1
Aug

၂ဝ၁၅ ခုနှစ်အထိသာ Global Fund က ARTဆေးဝါး ပေးဝေနိုင်မည်

မြန်မာနိုင်ငံတွင် အိတ်အိုင်ဗီဝေဒနာရှင်များအတွက် ဆေးဝါးကုသပေးနေသော ကမ္ဘာရန်ပုံငွေအဖွဲ ( Global Fund)က ဆေးဝါးပေးဝေမှုကို ၂ဝ၁၅ ခုနှစ်အထိသာ ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

‘ဆေးဝါးက ၂ဝ၁၅ခုနှစ် ထိတော့ ရရှိမယ်။၂ဝ၁၅ခုနှစ် ပြီးသွားလို့ရှိရင်တော့ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး။ ဒီဆေးက တစ်သက်လုံး သောက်သွား ရမှာလေ။ ဒီပရောဂျက်ပြီးသွားရင် ဘာလုပ် ရမှန်း မသိသေးဘူး” ဟု( INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် FXB မှ Social Workerတစ်ဦးဖြစ်သူဦးချစ်ကိုကိုက ပြောသည်။

အဆိုပါ ဆေးဝါးများပေးအပ်ခြင်းသည် ကမ္ဘာ့ အလိုက်အလှည့်ကျပေးဝေမှု အတိုင်း ပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဆေးဝါးထောက်ပံ့မှု (၉) ကြိမ်ပြုလုပ်ပြီးဖြစ်ကြောင်းနှင့်  ဆေးဝါးထောက်ပံ့မှု အား နောက်ထပ်တစ်ကြိမ် ထပ်မံရရှိဦးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

(၁၁) ကြိမ်မြောက် ဆေးဝါးထောက်ပံ့ရန် ကမ္ဘာရန်ပုံငွေအဖွဲ့မှာ ရန်ပုံငွေမရှိတော့သည့်အတွက် မြန်မာနိုင်ငံသို့ ဆေးဝါးထောက်ပံ့နိုင်ခြင်း မရှိတော့ပေ။

‘’မြန်မာနိုင်ငံကို မပေးနိုင်တော့ဘူး။ ရထားတဲ့ဆေးက၂ဝ၁၅ခုနှစ်အထိပဲကျန်တော့တယ်။ အဲဒီ တော့ ဝေဒနာသည်တွေရဲ့ကံကြမ္မာက ၂ဝ၁၅ခုနှစ် ထိပဲ အာမခံနိုင်မယ်။ နောက်ပိုင်းကျရင် ဘယ်ကလာမလဲဆိုတာ မသိတော့ဘူး” ဟု ဦးချစ်ကိုကိုက ဆက်ပြောသည်။

HIVနှင့်အတူနေထိုင်သူ PLHIV ဝေဒနာရှင်များသည် ၂ဝ၁၅ ခုနှစ် နောက်ပိုင်းတွင် ဆေးဝါးရရှိအောင် မည်သို့လုပ်ဆောင်ကြမည်ကို မသိရှိဘဲ ဆေးပျက်တောက်သွားမည်ကို စိုးရိမ်နေကြောင်းကိုလည်း သိရှိရသည်။

‘’ကျွန်တော်တို့က ‘ဒီဆေးကို တစ်သက်လုံးသောက်သွားရမယ်ဆိုတော့ နောက်ပိုင်း ဘယ်လို လုပ်ရမလဲ မသိတော့ဘူး ဟု PLHIV တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးသူ စုစုပေါင်းဦးရေ ခုနှစ်သောင်း ဝန်းကျင်ရှိကြောင်း သိရှိရသည်။

Global Fund အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရဆေးရုံ၊ မင်္ဂလာဒုံဆေးရုံ၊ ဝေဘာဂီဆေးရုံတို့နှင့် INGO ၊NGO များမှတဆင့် ဆေးဝါးထောက်ပံ့မှုပေးနေခြင်းဖြစ်သည်။

အစိုးရသစ်အနေဖြင့် လွှတ်တော်အတွင်းတွင် HIVဝေဒနာရှင်များအတွက် ဆေးရရှိရန် ဆွေးနွေးဆောင်ရွက်ပေးခြင်း တစုံတရာပြုလုပ်မှုမရှိမရှိသေးကြောင်းနှင့် ဆေးအလှူရှင်အသစ်များ လည်း မရရှိသေးကြောင်း ကျမ်းမာရေးစောင့်ရှောက်မှု NGO အသိုင်းအဝိုင်းက သိရသည်။

 မြစ်မခ၂ဝ၁၅ ခုနှစ်အထိသာ Global Fund က ARTဆေးဝါး ပေးဝေနိုင်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top