောက်ဟာ မကောင်းတာကို လုပ်ချင်လို့ လုပ်ကြတာမဟုတ်ဘူးပေါ့..သူရဲ့ သဘာဝ ပတ်ဝန်ကျင် အခြေအနေပေါ် မူတည်ပြီးတော့ တချို့လည်း ဝမ်းစာအတွက် အလုပ်လုပ်ကြရတာ ရှိတယ်.... အဲလိုလုပ်ရင်းနဲ့ ဖြစ်သွား ကြတာလည်းရှိတယ်...

ကျွန်တော်တို့ အမြင်ကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာကို စဉ်းစားစရာမလိုဘူး..ရောဂါဖြစ်ပြီးတဲ့ သူကို ဘယ်လိုကူညီကြမလဲ.. သူကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘယ်လိုပေးမလဲ..အဲဒီ အသိပညာရသွားအောင် လူတွေကြားထဲမှာ တော်တော်လေးကို လုပ်ပေးရပါအုံးမယ်....

အခုလို ခွဲခြားနှိမ့်ချ ဆက်ဆံမှုကြောင့် ဖြစ်လာရတဲ့ ရှက်တာအပြင် ကုသဆေး ရှိမှန်းမသိတာကြောင့် မသေသင့်ပဲ သေခဲ့ရတဲ့သူတွေ ရှိနေတယ်..ဒါပေမယ့်  အရင်ထက်တော့ အခုလို မသိလို့ သေရတာနည်းလာပြီး ရှက်နေသေးတယ်ဆိုရင်တောင် အသက်ကို ဦးစားပေးလာတာတွေ စများလာနေပြီလို့ ဒေါက်တာမျိုးလွင်က ဆက်ပြောပါတယ်....

တချို့နေရာမှာဆိုရင်လည်း အဲလိုပေါ့လေ ဒီအေအာတီဆိုတာ ရှိမှန်းကို မသိတာအခါကျတော့ မိသားစုတွေ ကိုယ်တိုင်ကကို ရှက်ပြီးတော့ သားသမီးတွေကို အိမ်ထဲမှာပဲ ဖွက်ပြီးတော့ကို ဒီအတိုင်းပဲ ထားပြီး သေသွားတဲ့သူတွေ အများကြီးရှိတယ်....အခုကျတော့ ရှက်ပေမယ့်လည်း ငါ့အသက်တော့ သူတို့ကို ပြောမှပဲ ငါဆေးရမှာပဲ ...အဲတော့ တချို့ မိသားစု ရှိတာကို မိန်းမ၊ ကလေးတွေရှိမယ်.. အဲဒီအတွက် အရှက်ကို ဘေးဖယ်ပြီး အသက်ကို ကယ်ရမှာပဲလေ...

နိုင်ငံတကာဘက်မှာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်တွေ့လုပ်နေတဲ့ မြန်မာအေအိုင်ဒီအက်စ် ပညာရှင် ဒေါက်တာမြတ်ထူး ကလည်း အခုလို ခွဲခြားနှိမ့်ချ ဆက်ဆံတာ မဖြစ်သင့်ဘူး.. လိင်အလုပ်သမားတွေက လုပ်ချင်လို့ လုပ်ရတာမဟုတ်ဘူး..ငွေလိုလို့ လုပ်ရတာဖြစ်တယ်.. မူးယစ်ဆေး သုံးသူတွေကလည်း စိတ်လေပြီး ဖြစ်ခဲ့ရတာများတယ်.. သူတို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာ မသိလို့ ရောဂါကူးဆက်ခံခဲ့ ရတာ ဖြစ်တယ်.. ကိုယ်ချင်းစာ နားလည်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်....ဒါအပြင် ဒေါက်တာမြတ်ထူးကပဲ အခုလို နားလည်မပေးပဲ ခွဲခြားနှိမ့်ချ ဆက်ဆံလိုက်တာကြောင့် ဆိုးကျိုးဖြစ်လာနိုင်တာကိုလည်း အခုလို သတိပေးပြောကြားလိုက်ပါတယ်... "

သူမှာ..ကျွန်တော်မှာ HIV ပိုး အလားအလာရှိပေမယ့် ကျွန်တော် ဘာမြင်လာလည်း ဆိုတော့.. HIV ရောဂါဖြစ်တဲ့ လူတွေကို ဝိုင်းနိမ့်ကျတယ်..ခွဲခြားကျတယ်ဆိုရင် ကျွန်တော် HIV စစ်ဆေးမှုကို မလုပ်ချင်တော့ဘူး.. ဘာကြောင့်လည်းဆိုတော့ ကျွန်တော် HIV ဖြစ်နေတယ် ရှိနေတယ်ဆိုတာ သိရင် အားလုံးက ကျွန်တော့်ကို နှိမ့်ချဆက်ဆံခံရမှာတွေ မြင်လာတယ်...အဲကျတော့ HIV စစ်ဆေးမှုကို မလုပ်တော့ဘူး..

