Weekly Eleven 26/Dec/2007
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ၂၀၀၇ ခုနှစ် HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်း စီမံချက်(၄)ခုကို လာမည့်နှစ် ဇန်န၀ါရီလတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ HIV/AIDS စီမံချက်ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဇော်၏ ပြောကြားချက်အရသိရှိရသည်။ စီမံချက်လေးခုကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအရ (UNFPA) ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်သော သင်တန်းများစီမံချက်ကို မြို့နယ်၂၅ ခုတွင် ပြုလုပ်လျက်ရှိကြောင်း လုပ်ငန်းခွင်အတွင်းမျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သော သင်တန်းစီမံချက်ကို အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများတွင်ပို့ချပေးလျက်ရှိကြောင်း မိခင်မှ သန္ဓေသားသို့ HIV/AIDS ရောဂါမကူးစက်စေရန် ကာကွယ်တားဆီးခြင်း စီမံချက်ကို မြို့နယ်ကိုးခုတွင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူငယ်များ၏ အမူအကျင့် ပြောင်းလဲခြင်းဆိုင်ရာ ကာကွယ်ထားဆီးရေး သင်တန်းစီမံချက်ကို အသက်၁၅ နှစ်မှ ၂၄ နှစ်အတွင်းလူငယ်များကို အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်ဟု ၂၀၀၇ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖေါ်ပြထားပါသည်။




