၂ဝဝ၎
ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ HIV ရောဂါ ဖြစ်ပွားနှုန်း ထက်ဝက်ကျော် လျော့ကျသွားသည်ဟု
စစ်တမ်းများအရ သိရှိရကြောင်း PSI လက်အောက် Top Centre ဖောင်ဒေးရှင်းမှ သိရသည်။ HIV
ဖြစ်ပွားနှုန်း လျော့ကျစေရန်အတွက် အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားလိင်တူ
ဆက်ဆံသူများ များဆုံးရှိရာ နေရာများသို့ တိုက်ရိုက်သွားရောက် တွေ့ဆုံကာ ပညာပေး ဆွေးနွေးမှုများသည်
ရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေ ခဲ့သည်ဟု Top Centre (ရန်ကုန်) မန်နေဂျာ ဒေါ်ကေသီဝင်းက
ပြောသည်။ ”ဘာကြောင့် သူတို့ကိုအဓိက ပစ်မှတ်ထား ပညာပေး ရသလဲဆိုတော့ HIV နဲ့ ကာလသားရောဂါဟာ
လိင်ကတစ်ဆင့် ကူးဆက်မှု ပိုများလို့ပါ။
သူတို့ကို၊ သူတို့နဲ့ ဘဝတူတွေကို အသိပညာ ပြန်ပေးခိုင်းတယ်။
သွေးစစ်ဖို့နဲ့ ရောဂါကာကွယ် နည်းတွေကို ဖြန့်ဝေခိုင်းတယ်။ အဲဒီလို အဆင့်ဆင့် ပညာပေးခိုင်းတာ
အလွန် ထိရောက်ပါတယ်။ အခုဆိုရင် တစ်လမှာ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဝန်းကျင်လောက် ကျွန်မတို့ဆီမှာ
လာရောက် စစ်ဆေးကြ ပါတယ်” ဟု ၄င်းကပြောသည်။ Top Centre ဖောင်ဒေးရှင်းသည် HIV ၊ ကာလသားနှင့်
တီဘီ ရောဂါများကို အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ကာလသားနှင့် တီဘီရောဂါ ဖြစ်ပွားပါက အခမဲ့
ဆေးကုသပေးကာ HIV ပိုး တွေ့ရှိပါက ART ဆေး အခမဲ့ပေးသော ဖောင်ဒေးရှင်းများနှင့် ချိတ်ဆက်
ပေးနေသည်ဟု သိရသည်။
Top
Centre ဖောင်ဒေးရှင်းသည် မြန်မာတစ်နိုင်ငံလုံး၌ ရုံးခွဲ ၈ ခု ဖွင့်ထားကာ လိင်မှတစ်ဆင့်
ကူးစက်သော ရောဂါများကို အဓိက ကာကွယ် တားဆီးပေးနေသည်ဟု သိရသည်။
အောင်ရဲကျော်
Wednesday, July 7, 2010, 10:02
Popular News - မြန်မာနိုင်ငံ၌ HIV ရောဂါ ဖြစ်ပွားနှုန်း
ထက်ဝက်ကျော် လျော့ကျသွားဟုဆို




