28
Jul

မြန်မာနိုင်ငံက ရောဂါသုံးမျိုးအတွက် Global Fund ပြန်လည်ကူညီဖို့ စဉ်းစားနေ



မြန်မာနိုင်ငံက ငှက်ဖျား၊ တီဘီနဲ့ HIV/AIDS ရောဂါသုံးမျိုး ကာကွယ်ကုသပေးရေး ရန်ပုံငွေအတွက်
အမေရိကန်ဒေါ်လာ သန်း ၃၂ဝ ကူညီဖို့ မြန်မာနိုင်ငံက လျှောက်လွှာတင်ထားတာကို
Global
Fund
အဖွဲ့ကြီးက လက်ခံစဉ်းစားနေတယ်လို့
သိရပါတယ်။
Global Fund ဟာ
မြန်မာနိုင်ငံမှာ လူမှုရေးကိစ္စ အကူအညီပေးနေရာကနေ မြန်မာအစိုးရရဲ့ ကန့်သတ်ချက်တွေ
များလာတဲ့အတွက် ၂ဝဝ၅ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာသွားတဲ့ ကုလသမဂ္ဂ
ကျောထောက်နောက်ခံပြု ကျန်းမာရေးရန်ပုံငွေ အဖွဲ့ကြီးဖြစ်ပါတယ်။

 

တရားဝင် စာရင်းတွေအရ မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ အကူးစက်ခံထားရသူ နှစ်သိန်းလေးသောင်းကျော် ရှိရာမှာ
သုံးပုံတပုံလောက်ဟာ အသက်ကယ်
ARV ဆေးဝါး အထူးလိုအပ်နေတယ်လို့ သိရပါတယ်။ ဒီအထဲက
တသောင်းရှစ်ထောင်ပဲ ဆေးဝါးအကူညီ ရရှိတယ်လို့ ကုလသမဂ္ဂ စာရင်းတွေက ဆိုပါတယ်။

 

ဒီလိုဆေးဝါးအကူညီရနေတဲ့ လူနာစုစုပေါင်းထဲမှာ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့က လူနာ တသောင်းနှစ်ထောင်၊ တခြား
NGOs အနည်းငယ်က
လေးထောင်ခန့်နဲ့ စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တထောင့်ရှစ်ရာသာ အခမဲ့
ကူညီနေတာလို့ သိရပါတယ်။

 

MSF အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr.
Luke Arend
က မြန်မာနိုင်ငံမှာ
ရောဂါကုသဖို့ ငွေလိုအပ်ချက်က ကြီးမားလွန်းပြီး ကူညီနိုင်တာက နည်းတဲ့အတွက်
MSF အနေနဲ့ အခုလို အများဆုံး ကူညီနိုင်တဲ့အဖွဲ့ ဖြစ်နေတာပါလို့
ပြောကြားပြီး အစိုးရရန်ပုံငွေ ပေးနိုင်မှုနည်းတဲ့အတွက် ကမ္ဘာပေါ်မှာ ဒီရောဂါဆေးဝါး
ကူညီရေးမှာ အအောင်မြင်ဆုံး အထိရောက်ဆုံး ကူညီနိုင်တဲ့ အဖွဲ့ဖြစ်နေတယ်လို့
ပြောပါတယ်။

 

အခုအခါမှာ ရောဂါသုံးမျိုးအတွက် ဥရောပသမဂ္ဂ ဦးဆောင်တဲ့
အလှူရှင်နိုင်ငံတွေက ဂလိုဘယ်ဖန်းရဲ့ အကူညီကို အစားထားဖြည့်နိုင်ဖို့
3 D
Fund
ကို ထူထောင်
ကူညီနေပါတယ်။ရောဂါသည်တွေကို အကူညီပေးနေသူတဦးဖြစ်တဲ့ ရန်ကုန်မြို့က
မဖြူဖြူသင်းကတော့
Global Fund က လက်ခံ
စဉ်းစားပေးနေတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့လည်း
ထည့်သွင်းသတိထားဖို့လိုတယ်လို့ ပြောပါတယ်။

 

