Weekly Eleven Journals - No.46, Vol . 2
(29/8/2007)
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို
့အလုပ်သွားလုပ်သော မြန်မာနိုင်ငံသားအချို့  အလုပ်မ၀င်ခင် သွေးစစ်ရာမှ HIV
ဗိုင်းရပ်ပိုးနှင့် အခြားရောဂါများ တွေ့ ရှိရာမှ အလုပ်မရရှိဘဲ ဒုက္ခရောက်နေသည်ဟု
မလေးရှားရောက်မြန်မာများထံမှ စုံစမ်းသိရှိရပြီး HIV ပိုးရှိသူနှင့် အလုပ်အတူလုပ်၍
ရောဂါပိုးကူးရန် အခွင့်အလမ်း မရှိကြောင်း လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်း
ရောဂါပိုးကူးစက်စေသည့် ရောဂါပိုးပါသည့်သွေး၊ လိင်အင်္ဂါထွက် အရည်များ နှင့်ထိတွေ
့ကူးစက်ရန် အလွန်ခဲယဉ်းကြောင်း ဆေးပညာ လောကမှ ဆရာဝန်တစ်ဦး၏ ပြောပြချက်အရသိရသည်။
“အခုဒီရောက်လာတဲ့ မြန်မာတွေအလုပ်မ၀င်ခင်
ဆေးစစ်တော့ တချို့ က HIV ဗိုင်းရပ်ပိုးနဲ့  အခြားရောဂါတွေ တွေ့ လို့ အလုပ်မရဘဲ
ဒုက္ခရောက် နေကြတယ်။ ဒီအထဲမှာ မိန်းကလေးတွေလဲပါတယ်”ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် ကိုမျိုးမျိုးက ပြောသည်။
“ HIV ပိုးရှိတဲ့သူနဲ့  အလုပ်အတူလုပ်လို့ 
ရောဂါကူးဖို့ အခွင့်အလမ်းမရှိပါဘူး။ စက်ရုံ တစ်ခုတည်း၊ ရုံးဌာန၊ စာသင်ကျောင်း
တစ်ခုတည်းမှာ အလုပ်လုပ်ရင်း ရောဂါ မကူးနိုင်ပါဘူး၊ လုပ်ငန်းခွင်မှာအလုပ်လုပ်ရင်း
ပိုးပါတဲ့သွေး၊ လိအင်္ဂါထွက်အရည်တွေနဲ့  ထိတွေ့ ကူးစက်ဖို့ ဆိုတာအလွန် ခဲယဉ်းပါတယ်”
ဟုလုပ်ငန်းခွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
“ HIV ပိုးရှိသူကို ကိုယ့်အလုပ်မှာခန့် မယ် မခန်
့ဘူးဆိုတာ ကိုယ့်အလုပ်ကုမ္ပဏီရဲ့ ပေါ်လစီ ပေါ်မှာမူတည်ပါတယ်၊ သိရသလောက်ပြောရရင်
လှိုင်သာယာ စက်မှုဇုံမှာရှိတဲ့ တချို့ စက်ရုံတွေဆိုရင် HIV ပိုးရှိပေမဲ့
အလုပ်လုပ်နိုင်တဲ့သူတွေကို အလုပ်ဆက်ခန့် ထား တာတွေရှိပါတယ်”
ဟုယင်းကဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဆရာဝန်များအသင်း၏ HIV/AIDS
ပညာပေးရေးတာဝန်ခံ ဒေါက်တာမြင့်ဇော် က “ အဲဒီလို HIV တွေ့ လို့ အလုပ်မခန့် တာဟာ
HIV/AIDS နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိပညာ သူတို့ မှာမရှိလို့ ပါ၊ အဲဒီလို ဖြစ်တာဟာ
အသိပညာပေးမှု ပိုင်းမှာအားနည်းနေသေးလို့ ပါ။ အဓိက ကတော့ HIV ကူးစက်စေတဲ့နည်းလမ်း
မကူးစက်စေတဲ့နည်းလမ်း တွေကိုသိရပါမယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာဆိုရင်၊
ဒီလို မကူးစက်နိုင်တဲ့ နည်းလမ်းတွေ ဌာနတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ရုံနဲ့  HIV
ဗိုင်းရပ် မကူးစက်နိုင်ဘူး ဆိုတာကို စက်ရုံအလုပ်ရုံပိုင်ရှင် တွေနဲ့ 
