မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စိမံကိန်း ၂ဝ၁၁-၂ဝ၁၅ (National Strategic Plan on HIV/AIDS) အကြောင်း ပိုမို သိရှိစေရန်နှင့် (PLHIV) များ၏ လူမှု ကူညီရေး လုပ်ငန်းများ အားကောင်း လာစေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်း၊ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်း၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော့သာစိန်နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ (HIV) ဖြင့် နေထိုင်သူများ အသင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းက အဖွင့် အမှာစကား ပြောကြားပြီး အမျိုးသား ခုခံ အားကျ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပြည့်ဖြိုးစံက အမျိုးသား စီမံကိန်း (၂ဝ၁၁-၂ဝ၁၅) အကြောင်းကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ (HIV) ဖြင့် နေထိုင်သူများ အသင်း (ကွန်ရက်) ဥက္ကဋ္ဌက မြန်မာ နိုင်ငံ၏ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်းများ အောင်မြင်မှု ရရှိစေရန် အတွက် လူထု အခြေပြု အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက် လာကြသူများမှလည်း အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
မြဝတီ - မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အသိပညာပေး