မဖြူဖြူသင်း။    မြန်မာပြည်မှာ နဲ့ပတ်သက်ပြီး လက်ရှိအခြေအနေအထိ
ထိန်းချုပ်လို့ သိပ်မရသေးဘူး။ ပညာပေးမှုအပိုင်းရော၊ ဆေးဝါးကုသမှုအပိုင်းရော
အများကြီး အားနည်းနေသေးတယ်။ မြန်မာပြည်ကတော့ အမှန်တကယ်လိုအပ်မယ်ဆိုရင်
အကူအညီအများကြီး လိုအပ်တယ်။ အခု ဖြစ်ပွားမှုနှုန်းရော သေဆုံးမှုနှုန်းပါ အရမ်း
မြင့်တက်နေတယ်။ အဓိကကတော့ ဆေးဝါးမလုံလောက်မှုပေါ့။
ARV ဆေးဝါးတွေ လုံလုံလောက်လောက်မရတဲ့အခါကျတော့ သေဆုံးနှုန်းမြင့်တက်နေတယ်။
အဲဒါကြောင့် အကူအညီကတော့ အများကြီး လိုအပ်နေတယ်။ ဒါပေမယ့် တကယ်လို့
ကူညီမယ်ဆိုတဲ့အကူအညီတွေက တကယ်လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲကိုရောက်ဖို့ အဓိက
လိုအပ်နေပါတယ်

 

မြန်မာနိုင်ငံက တီဘီ၊ ငှက်ဖျား၊ HIV/AIDS ရောဂါ ၃ မျိုး ကာကွယ်ကုသရေးဆိုင်ရာ ပြည်တွင်းပြည်ပ
အကူအညီပေးရေး အဖွဲ့စည်းတွေကို ငွေကြေးထောက်ပံ့ကူညီဖို့ အမေရိကန် ဒေါ်လာ ၁၄ သန်းကို
အသစ်ထုတ်ပေးမယ့် အကြောင်း
3 D Fund က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ကြေညာချက်
ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါပေမယ့် လက်တွေ့ ကူညီနိုင်တဲ့ငွေကြေးအရေအတွက်ကတော့
နှိုင်းယှဉ်ရင် အများကြီးခြားနားနေတဲ့အတွက်
Global Fund အနေနဲ့ အမြန်ဆုံးပြန်ဝင်ဖို့ စဉ်းစားလိမ့်မယ်လို့
မျှော်လင့်ကြောင်း
3 D Fund ဥက္ကဋ္ဌက
အာအက်ဖ်အေကို ပြောပါတယ်။
Global Fund အနေနဲ့ မြန်မာနိုင်ငံက လျှောက်လွှာကို လာမယ့် နိုဝင်ဘာလထဲမှာ
အဆုံးဖြတ်ပေးမယ်လို့ သိရပါတယ်။

 

လက်ရှိ HIV/AIDS ရောဂါအခြေအနေနဲ့ အကူအညီကိစ္စတွေနဲ့ ပတ်သက်ပြီး
ရောဂါသည်တွေကို အကူညီပေးနေသူ တဦးဖြစ်တဲ့ ရန်ကုန်မြို့က မဖြူဖြူသင်းကို
ကိုကျော်မင်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မဖြူဖြူသင်း ခု HIV/AIDS နဲ့ နေထိုင်သူတွေကို ကူညီပေးနေတဲ့
လူတစ်ယောက်အနေနဲ့ 3DFund ကနေပြီးတော့ မြန်မာပြည်အတွက် ရန်ပုံငွေ ထပ်တိုးပေးတယ်၊
နော်တစ်ခုက ဂလိုဘယ်ဖန်းကိုလည်း ပြန်ပြီးတော့ လျောက်လွှာ တင်ထားတယ်ပေါ့။ သန်း ၃၂၀
ရှိတယ်လို့ ကျတော်တို့ ကြားရတယ်။ ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး မဖြူဖြူသင်းတို့
အနေနဲ့ ဘယ်လိုမြင်လဲဗျ။

 

