7
Dec

မြန်မာနိုင်ငံတွင် AIDS ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်းသေဆုံး

မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့် သေဆုံးသော အခြေအနေမှ သုည အခြေအနေသို့ ကျဆင်းအောင်ပြုလုပ် မည်ဖြစ်ကြောင်း လူထု အခြေပြုကွန်ရက် (၇) ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ ကွန်ရက်မှ ဒေါ်ခိုင်မာဆွေက ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများကွန်ရက်၏ စစ်တမ်းအရ ရောဂါပိုးရှိသူများ၏ ၃၀ ရာခိုင်နုန်းသည် ရပ်ရွာကျေးရွာ ကိစ္စများတွင် ပါဝင်ခွင့် မရရှိခြင်းများ၊ ၁၅ ရာခိုင်နုန်းသည် မိသားစုများ၏ အခန်းကဏ္ဍတွင် ပါဝင် ပတ်သက်ခွင့် မရရှိခြင်းများနှင့် ၄၁ ရာခိုင်နှုန်းသည် အလုပ်ခန့် အပ်ရန် ငြင်းဆန်ခံရခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံ ခံရမှုများကြောင့် အိတ်(ခ်ျ)အိုင်ဗွီရော ဂါခံစားနေရသူများသည် ကိုယ့်ကို ကိုယ် သက်သေချင်စိတ်နှင့် မိမိကိုယ်ကို အပြစ်ရှိသူအဖြစ် ခံစားနေရကြောင်း သိရှိရသည်။

''ခွဲခြားဆက်ဆံမှုတွေ ရှိနေသ၍ ကာကွယ်တားဆီးရေးနဲ့ ကုသရေးတွေမှာ အခက်တွေ့နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိကြောင်း ဖွင့်မပြောရင်လည်း ပတ်ဝန်းကျင်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဖွင့်ပြောလာဖို့နဲ့ ကာကွယ်ရေးတွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့၊ ကုသရေးတွေ ပိုပြီး လုပ်နိုင်အောင်လို့ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့ လိုအပ်ပါတယ်'' ဟု ဒေါ်ခိုင်မာဆွေက ဆက်လက် ပြောကြားခဲ့သည်။

နှစ်စဉ် အသက် ၁၅ နှစ် နှင့်အထက် လူပေါင်း ၈၀၀၀ ခန့်သည် အိတ်(ခ်ျ)အိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ပညာရှင်များက ခန့်မှန်းကြသည်ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် နေ့တစ်နေ့ကို အရွယ်ရောက်ပြီးသူပေါင်း ၂၀ ကျော်သည် ယင်းရောဂါပိုးကူး စက်ခံနေရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင်ဗွီ၊ အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူများ အချင်းချင်းဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven - မြန်မာနိုင်ငံတွင် AIDS ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်းသေဆုံး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top