အခုနှစ် အတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ အတွက် အားတက် စရာ တခု ကတော့ အမေရိကန် ဒေါ်လာ သန်း (၁၀၀)
အကူညီ ပေးမဲ့ (3-D) Fund ခေါ် ရောဂါ သုံးမျိုး တိုက်ဖျက်ရေး စီမံကိန်း ပေါ်ပေါက် လာတာပဲ ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ HIV/AIDS ၊ ငှက်ဖျားနဲ့ တီဘီ ရောဂါ ကုသရေး အတွက် (၅)
နှစ် စီမံကိန်း ဖြစ်ပြီး နအဖရဲ့ တင်းကြပ်တဲ့ ထိမ်းချုပ် ကန့်သတ်မှု တွေကြောင့် ထွက်သွားတဲ့ ဂလိုဘယ်ဖန်း အစား ဝင်ရောက် လာတာ ဖြစ်ပါတယ်။
အလှူရှင် နိုင်ငံတွေ ကတော့ ဗြိတိန်၊ သြစတေးလျ၊ နော်ဝေ၊ ဆွီဒင်နဲ့ အီးယူ ဥရောပ သမဂ္ဂ္ဂတို့ ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတကာက ကျန်းမာရေး အကူညီတွေ ပေးဖို့ စီစဉ် နေချိန် မှာပဲ နအဖ အာဏာပိုင် တွေကတော့ လူသား တွေရဲ့ အသက် အန္တရယ်ကို အများဆုံး ဒုက္ခ ပေးနေတဲ့ HIV/AIDS ရောဂါ ကယ်ဆယ်ရေး လုပ်ငန်း တွေကို နှောက်ယှက် ဟန့်တား တာတွေ၊ ဝေဒနာ သည်တွေကို နည်း အမျိုးမျိုးနဲ့ ဒုက္ခ ပေးတာတွေ ပြုလုပ် ခဲ့တာ တွေ့ရ ပါတယ်။ အဆိုးဆုံး ဖြစ်ရပ် တခု ကတော့ သြဂုတ်လ အတွင်းက ဖြစ်ပျက် < /span>ခဲ့တဲ့ နယ်ကလာ ဆေးကု နေတဲ့ ရောဂါသည် တွေကို နေစရာ အခက် အခဲ ဖြစ်အောင် ဖိအား ပေးခဲ့ တာပဲ ဖြစ်ပါတယ်။
"(၁၀) လ စာချုပ် ချုပ်ထားတဲ့ အချိန်မှာ သူက ဘယ်လို ဖြစ်လာ သလဲ ဆိုတော့ (၅)
လ လောက်မှာ၊ (၄) လကျော် လောက်မှာ သူက ဘာလုပ် လာသလဲ ဆိုတော့ ရာအိမ်မှူး ဦးမြသောင်း ကနေ ပြီးတော့ ဒီလူနာ တွေကို သူက ဧည့်စာရင်း မပေးတော့ဘူး။ မပေး နိုင်ဘူး၊ မပေး တော့ဘူး၊ အိမ်ရှင်နဲ့ ရှင်းပါလို့ ပြောတယ်။ အဲလို ဆိုတော့ အိမ်ရှင်က နေတာက တခြား ဆိုတော့ သူတို့က ကိုယ် ဆေးခန်း ပြရမဲ့ ကိုယ့် ကျန်းမာရေး ကိစ္စ ကလဲ
ရှိသေးတာ ဆိုတော့ အဲလိုမျိုး မရှင်း နိုင်ဘူးပေါ့။ မရှင်း နိုင်တဲ့ အခါ မှာပဲ သူက အဲလိုပဲ အိမ်ရှင်ကို သူကိုယ်တိုင် ခေါ်လာတယ်။ ဒီလူတွေ တင် မထားဘို့၊