ခုလက်ရှိ
အခြေအနေအရတော့ 3DFund ပေါ့၊ 3DFund  ကစပြီးတော့
မြန်မာပြည်မှာ NGO ရှစ်ခုကိုစပြီးတော့ ပေးတယ်။ ပေးပြီး အလုပ်လုပ်နေတာတွေ ရှိပါတယ်။
တချို့ဆိုရင် ကျမတို့ မသိတောင် မသိလိုက်ရဘူး။ ငွေတွေက ၀င်သာဝင်သွားတယ် ပြည်သူလူထု
မသိလိုက်ကြဘူး။ နောက်တစ်ခုက ထိရောက်မှု မရှိတာတွေလည်း ကျမတို့ စောစောပိုင်းက
တွေ့နေရပါတယ်။ အဓိက ကတော့ ငွေတွေဝင်လာမယ် ဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်း
ရှိဖို့ရယ် နောက်တစ်ခုကကျတော့ အာဏာပိုင်တွေ အနေနဲ့ကလည်း လုပ်ပိုင်ခွင့်ပေါ့။ NGO
တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအဟုတ်ပဲ
အာဏာပိုင်တွေအနေနဲ့ လက်ရှိအခြေအနေ အတိုင်းပဲ ထိန်းချုပ်ထားမယ်။ ဒီအတိုင်းပဲ
ငွေတွေကို လက်ခံနေမယ်ဆိုရင်တော့ ကျမအနေနဲ့ သိပ်ထိရောက်မယ်လို့ မထင်ဘူးရှင့်။
ထိထိရောက်ရောက် ဖြစ်စေချင်တယ် ဆိုရင်တော့ အာဏာပိုင်တွေဘက်က HIV နဲ့ ပတ်သက်ပြီး
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိထိရောက်ရောက် လုပ်မှပဲ အောင်မြင်မှာပါ။ အလှူရှင်တွေ
အနေနဲ့ကလည်း မြန်မာပြည်ကို ၀င်တော့မယ်ဆိုရင် တကယ့်ကို လိုအပ်နေတဲ့ ပြည်သူလူထု
လက်ထဲကို ရောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရောက်အောင် လုပ်မှပဲ
ထိရောက်လိမ့်မယ်လို့ မြင်ပါတယ်။

 

မဖြူဖြူသင်းတို့ လုပ်နေတာမျိုးက အဖွဲ့အစည်း နောက်ခံလည်းပါတယ်ပေါ့။
နောက်တစ်ခုက လူမှုရေးအဖွဲ့အစည်းပေါ့ တရားဝင် အစိုးရဆီမှာ မှတ်ပုံတင်မထားပဲနဲ့
ကိုယ့်လူမှုရေး အသိနဲ့ လုပ်နေတဲ့ဟာတွေ၊ အရပ်ထဲမှာ ကိုယ့်အချင်းချင်း
ကူညီနေတာတွေရှိတယ်။ အဲဒီလို အဖွဲ့အစည်းတွေက ပိုပြီးတော့ ရောဂါရှင်တွေနဲ့
ထိတွေ့မှုရှိတယ်။ သို့သော် ရန်ပုံငွေတွေကို ပေးတဲ့အခါမှာ နိုင်ငံတွင်း ဥပဒေတွေအရ
ပေးလို့မရဘူးလို့ 3DFund  ဥက္ကဠကို
မေးတဲ့အခါမှာ သူကပြောပါတယ်။ တိုက်ရိုက်တော့ ချပေးဖို့ မရှိဘူးလို့ ပြောပါတယ်။
အဲဒါကို မဖြူဖြူသင်းတို့ ဘယ်လိုမြင်လဲဗျ။

