5
Apr

မြန်မာနိုင်ငံ အတွက် ရောဂါကြီး သုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၉.၅ သန်းခန့် ရရှိနိုင်

ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီး ဖြစ်တဲ့ Global Fun မှ နိုင်ငံအဆင့် အဖွဲ့ တစ်ဖွဲ့ဟာ ယခု ရက်သတ္တတစ်ပတ် အတွင်း ပြည်တွင်းသို့ လာရောက်မှာ ဖြစ်တယ်လို့ UNICEF မှ ထုတ်ပြန်တဲ့ သတင်းများ အရ သိရပါတယ်။ အဲ့ဒီလို လာရောက်ပြီး ရောဂါကြီး ၃ မျိုးဖြစ်တဲ့ အိတ်ခ်ျအိုင်ဗီ၊ တီဘီနဲ့ ငှက်ဖျား တိုက်ဖျက်ရေး အတွက် ထပ်မံ ထောက်ပံ့ရေးကို အကဲဖြတ် ဆန်းစစ်ဖို့ မိတ်ဖက် ဆိုင်ရာ အဖွဲ့အစည်းများနဲ့ အကျိုးစီးပွား ပါဝင် ပတ်သက်မှုများ ပူးပေါင်း လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ပူးပေါင်း လုပ်ဆောင်မှုများ အောင်မြင်ပါက ပြည်တွင်း အတွက် ရှေ့လာမယ့် ၄ နှစ်တာ ကာလမှာ ရောဂါဆိုးကြီး သုံးမျိုး တိုက်ဖျက်ရေးကို မျှဝေသုံးစွဲဖို့ အမေရိကန် ဒေါ်လာ ၈၉.၅ သန်းခန့် ရရှိလိမ့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံး အတည်ပြုတဲ့ ထောက်ပံ့ ငွေပမာဏဟာလည်း အချက်အလက် အမျိုးမျိုးပေါ် မူတည်ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လမှာ ကမ္ဘာလုံး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီးရဲ့ ဘုတ်အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်တဲ့ အခါ ရန်ပုံငွေဟာ ပိုမို ရရှိလာနိုင်တယ် လို့လည်း သိရပါတယ်။

ဒါပေမယ့် ဒီလိုမျိုး ထောက်ပံ့ငွေများ မြင့်တက် လာပေမယ့် အိတ်ခ်ျအိုင်ဗီ၊ တီဘီနဲ့ ငှက်ဖျား ရောဂါများကို တိုက်ဖျက်ဖို့ ကမ္ဘာလုံး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီး Global Fun မှတဆင့် ရရှိနိုင်တဲ့ ခန့်မှန်းငွေ ပမာဏဟာ ၂၀၁၅ ခုနှစ် နောက်ဆုံး ထားပြီး ပြည်တွင်းမှ ရောဂါ အဓိက ခံစားရတဲ့ ဝေဒနာရှင်ပြည်သူများရဲ့ ၈၅ ရာခိုင်နှုန်းခန့် ထံသာ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး အထောက်အပံ့များ ရောက်ရှိနိုင်မှာ ဖြစ်ပြီး ထောက်ပံ့ငွေ ကွာဟချက်ဟာ ရှိနေဦးမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။

MRTV-4 - မြန်မာနိုင်ငံ အတွက် ရောဂါကြီး သုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၉.၅ သန်းခန့် ရရှိနိုင် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top