18
Aug

မြန်မာ လိင်အလုပ်သမငယ် ၃ ဦးအား ထိုင်း အထူးရဲတပ်ဖွဲ့က ကယ်တင်



ထိုင်း၊
မလေးရှားနယ်စပ် စုံခါခရိုင်၊ စဒေါင်မြို့ရှိ Chalala ကာရာ အိုကေဆိုင်တွင် လိင်လုပ်ငန်း
အလုပ်သင်အဖြစ် လုပ်ကိုင်နေရသည့် မြန်မာအမျိုးသမီးငယ် ၃ ဦးတို့အား ထိုင်းအထူး ရဲတပ်ဖွဲ့က
ကယ်တင်နိုင်ခဲ့ကြောင်း ယနေ့ထုတ် ထိုင်းရပ် သတင်းစာတွင် ရေးသား ဖေါ်ပြထားသည်။ စုံခါခရိုင်၊
စဒေါင်မြို့၊ စွေးထိုင်းကျန်လု အမှတ် (၇) ရပ်ကွက်တွင် အသက် ၃၀ အရွယ် မလေးရှား နိုင်ငံသား
နိုင်အာကျန်(ခေါ်) TEY BOON TIONG ဖွင့်လှစ်ထားသော Chalala ကာရာအိုကေ ဆိုင်အား တိုင်းခရိုင်
နယ်မြေအမှတ် (၉) မှ ရဲဗိုလ်ချုပ် ထမန်နွန် ပယွန်းရုန်းနှင့်အဖွဲ့တို့ က ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ
မလေးရှားနိုင်ငံသား ကာရာအိုကေ ဆိုင်ပိုင်ရှင်မှာ ၀င်ရောက် ဖမ်းဆီးသည့် ထိုင်းအထူး ရဲတပ်ဖွဲ့ဝင်များအား
အပြင်အထန် ပြန်လည် တိုက်ခိုက်ခဲ့သည်။ ရဲဗိုလ်ချုပ်က “စုန်ခါခရိုင်နာ ထ၀ီတရားရုံးက
ဖမ်းဝရမ်းယူပြီး ဖမ်းဆီးခဲ့တာပါ။ အသက် ၂၀ အရွယ် သင်းသင်းစန်းနဲ့ အခြား မြန်မာမလေး ၂
ယောက်ပါ။ ခု သူတို့ကို မိသားစုတွေ လက်ထဲ ပြန်အပ်လိုက်ပါပြီ။ ဆိုင်ပိုင်ရှင်ကို ဥပဒေအတိုင်း
အရေးယူ ဆောင်ရွက်သွားပါမယ်” ဟုပြောသည်။

အဆိုပါ
မြန်မာမိန်းကလေး ၃ ဦးတို့အား မေးမြန်းစစ်ဆေးချက် အရ ကာရာအိုကေ ဆိုင်သို့ ရောက်ရှိလာသော
ဧည့်သည်များအား ကြိုဆိုဧည့်ခံပုံများ၊ စနစ်မကျပါက ရိုက်နှက် ကန်ကျောက်ပြီး ခိုင်းစေကြောင်း၊
အဆိုပါနေရာတွင် လေ့ကျင့်သင်ကြားပြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပါက မလေးရှား
နိုင်ငံသို့ ဆက်လက် ရောင်းချမည် ဖြစ်ကြောင်း၊ ထွက်ဆို သွားကြသည်။ ဆိုင်ပိုင်ရှင် မလေးရှား
နိုင်ငံသားသည် အလုပ်ချိန်အပြင် အခြားအချိန်များတွင်လည်း စိတ်မထင်လျှင် မထင်သကဲ့သို
့ မြန်မာလိင် အလုပ်သမများအား ကြမ်းတမ်းစွာ ဆက်ဆံတတ်ခြင်းကြောင့် မခံမရပ်နိုင်ဖြစ်ပြီး
ရင်းနှီးသည့် မိတ်ဆွေများ ထံသို့ ဆက်သွယ် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

ကိုကျော်သောင်း
(ဘန်ကောက်)

သြဂုတ်
၁၈- ရက်

ထိုင်းဘာသာပြန်
ကိုတီ (ရခိုင့်တံခွန်ဂျာနယ်)

မြန်မာပြည်သား
(JACBA) -
မြန်မာလိင်အလုပ်သမငယ် ၃ ဦးအား ထိုင်း အထူးရဲတပ်ဖွဲ့က ကယ်တင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top