အမှန်တကယ်ဆိုရင်
သူတို့အနေနဲ့ မြန်မာပြည်ကို ၀င်ပြီဆိုကတည်းက အာဏာပိုင်တွေနဲ့
လက်မှတ်ထိုး ရတာရှိတယ်။ အဲဒီအခါမှာ လူမှုလုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့
ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ကူညီလို့မရဘူး။ နောက် အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့
အစည်းကိုလည်း ကူညီလို့မရဘူး။ အခုလက်ရှိ အခြေအနေမှာ တွေ့နေရတာကတော့ နိုင်ငံရေးနဲ့
ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ငြင်းဆန်နေတာ တွေ့ရပြီးတော့ တချို့ဆိုရင် အာဏာပိုင်နဲ့
ပတ်သက်တဲ့ အဖွဲ့အစည်းတွေပေါ့။ ကြံ့ဖွံ့တို့ ၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး
အသင်းတို့ သူတို့က အရောင်ပြောင်းပြီး NGO တွေ ဖွဲ့နေတာကို တွေ့နေရတယ်။ အဲဒီလို
ဟာမျိုးကိုတော့ သူတို့ ပေးနေတာတွေ တွေ့နေရပါတယ်။ နောက်တစ်ချက်က မြန်မာပြည်မှာ
HIV/AIDS ပဲဖြစ်ဖြစ် ဘယ်လို အကူအညီ မျိုးပဲဖြစ်ဖြစ် ကူညီတော့မယ် ဆိုလို့ရှိရင်၊
တကယ်ကို ထိထိရောက်ရောက် လုပ်နေတဲ့သူတွေနဲ့ လက်တွဲပြီးလုပ်မှပဲ
အောင်မြင်လိမ့်မယ်လို့ မြင်ပါတယ်။ တကယ် လုပ်ကိုင်နေတဲ့ သူတွေက အရမ်းကို ဒုက္ခ
ရောက်နေပြီးတော့၊ အကူအညီတွေ အများကြီး လိုအပ်နေတယ်။ အမှန်တကယ် လုပ်ကိုင်
ဆောင်ရွက်နေတဲ့ သူတွေက အကူအညီ မရပဲနဲ့ တခြား အဖွဲ့အစည်းတွေနဲ့ လုပ်မယ်ဆိုရင်တော့
ကျမအနေနဲ့ မဖြစ်သင့်ဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရကပဲ တားမြစ်ထားသည်ဖြစ်စေ၊
ဘယ်လိုပဲလုပ်သည်ဖြစ်စေ အမှန်တော့ မြန်မာပြည်ထဲကို ၀င်တော့မယ်ဆိုရင်
မြန်မာပြည်တွင်းမှာ ရှိနေတဲ့ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပူးပေါင်း
ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။

 

ခုပြောလို့ရတာပေါ့နော် လူနာတစ်ယောက်ကို ဥပမာ ပေးပြီး ပြောမယ်ဆိုရင်
ရေဘုံယျ သူတို့ရဲ့ အနေအထား၊ ဆေးဝါးရှိမှုနဲ့ မိသားစုအပေါ်မှာ ဒီ HIV နဲ့နေတဲ့အတွက်
ဘယ်လောက်နစ်နာမှု၊ ဘယ်လောက်ထိခိုက်မှု၊ စီးပွားရေး၊ လူမှုရေး ဘယ်လောက် ထိခိုက်မှု ရှိလဲဗျ။

 

