လာမည့် ၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ တစ်သိန်းကျော်ကို ART ကုထုံး ဖြင့် ကုသပေးနိုင် မည်ဖြစ်ကြောင်း ရောဂါ နှိမ်နင်းရေး ဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ART ကုထုံးဖြင့် ကုသရန် လိုအပ်သူ တစ်သိန်း နှစ် သောင်း ဝန်းကျင် ရှိပြီး ယင်းတို့ အနက် ငါးသောင်း ရှစ်ထောင်ခန့်ကို ဆေးဝါး များ ထောက် ပံ့ပေးနိုင်ခဲ့ ရာမှ ယခုနှစ် ကုန်တွင် ခုနစ်သောင်း ငါးထောင်ထိ တိုး တက် ကုသပေးနိုင်ပြီ ဖြစ်သည်။
”ကျန်းမာရေး ဘတ်ဂျက် ချထား ပေးတဲ့အတွက် နိုင်ငံတကာကို အားကိုး နေရတာကနေ ခုက ပေါ်လစီပြောင်း လာတယ်။ ကိုယ့်ဝန်ကြီး ဌာနကနေ ရန်ပုံငွေနဲ့ စတင် ကုသပေးနေပြီ။ အခု ဆိုရင် လူနာ အသစ်တွေကို ခုနစ် သောင်းငါးထောင် အထိ တိုးတက်ကုသ ပေးနေပြီ ဖြစ်ပါတယ်” ဟု အထက်ပါ ဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ စိုးလွင်ငြိမ်း ကပြောသည်။
လာမည့် ၂ဝ၁၆ ခုနှစ်တွင် ART ကုထုံး လိုအပ်သူများ၏ ၈၅ ရာခိုင်နှုန်း ကို လိုအပ်သော ကုထုံးနှင့် ဆေးဝါးများ ထောက်ပံ့ ပေးနိုင်မည် ဖြစ်ကြောင်း ၄င်း ကဆိုသည်။
”နိုင်ငံတော် ဘတ်ဂျက်နဲ့လည်း လူနာ အသစ်တွေကို ကွင်းဆင်း ပြီးတော့ ရှာဖွေနေပါတယ်။ အခုနောက်ပိုင်းမှာ ကူးစက်မှု သုည၊ သေဆုံးမှု သုညဖြစ် အောင် ရည်ရွယ် ချက် နဲ့ ဆောင်ရွက်နေ ပါတယ်”ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် HIV ပိုး ကူး စက်ဖြစ်ပွားမှုမှာ ၂ဝဝဝ ခုနှစ်က ဝ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ဝ ဒသမ ၄၅ ရာခိုင်နှုန်း အထိ လျော့ကျ လာခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် HIVကူးစက် ခံခဲ့ရ သူပေါင်း ၆၄ဝဝ ခန့်ရှိသည်။
မြတ်စုငြိမ်း (ရန်ကုန်၊ နိုဝင်ဘာ ၈)
Popular - ၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ လူတစ်သိန်းကျော်ကို ART ကုထုံးဖြင့် ကုသပေးနိုင်တော့မည်