ဒါပေမယ့် တချိန်တည်းမှာပဲ HIV ကူးဆက်နိုင်တဲ့ အခြေအတွေကိုတော့ လုပ်နေမှာပဲ..အဲဒီတော့ အကယ်လို့သာ လူတိုင်းက နှိမ့်ချဆက်ဆံမှု မရှိဘူးဆိုရင် ကျွန်တော် တကယ် လို့သာ HIV သွားစစ်ခဲ့တယ်ဆိုရင် HIV ရှိလည်းပဲ လုံးဝကောင်းကောင်းမွန်မွန် ဆက်ဆံမှာပဲ...အဲဒါဆိုရင် ဘာဖြစ်လိုက်လဲဆိုတော့.. ကျွန်တော်စစ်လိုက်ခြင်း အားဖြင့် ကျွန်တော်မှာ HIV ပိုးရှိတယ်ဆိုရင် ကျွန်တော်အနေနဲ့ ကုသမှုကို ရှာသွားလို့ ရတာပေါ့... အဲလိုမဟုတ်ပဲ ကျွန်တော်သာ HIV ပိုးရှိရင် ဟာ အလုပ်ကဖြုတ်မယ်..လူတွေက ဝိုင်းပြီး နှိမ့်ချဆက်ဆံ ကြမယ်ဆိုရင် ကျွန်တော် HIV စစ်ဆေးမှုကို မလုပ်တော့ပါဘူး.... အဲဒီတော့ ခွဲခြားဆက်ဆံခြင်းသည် ကာကွယ်ရေးအတွက်လည်း မကောင်းဘူး.. ကုသရေးအတွက်လည်းမကောင်းဘူး.. တိုင်းပြည်အတွက်လည်း မကောင်းဘူး.. အားလုံးအတွက် အန္တရာယ် ရှိတယ်..

ဒေါက်တာမျိုးလွင်ကတော့ ဒီလို နှိမ့်ချ ခွဲခြားဆက်ဆံတာ မရှိအောင် ပညာပေးရာမှာ လူတွေ လွတ်လွတ်လပ်လပ် ဆွေးနွေး ညှင်းခုံနိုင်ဖို့ ဖန်တီခွင့်ပြုတာဟာဖြင့် သတင်းမီဒီယာ တွေရဲ့ ဝိုင်းဝန်ကူညီတာလည်း လိုအပ်တယ်လို့ ထောက်ပြပါတယ်..ဒေါက်တာမျိုးလွင်ကပဲ ကာကွယ်ရေးလုပ်ရာမှာ မြန်မာနိုင်ငံထဲမှာ နောက် အဓိက ပြဿနာတခုဖြစ်တဲ့ အမျိုးသားတွေ တချို့ ကွန်ဒုံ မသုံးတာကို ကျော်လွှာနိုင်ဖို့ အမျိုးသမီးတွေ အနေနဲ့ ကွန်ဒုံသုံးသင့်တယ်လို့ အကြံပေးလိုက်ပါတယ်...

ဒါအပြင် ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ဒါရိုက်တာ မစ်ရှာ စီရီဘဲလ် ကလည်း နောက်ထပ်နည်းသစ် တခုအနေနဲ့ အမျိုးသားလိင်တံ အရေးပြာဖြတ်တာကြောင့်လည်း HIV ပိုးကူးဆက်တာ ၆၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုလိုက်ပါတယ်... ဒါပေမယ့် ဒေါက်တာမြတ်ထူးကတော့ ဒီနည်းကို သုံးနိုင်ပေမယ့် ကွန်ဒုံကိုလည်း ဆက်ပြီး တွဲသုံးဖို့ လိုတယ်လို့ အကြံပြုပါတယ်...

အခုလို ကာကွယ်နည်း အသစ်တွေ အပြင် မိခင်ကနေ ကူးဆက်ခံရတဲ့ ကလေးငယ်တွေ အတွက်လည်း ဆေးသောက်ရလွယ်ကူးတဲ့ ကုသဆေးပေါင်းတွေကို အာဖရိကမှာ စသုံးနိုင်နေပါပြီ... အခုလို ကုသကာကွယ်မှုတွေ ပိုများလာပြီး ထိရောက်လာချိန်မှာ ကမ္ဘာ့ စီးပွားပျက်ကပ်ကြောင့် အလွဲသာ မရှောင်သာကြုံလာမယ့် နိုင်ငံတကာ ငွေကြေးကူညီမှု ပြဿနာတွေကို ရှင်းနိုင်ဖို့လည်း အရေးကြီးလာပါတယ်....

ဒေါက်တာမျိုးလွင်ကတော့ မြန်မာအစိုးရဘက်ကလည်း ပိုပြီး ငွေတွေ စိုက်ထုတ်ပေးသင့်တာအပြင် ပြည်တွင်းက အခြားအဖွဲ့အစည်းတွေကလည်း ဝိုင်းကူပြီး ငွေကြေးကုန်ကျမှု သက်သာအောင်လုပ်တဲ့ နည်းတွေထဲက တခုဖြစ်တဲ့ AIDS ရောဂါဖြစ်နေတဲ့ အသိုင်းအဝိုင်းကပဲ ဒီအေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလုပ်ငန်းမှာ ပိုမိုပါဝင် ကူညီပေးလာနိုင်အောင် ကြိုးစားသွားသင့်တယ်လို့ အကြံပြုလိုက်ပါတယ် ခင်များ........"

ဗွီအိုအေ - မြန်မာနိုင်ငံနဲ့ ကမ္ဘာ့အေ့စ် တိုက်ဖျက်ရေးနေ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top