8
Aug

ဝါရှင်တန် မြို့တော်မှာ AIDS ဖြစ်ပွားမှုနှုန်း တဟုန်ထိုးမြင့်တက်





ဝါရှင်တန်ဟာ နိုင်ငံတော်ရဲ့မြို့တော်၊
သမတနဲ့သူ့မိသားစုရဲ့အိမ်၊ ကမ္ဘာလှည့် ခရီးသည်တွေရဲ့နိဗ္မာန်ဘုံ။ ဒါပေမဲ့
တတိုင်းပြည်လုံးမှာ
HIV -AIDS
ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးနေရာ။ မြို့တော်မှာရှိတဲ့လူဦးရေရဲ့ ၃% ဟာ
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်၊ ဒါနဲ့ပတ်သက်တဲ့
အစီရင်ခံစာတစောင် ၁၆ ရက်နေ့မှာ ထုတ်ပြန်နိုင်ဖို့ မြို့တော်အာဏာပိုင်တွေက
မျှော်လင့်ထားတယ်။ ခရိုင်အတွင်းမှာပြည့်စုံတဲ့ ကူးစက်နှုန်း ခွဲခြမ်းစိတ်ဖြာချက်တခု
လုပ်နိုင်တာ ဒါပထမဆုံးပဲ။

 

ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေး ဗဟိုဌာနအဆိုအရ
ရောဂါဖြစ်ပွားမှုဟာ လူဦးရေရဲ့၁% ရှိပြီဆိုရင် ရောဂါကူးစက် ပြန့်ပွားတယ်လို့
အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ၀ါရှင်တန်မြို့မှာ
HIV/AIDS ကူးစက်နှုန်းက ၃ ဆ ရှိပါတယ်။ DC HIV/AIDS အုပ်ချုပ်ရေး အစီရင်ခံစာအရ မြို့တော်မှာနေသူ အသက် ၄၀ နဲ့ ၄၉
နှစ်အကြား ၁၀ယောက်မှာ ၁ ယောက် လောက်မှာ ဗိုင်းရပ်စ်ပိုး ရှိနေတာ တွေ့ရတယ်။
ဒီဗိုင်းရပ်စ်ပိုးက လိင်မတူဆက်ဆံတာ၊ လိင်တူဆက်ဆံတာနဲ့ အကြောထဲကို ဆေးထိုးသွင်းပြီး
မူးယစ်ဆေးဝါး သုံးစွဲတာစတဲ့ လမ်း ၃ သွယ်နဲ့ ပြန့်နှံ့တာဖြစ်တယ်။

 

ဒီ-စီ မှာ တမူထူးတာကတော့ ဒီ ၃ လမ်းစလုံးနဲ့ကို
ပြန့်နှံ့မှုမြင့်တာ
လို့
ဝါရှင်တန်မှာ
AIDSနဲ့ ပတ်သက်တဲ့
မှတ်တမ်းဌာနမှာ လုပ်နေတဲ့ ၀ါရှင်တန်ပို့စ် သတင်းဌာနက သတင်းထောက်တဦးဖြစ်တဲ့
ဂျို့စ်ဗားဂပ်စ် က ပြောပြပါတယ်။ ဒီ-စီ မှာက အန္တရာယ်အများဆုံး အုပ်စုတွေ ဖြစ်တဲ့
အာဖရိက-အမေရိကန်အုပ်စုနဲ့ အခြောက်အုပ်စုတွေ စုစည်းနေထိုင်မှု အများဆုံးလည်းဖြစ်တယ်။
ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးဟာ အသက် အရွယ်။ လူမျိုး စတဲ့နယ်ပယ် အကုန်လုံးမှာ
သက်ရောက်နေတာဖြစ်တယ်၊ ၂၀၀၆ ကစပြီး ၂၂% တိုးလာနေတယ်ဆိုတဲ့အချက်ကို ရောဂါ
ပြန့်ပွားမှုအချိုးအစားတွေနဲ့ အစီရင်ခံစာ က ထိထိရောက်ရောက် ဖော်ပြထားတယ်။

 

တဦးချင်း စရိုက်လက္ခဏာကြောင့် ပြန့်ပွားမှုနှုန်း မြင့်မားတာကို
ကျန်းမာရေး အရာရှိတွေက အပြစ်တင်ကြတယ်။ ဒါပေမဲ့လည်း
မြို့တော်ရဲ့ ဒီကပ်အပေါ်တုန့်ပြန်မှုမှာ စီမံကိန်းမရှိတာကိုလည်း အပြင် တင်ကြပါတယ်။
ရှန်နွန်ဟတ်ဒါ ဟာ ဒီမြို့တော်ရဲ့ ၁၂ ယောက်မြောက်
HIV/AIDS အုပ်ချုပ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး ၅ နှစ်အတွင်း
တတိယမြောက်လည်း ဖြစ်ပါတယ်။ ဒီကနေ့ထုတ် ၀ါရှင်တန်ပို့စ်သတင်းစာရဲ့
မျက်နှာဖုံးဆောင်းပါးမှာ သူမက ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ကြောင့်
ဒီလိုနှုန်းမြင့်မားရတယ်ဆိုတာကို ကြိုးပမ်းတင်ပြထားတယ်။
ကျမတို့ဆီက နှုန်းက အနောက်အာဖရိက နိုင်ငံထက် မြင့်တယ်
ယူဂန်ဒါနဲ့ကင်ညာရဲ့ တချို့နေရာတွေနဲ့ တန်းတူလောက် ရှိတယ်။
လို့ ဟတ်ဒါ ကပြောပါတယ်။ ဗားဂပ်စ် က လွန်ခဲ့တဲ့ ၆ နှစ်
လောက်ကတည်းက ဒီမြို့တော်ရဲ့
HIV/AIDS ပြန့်ပွားနှုန်းကို လေ့လာနေတာဖြစ်တယ်။

 

ဝါရှင်တန်လောက်နီးပါပဲ ဖြစ်ပွားနေတဲ့ တခြားမြို့ကတော့
ဆန်ဖရန်စစ္စကို မြို့ဖြစ်ပါတယ်။ ဒီ-စီ ရဲ့ လက်ရှိကူးစက်မှုနှုန်းက ၁၉၉၀ စုနှစ်
တွေတုန်းက ဆန်ဖရန်စစ္စကိုမှာ အမြင့်ဆုံးကာလ ဖြစ်ပွားတဲ့နှုန်းပါ။ အဲဒီအချိန်တုန်းက
ဆန်ဖရန်စစ္စကိုမှာ ကူးစက်မှုနှုန်းက ၄% ရှိပါ တယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ
ကူးစက်ရောဂါဖြစ်ပွားပြီးကတည်းက နှစ် ၃၀ နီးပါးအကြာ ဒီကနေ့မှာတော့ ဒီရောဂါနဲ့
ဆက်စပ်နေတဲ့ တကယ့် အမဲစက်ကြီးက ရှိနေတုန်းပါပဲ။ ဒီအမဲစက်ကို
စမ်းသပ်ဖို့တားဆီးထားတယ်။ တကယ်ဆို ဒီနိုင်ငံရဲ့မြို့တော်မှာ
HIV/AIDS ဖြစ်ပွားနှုန်းက အတော့်ကိုမြင့်ဖို့များတယ်လို့
ဝါရှင်တန်မှာရှိတဲ့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

http://www.naytthit.com

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top