မြန်မာနိုင်ငံအတွင်းရှိ လိင်အလုပ်သမ များနှင့် အမျိုးသားချင်းလိင်တူဆက် ဆံသူများ၏ သတင်းအချက်အလက် များကို အိတ်ခ်ျအိုင်ဗွီ လုပ်ငန်းများလုပ် ဆောင်နေသည့် နိုင်ငံတကာ အဖွဲ့ အစည်းများထံ တင်ပြနိုင်ရန်သုတေ သနလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တင်ပြနိုင်ရန်အတွက် လိင်အလုပ်သမများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ၏ အရေအတွက်၊ ၄င်းတို့၏ စိတ်နေသဘောထား နှင့် လက်ရှိအခြေအနေများကို သုတေသနပြုလုပ်ခြင်းအား လာမည့်နှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
''ဒီလိုသုတေသနလုပ်တဲ့ အခါ မှာ သူတို့ရဲ့လက်ရှိ အခြေအနေတွေ၊ သူတို့ရဲ့ သဘောထားတွေနဲ့ သူတို့ရဲ့ လူဦးရေပမာဏကိုလဲ ခန့်မှန်း တွက်ချက်မှာ ဖြစ်ပါတယ်။ သူတို့ကို အိတ်ခ်ျအိုင်ဗွီရှိ မရှိစစ်ဆေးပေးတာ တွေပါတယ်။ လာမယ့်နှစ်ကုန်လောက် ဆိုရင် နိုင်ငံတကာကို တင်ပြနိုင်တဲ့ အထိ တွက်ချက်နိုင်ပါလိမ့်မယ်'' ဟု National AIDS မှ Medical Officer ဒေါက်တာမင်းယုအောင်က ပြောသည်။
အဆိုပါ သုတေသနလုပ်ငန်း ကြီးကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုသိမ်၊ ပြည်စသည့် မြို့နယ်ပေါင်း ငါးမြို့နယ်တွင် ဆောင်ရွက်သွားမည် ဖြစ်ကာ နိုင်ငံတကာသို့တင်ပြနိုင်သည့် သတင်းအချက်အလက်အ ပြည့်အစုံကို လာမည့်နှစ်ကုန်တွင် ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုတေသနလုပ်ငန်း ကြီးကိုဆောင်ရွက်နိုင်ရန် Global Fund မှငွေကြေးကို အဓိက ကူညီ ပံ့ပိုးပေးမည်ဖြစ်ပြီး UNAIDS၊ WHO အပါအဝင် အခြားသောအဖွဲ့ အစည်းများကလည်း နည်းပညာများကို ကူညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အဆိုပါ သုတေသနလုပ်ငန်းကြီးကို ဆောင်ရွက်ရန် အလွှာအသီးသီးမှ လူများပါဝင်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ အကြံပေးပုဂ္ဂိုလ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ လိင်အလုပ်သမများနှင့် အမျိုးသားချင်း လိင်တူ ဆက်ဆံသူများအကြား အိတ်ခ်ျအိုင် ဗွီပိုးမကူးစက်ရန် ကာကွယ်ခြင်း၊ ရောဂါပိုးတွေ့ရှိပါက ကုသခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း တို့ကို ဆောင်ရွက်နိုင်ရန် ယင်းသို့ သုတေသနလုပ်ငန်းကြီးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခင်နှစ်က မူးယစ်ဆေးအကြောထဲထိုးသွင်း သူများအကြား သုတေသနပြုလုပ်ခဲ့ပြီး ယခုနှစ်ကုန်မှသာ နိုင်ငံတကာသို့ တင်ပြနိုင်သည့် သတင်းအချက် အလက်များကို ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၉




