အိန္ဒိယနိုင်ငံတွင် ၂၀၀၂ခုနှစ်က
HIV ရောဂါပိုးရှိသူ
ငါးသန်းရှိ၍ ၂၀၁၀ခုနှစ်တွင် ၂၅သန်းရှိလာပြီး အခြားနိုင်ငံများထက်
ပိုမိုများပြားမည်ဟု လေ့လာချက်အရ သိရသည်။
ဘိန်းဖြူအပါအဝင်
မြန်မာနိုင်ငံကနေ မူးယစ်ဆေးဝါးတွေ အိန္ဒိယ အရှေ့မြောက် နယ်မြေအတွင်း ဝင်ရောက်
လာနေတဲ့အတွက် အရှေ့မြောက်ဒေသတွင်း HIV ကူးစက်ပြန့်နှံမှုကို ပိုမိုဖြစ်စေတယ်လို့ ကုလသမဂ္ဂရဲ့
အစီရင်ခံစာမှာ ပါရှိတာကို အိန္ဒိယ သတင်းတပုဒ်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ
နယ်စပ်တွေမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပေမယ့်လည်း မြန်မာနိုင်ငံနဲ့
နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူရ၊ မီဇိုရမ်နဲ့ နာဂလန်းပြည်နယ်တွေအတွင်း
မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါးတွေ ဝင်ရောက် လာနေတာကြောင့် ဒေသတွင်း လူငယ်တွေ
မူယစ်ဆေးဝါး သုံးစွဲနိုင်နေတာ ဖြစ်ကြောင်း မူးယစ်ဆေးရာဇဝတ်မှုနဲ့ အိန္ဒိယအစိုးရလို့
ခေါင်းစဉ်တပ်ထားတဲ့ ကမႝာ့ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မဏိပူရနဲ့ နာဂလန်း
ပြည်နယ်တွေအတွင်း မူးယစ်ဆေးဝါး ဆေးထိုးအပ်နဲ့ အကြောထဲသွင်း အသုံးပြုတဲ့
လူငယ်တွေအကြား HIV
ပြန့်နှံ့ကူးစက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာနယ်စပ်နဲ့ ပိုမိုနီးတဲ့
အခြားနိုင်ငံတွေက မြို့တွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ မြန်မာနယ်စပ်နဲ့ဝေးတဲ့
အိန္ဒိယအရှေ့မြောက်ဒေသတွေထက် အသုံးပြုတာ ပိုများကြောင်း အဲဒီ UNODC
ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယအရှေ့မြောက်ဒေသဟာ
မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို နယ်စပ် ရွှေတြိဂံနယ်နဲ့
ထိစပ်လျက်ရှိတာဖြစ်ပါတယ်။ ဒီရွှေတြိဂံက မူးယစ်ဆေးဝါးတွေကြောင့် နေ့စဉ် ဒေသတွင်းလူ ၃
သိန်းလောက်ဟာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး၊ ဒီပြဿနာဟာ HIV ကူးစက်တာရဲ့ အဓိကပြဿနာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိန္ဒိယတို့အကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အကြိမ်ကြိမ်
လက်မှတ်ထိုး ကတိကဝတ်ပြု ထားတာတွေရှိပါတယ်။ အစောဆုံး သဘောတူညီချက်တခုကတော့ ၁၉၉၃
ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ
မူးယစ်ဆေးဝါးများကြောင့် အိန္ဒိယမှာ HIVကူးစက်မှု ပိုမိုဖြစ်ပွား RFA




