29
Apr

ဝက်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်

ဝက်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်သည့် အခြေအနေသို့ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ကယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ကော်မတီက အစည်းအဝေးတရပ်ကျင်းပကာ A/H1N1
ဝက်တုပ်ကွေးရောဂါ သည် အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့်
ကနေဒါနိုင်ငံများတွင် ဖြစ်ပွားနေကြောင်း အဖွဲ့၏ ဦးဆောင်ညွှန်ကြား ရေးမှူး
ဒေါက်တာမာဂရက်ချမ်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကူးစက်ရောဂါ အဆင့် (၆)ဆင့်ရှိသည့်အနက်ဝက်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အဆင့်
(၃) မှ လူလူချင်းကူးစက်နိုင်သည့် အဆင့်(၄) အထိ တိုးမြှင့်သတ်မှတ်လိုက်သည်။

ယင်းအဆင့်အခြေအနေတွင် ၀က်တုပ်ကွေးကူးစက်ရောဂတိုးပွားလာနိုင်ဖွယ်ရှိသော်လည်း တားဆီးထိန်းချုပ်၍ မရနိုင်သည့် အခြေအနေထိ
မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။

မက္ကဆီကိုနိုင်ငံတွင် ၀က်တုပ်ကွေးရောဂါကြောင့် လူ (၁၄၉) ဦး သေဆုံးပြီး လူ
(၁,၆၀၀) ကျော်ခန့် ရောဂါ ဖြစ်ပွားနေပြီး၊ အမေရိကန်ပြည်ထောင်စုတွင် (၂၀)
ဦး၊ ကနေဒါတွင် (၆) ဦးနှင့် စပိန်တွင် (၁) ဦးတို့၌လည်း
ရောဂါလက္ခဏာများကို တွေ့ရကြောင်း ဧဂျင်စီ သတင်းများတွင် ဖော်ပြသည်။

ဝက်တုပ်ကွေးရောဂါမှာ သာမန်တုပ်ကွေးကဲ့သို့ အဖျားရောဂါဖြစ်ကာ ချောင်းဆိုး၊
နှာစေး၊ လည်ချောင်းနာ၊ ကိုယ်အပူချိန်တက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊
ဝမ်းသွားခြင်း၊ အော့အန်ခြင်း စသည့်လက္ခဏာများဖြစ်ပေါ်သည်ဟု သိရသည်။

ယခုအခါ ကမ္ဘာတ၀န်းတွင် ၀က်တုပ်ကွေး ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်
သတိပေးဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး ရောဂါဖြစ်ပွားသည့်နေရာများသို့
ခရီး မသွားကြရန် နှိုးဆော်ထားသည်။

နိုင်ငံအများစုသည် သက်ဆိုင်ရာလေဆိပ်များ၌ ရောက်လာသည့် ခရီးသည်များကို
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ကြက်ငှက်တုပ်ကွေး
အများဆုံးဖြစ်ခဲ့သည့် အာရှအရှေ့ပိုင်းနိုင်ငံများကလည်း ၀က်တုပ်ကွေး
ရောဂါကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေသည်။

သတင်း ၀က်တုပ်ကွေးရောဂါသည် လူလူချင်းကူးစက်နိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top