မန်နေဂျာအစရှိတဲ့ တာဝန်ရှိသူ တွေသိဖို့ လိုအပ်ပါတယ်” ရှင်းလင်းပြောပြသည်။
“မရှိဘဲရှိတယ်ဆိုတဲ့၊ ရှိရဲ့သားနဲ့ မရှိဘူးဆိုတဲ့(false – positive)အဖြေမှားကြောင့်လား ဆိုရင် လူနဲ့ စစ်တဲ့ သွေးကရော မှန်ရဲ့လား
ဒါမှမဟုတ်ရင် ဟိုကိုမသွားခင်မှာ ဒီမှာ သွေးစစ် တော့ ဒီကဓါတ်ခွဲခန်းရဲ့ သုံးတဲ့ပစ္စည်း
စမ်းသပ်တဲ့လူကြောင့်လား၊ အမျိုးမျိုး ဖြစ်နိုင်ပါတယ်” ဟုအထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။
“ ကိုယ်ထဲရောဂါပိုးဝင်ခါစဆိုရင်
သွေးစစ်ရင်ချက်ချင်း မပေါ်ပါဘူး သုံးလလောက် စောင့်ရပါတယ် သွေးအဖြေဟာ
လွန်ခဲ့တဲ့သုံးလလောက်က အဖြေကိုပဲပြပါတယ်။ ဥပမာပြောရရင် ဇူလိုင်လ ၁ ရက်နေ
့မှာ သွေးအဖြေက ရောဂါပိုးမရှိဘူးလို့ ပြရင် အဓိပ္ပါယ်က မတ်ခ်ျလ ၃၁ ရက်နေ့ အထိ
ဒီလူမှာ ရောဂါပိုးမရှိဘူးလို့  ဆိုလိုပါတယ်။ ဧပြီလ၊မေ၊ဇွန် လတစ်လ
လမှာရောဂါပိုးရှိတဲ့လူနဲ့  လိင်ဆက်ဆံရင်၊ ရောဂါပိုးမသန့် စင်ထားတဲ့ဆေး
ထိုးအပ်ကိုသုံးခဲ့တာ၊ ရောဂါပိုးရှိတဲ့သွေးကိုသွင်းမိခဲ့ရင် ဇူလိုင်လ ၁ ရက်နေ့ မှာ သွေးစစ်လို့  မပေါ်နိုင်သေးပါဘူး” ဟု ယင်းက ဆက်လက်ပြောကြားခဲ့ပါ သေးသည်။
အကယ်၍ အလုပ်သမားတစ်ယောက်တွင် HIV ပိုးရှိနေပါက
အလုပ်ဆက်လုပ်ခွင့် ပေးသင့်မပေးသင့် ဆိုသည့်အချက်နှင့်ပတ်သက်၍ “လုပ်ခွင့်
ပေးသင့်ပါတယ်၊ အလုပ်သမားတစ်ယောက်မှာ HIV ပိုးရှိနေပေမဲ့ ကျန်းမာသန်စွမ်းတယ်၊အလုပ် လုပ် နိုင်တယ်ဆိုရင် အလုပ်လုပ်ခွင့်ပြုသင့် ပါတယ်။ အေအိုင်ဒီအက်စ် နဲ
့ဆက်နွယ်တဲ့ ရောဂါတွေဖြစ်လာခဲ့ရင်လည်းပဲ၊ တခြားရောဂါဖြစ်တတ်တဲ့ အလုပ်သမားတွေလိုပဲ
ရသင့် ရထိုက်တဲ့ တန်းတူအခွင့်အရေးတွေ ပေးသင့်ပါတယ်။ HIV ပိုးရှိနေလို့ 
အလုပ်ထုတ်ပစ်တာ မဖြစ်သင့်ပါဘူး” ဟုအိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တားဆီးရေး
လုပ်ငန်းများကိုဆောင်ရွက်နေသည့် NGO တစ်ခုမှ ၀န်ထမ်းတစ်ဦးကဆိုပါသည်။
မြန်မာနိုင်ငံ၏ အကိုးအကားဓါတ်ခွဲခန်း (Reference
lab) သို့ မဟုတ် အရည်အသွေး ထိန်းချုပ်မှုဓါတ်ခွဲခန်း (Quality Control Lab)
ဟုဆိုနိုင်သည့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်း (National Health Laboratory) သည်
အိတ်ခ်ျအိုင်ဗွီ ပိုးရှိမရှိစမ်းသပ်ရာတွင် ရလဒ်အဖြေအတွက်သေချာမှုအရှိဆုံး ဓါတ်ခွဲခန်းဖြစ်သည်ဟု
အိတ်ခ်ျအိုင်ဗွီ နှင့် အေအိုင်ဒီအက်စ် ကာကွယ်တားဆီးရေး လုပ်ငန်းများကိုဆောင်ရွက်ပေးနေသည့်
NGO များထံမှသိရပါသည်။
သန်းဇော်ထွန်း ၊အငယ်ထွေး Weekly Eleven Journals -
No.46, Vol . 2 (29/8/2007)




