စစ်အစိုးရလက်အောက်ရှိ မြန်မာနိုင်ငံတွင် ၅ နှစ်အောက် ကလေးငယ်များ တနှစ်လျှင် ပျမ်းမျှ တသိန်းမှ တသိန်းခွဲထိ သေဆုံးနေကြောင်း ကမ္ဘ္ဘာ့ကုလသမဂ္ဂ္ဂ၊ ကလေးများရံပုံငွေအဖွဲ့ (UNICF)က ပြောဆိုသည်။
အင်္ဂင်္ါနေ့က ထုတ်ပြန်သည့် UNICF အစီရင်ခံစာတွင် မြန်မာ ပြည်၌ တနေ့ပျမ်းမျှ ကလေးငယ် ၄၀၀ အထိ သေဆုံးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အာရှတွင် အာဖဂန်နစ္စ္စ္စ္စတန်ပြီးလျှင် မြန်မာနိုင်ငံသည် ကလေး သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အသက်ရှူလမ်း ကြောင်းမှ ဖြစ်ပွားသော ရောဂါများဖြစ်သည့် အဆုတ်ရောင်ရောဂါ၊ ဝမ်းလျှောရောဂါ၊ သွေး အဆိပ်သင့်သည့် ရောဂါများမှ ကလေးငယ်များ သေဆုံးနေသည်ဟု ဆိုသည်။
တနေ့လျှင် ပျမ်းမျှ ၂၇၄ ယောက်မှ ၄၁၁ ယောက်နှုန်းအထိ ကလေးငယ်များ သေဆုံးလျှက်ရှိရာ တနှစ်လျှင် တသိန်းခွဲအထိ မြန်မာနိုင်ငံမှကလေးငယ်များ သေဆုံးနေသည်ဟု UNICF မှ အဟာရဗေဒပါရဂူ ဒေါက်တာ အိုဆမူခူနိအိက ပြောဆိုခဲ့သည်။
စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ၏ ကလေးသေဆုံးမှုမှာ ကမ္ဘ္ဘာတွင်အဆင့် (၄) ရှိပြီး အာရှတွင် အာဖဂန်နစ္စ္စတန်ပြီးလျှင် ဒုတိယဖြစ်ကာ အာဖဂန်နစ္စ္စတန်မှာ ဆီအာရလီအွန်နှင့် အင်ဂိုလာနိုင်ငံတို့ပြီးလျှင် တတိယအဆိုးဆုံးနိုင်ငံဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ အေအိုင်ဒီအက်စ်၊ ဝမ်းကိုက်ရောဂါနှင့် အခြား ဖျားနာသော ရောဂါများကြောင့် နှစ်စဉ် လူသောင်းနှင့်ချီ၍ သေဆုံးနေကြရသည်ဟု ဆိုသည်။
များသောအားဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စရိတ်များသည် နိုင်ငံတကာ အကူအညီများပေါ်တွင်သာ မှီခိုနေရပြီး ဗာကလေရှိ ကယ်လီဖိုးနီးယားတက္က္ကသိုလ်နှင့် ဂျွန်ဟော့ကင်းတက္ကသိုလ်တို့၏ ယခုနှစ် သုတေသနပြုချက်အရ စစ်အစိုးရသည် ကျန်းမာရေး အတွက် (၃) ရာခိုင်နှုန်းသုံးစွဲပြီး စစ်အသုံးစရိတ်အတွက် (၄၀) ရာခိုင်နှုန်း သုံးစွဲနေသည်ဟု ဖေါ်ပြထားသည်။
သသ
သတင်း
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကလေးတသိန်းခွဲထိသေဆုံးဟု ကုလဆို