ကျမတို့
ဆီမှာကတော့ တချို့ဆိုရင် ဆေးမရလို့၊ သေဆုံးနေကြတာ၊ ဒုက္ခရောက်နေကြတာ
တော်တော်များများကို ရှိပါတယ်။ နယ်က လူနာတစ်ယောက်ဆိုရင် ဒီကို မျှော်လင့်ချက်
တကြီးနဲ့ လာပြီးတော့ ဆေးကုတယ်ပေါ့နော်၊ အဲဒီအချိန်မှာ ကျမတို့ဘက်ကလည်း
ဆေးမပေးနိုင်ဘူး နောက်ပြီးတော့ NGO တွေမှာကလည်း အဓိက ပေးနေတာကတော့ သဇင်ပေါ့ အဲဒီ
ဆေးခန်းမှာဆိုရင် လူနာတွေက အများကြီး တန်းစီပြီး စောင့်ရတာ။ စောင့်ရတဲ့ အခါကျတော့
သူ့အလှည့်ကျဖို့အတွက်ကို တော်တော်ကြီးကို စိတ်ရှည်ရှည်နဲ့ စောင့်ရတယ်။
တွေ့ဆုံဆွေးနွေးတာတွေ ခဏခဏ ကြုံရတယ်။ တခါတစ်လေကျရင် သူတို့တွေက ရောဂါ အရမ်း
ဖိစီးလာလို့ရှိရင် သူတို့ စိတ်တွေက မမှန်ချင်တော့ဘူး။ ရောဂါ တအားပြင်းထန်လာရင်
မှတ်ဉာဏ်ကော၊ သူတို့ စိတ်အခြေအနေ အရကော မမှတ်မိတော့ဘူး။ မကြာခဏ တွေ့ဆုံဆွေးနွေး
တဲ့အခါကျတော့ သူက မမှတ်မိတော့ဘူး။ သူကမမှတ်မိလေ နောက်တစ်ပတ် နောက်တစ်ပတ် ချိန်တော့
ကလေးမလေး တစ်ယောက်ဆို တောင်တွင်းကြီးမြို့ပေါ်ကပေါ့။ သူက အသက်ငယ်ငယ်ပဲ ရှိပါသေးတယ်
၂၀ ကျော်ပဲ ရှိသေးတယ်။ အဲတုန်းက ဆိုရင် ဆေးဝါးတွေက အပြင်မှာ ရနေသေးတယ်။
ကျမကပြောတယ် ဒီလို ဆေးစောင့်နေလို့ရှိရင် အခြေအနေ မကောင်းနိုင်ဘူးပေါ့နော်။ အစ်မက
ဝယ်ပြီး တိုက်ထားမယ်ပေါ့။ သူ့အနေနဲ့ ငြင်းတယ် ဘာကြောင့် ငြင်းလဲ ဆိုတော့ ကျမ
အရမ်းဒုက္ခ ရောက်နေတယ်ပေါ့နော်။ လူနာတွေကလည်း အရမ်းများတယ် နောက် ဆေးဈေးကလည်း ကြီးတဲ့အခါကျတော့
မလုပ်ပေးပါနဲ့ ဆိုပြီး စောင့်ရင်း စောင့်ရင်းနဲ့ပဲ ဆေးရတဲ့ အချိန်ကျတော့ သူ
အသက်ဆုံးပါးသွားရပါတယ်။ တော်တော်ကို စိတ်မကောင်းစရာပါ။ အခု တော်တော်များများကတော့
ကျမနဲ့ တွေ့တဲလူတွေ ကျမတို့ ဆေးမတိုက်နိုင်ခင်တုန်းကဆိုရင်
ဒီလူနာတော်တော်များများက ဆေးစောင့်ရင်းနဲ့ပဲ ဆေးကိုမျှော်လင့်ရင်းနဲ့ပဲ တော်တော်များများက
သေဆုံးကုန်တာ တွေ့ရပါတယ်။ နောက်ပြီးတော့ မိသားစုအတွက် ဘယ်လောက်အရေးကြီးလဲဆိုရင် ဒီ
HIV နဲ့ ပတ်သက်ပြီးတော့ ဖြစ်နေတာက လူငယ်တွေ အများကြီးပါ အသက် ၂၀နဲ့ ၄၀ကြားဆိုရင်
တကယ့်တကယ် အလုပ်လုပ်နိုင်တဲ့ အရွယ်ကြား မသားစုကို ဦးဆောင်ပြီး လုပ်ကိုင်
ကျွေးမွေးနေတဲ့ သူတွေဖြစ်တယ်လေ။ အဲဒီခါကျတော့ ဒီမိသားစုကို
လုပ်ကိုင်ကျွေးမွေးနေတဲ့အတွက် မိသားစုအတွက်လည်း အများကြီး ထိခိုက်မှုရှိတယ်၊
ဒီသူ့ကို မှီခိုနေတဲ့ မိသားစုတွေဆိုရင် မိသားစု အားလုံး အခြေအနေပျက်သွားတာ
တွေ့ရတယ်။ နောက်တစ်ခုက ဒီအသက်အရွယ်က ဒီလူငယ်လူရွယ် ပိုင်းတွေက တိုင်းပြည်အတွက်လည်း
အများကြီး နစ်နာ ဆုံးရှုံးမှုရှိတယ်။

(RFA)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top