8
Nov

မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်း ၂၀၁၄ တွင် လျော့ကျသွားဟုဆို

မြန်မာနိုင်ငံ၏ HIV ကူးစက်ပျံနှံ့မှုနှုန်းသည် ၂၀၁၃ ခုနှစ်တွင် ၀.၉၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၀.၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် HIV ရောဂါပိုးရှိနေသော လူနာဦးရေ တစ်သိန်းနှစ်သောင်းကျော်ခန့်ကို ဆေးဝါးကုသမှုများ တိုးမြှင့်ပေးသွားရန် ရည်ရွယ်ထားသည်။ ၂၀၁၃ ခုနှစ်က စစ်တမ်းကောက်ယူမှုများအရ တစ်နှစ်လျှင် လူပေါင်း ခုနှစ်ထောင်ခန့် HIV ပိုး ကူးစက ခံနေရကြောင်း သိရှိရသည်။

အစိုးရအနေဖြင့် အဆုတ်နာနှင့် ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ ဆေးဝါးကု ပေးမှုများ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် ယင်းရောဂါကြောင့် သေဆုံးမှုတို့ကို လျော့ကျစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ဆေးယဉ်ပါး ငှက်ဖျားရောဂါကို ထိန်းချုပ်ရန် ကျန်းမာရေး စောင့်ရှောက်မှုများကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကျပ် ၆၅၀ ဘီလျံ သုံးစွဲသွားမည်ဟု လျာထားကြောင်း သိရပါသည်။

မြန်မာနိုင်ငံအနေဖြင့် HIV၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် ပြည်တွင်း ပြည်ပ NGO များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ လှူဒါန်းသည့် အခြားအဖွဲ့အစည်းများ စသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ဆောင်လျက် ရှိကြောင်း ဆင်ဟွာမှ သတင်းတစ်ရပ်ကို ကိုးကားတင်ဆက်လိုက်ပါသည်။

Myanmar News - မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်း ၂၀၁၄ တွင် လျော့ကျသွားဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top