နောက်ပြီးတော့ တရက်လဲ ကျတော့ ကျနော်တို့ ဝေဒနာ သည်တွေ ဘက်က ဧည့်စာရင်း သွားတိုင်တယ်။ ဧည့်စာရင်း စာရွက် ပြန်မရတာ တခုပဲ။ ဧည့်စာရင်း သွားတိုင်တယ်။ ပြောတယ်။ ဆိုတယ်။ တရက်လဲ ကျတော့ ဧည့်စာရင်း ဝင်စစ် ပြီးတော့ ဝင်ဖမ်း တယ်ပေါ့။ ဝင်ဖမ်းတော့ အဲဒီ အထဲက ဝေဒနာသည် တယောက် မြို့သစ်က ကိုခင်မောင်ဦး ဆိုတဲ့ လူကို သူတို့ ဖမ်းခေါ် သွားတယ်။ ခေါ်သွား ပြီးတော့ ရယက ရုံးမှာ မဟုတ်ဘဲနဲ့ လဖက်ရည်ဆိုင်မှာ ကိုခင်မောင်ဦးကို မင်းက ဘာ ရောဂါသည်လဲ၊ မင်းတို့ အဲလိုမျိုး နေတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး အတင်းရော အကာရော အရှက် တကွဲ အကျိုးနည်း ဖြစ်အောင် ခြိမ်းခြောက် ပြီးတော့ ဒီရောဂါသည် ပါဆိုတာကို မပေါ်ပေါ်အောင် လျှောက်ပြော ပြီးမှ၊ နောက်ဆုံးလဲ ကျရော အိမ်ရှင်ကို ဖိအားပေး အကြပ်ကိုင် ပြီးတော့ သူတို့က နှင်ချ လိုက်တယ်။"
AIDS ရောဂါ သည်တွေ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးနေတဲ့ လူငယ် တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ အတွင်း မှာပဲ ဖြစ်ပွား ခဲ့တဲ့ နောက်ဖြစ်ရပ် တခု ကတော့ HIV/AIDS
ဝေဒနာ ရှင်တွေ စုပေါင်း ပြုလုပ်တဲ့ ဝါဆို သင်္ကန်း ကပ်လှူပွဲကို အာဏာပိုင် တွေက ခြိမ်းခြောက် တားမြစ် ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ အလှူပွဲကို ကူညီ ပေးတဲ့သူ (၁၁)
ဦးကိုလဲ (၁) ညကြာ ဖမ်းဆီး စစ်ဆေး ခဲ့ပါတယ်။
ကမ္ဘာ တဝှမ်း HIV/AIDS ရောဂါ တိုက်ဖျက်ရေး အတွက် လူငယ် တွေဟာ သိပံ္ပ ပညာ ရှင်တွေ၊ စီမံကိန်း မူတွေ၊ မူဝါဒ ချမှတ် သူတွေနဲ့ ပူးပေါင်းပြီး အဓိက အခန်းကဏ္ဍ ကနေ ပါဝင် ဆောင်ရွက် ကြဖို့ ကုလ သမဂ္ဂ AIDS ရောဂါ ဆိုင်ရာ အဖွဲ့ကြီးက နှိုးဆော် တိုက်တွန်း နေချိန် မှာပဲ နအဖ အာဏာပိုင်
တွေကတော့ ဒီရောဂါ ကယ်ဆယ်ရေး လုပ်ငန်း တွေမှာ ကူညီ ဆောင်ရွက် ပေးနေတဲ့ သူတွေကို တားဆီး နှောက်ယှက် တာတွေ ပြုလုပ် ခဲ့တာလဲ တွေ့ရ ပါတယ်။
"ဦးဇင်းတို့ မဟာစည် ရိပ်သာကို ကြံ့ဖွံ့ အဖွဲ့ဝင် မြင့်ဆွေ ဆိုတဲ့ လူတယောက်က လာပြီးတော့ ဦးဇင်း ဟာတဲ့ HIV ကိစ္စ တွေကို ဆောင်ရွက် နေပါတယ် တဲ့။ အဲဒီတော့ ရဟန်း တပါး အနေနဲ့ ဒီလို မဖွယ် မရာ ကိစ္စ တွေကို ဆောင်ရွက်ဖို့ မသင့် ပါဘူးတဲ့။ ကျောင်းကိုလဲ သိက္ခ္ခာ ကျပါတယ်။ ဆရာတော်ကြီး ကိုလဲ သိက္ခ္ခာ ကျပါတယ် တဲ့။ ဒါကြောင့်မို့လို့ ဦးဇင်းကို ဒီကျောင်းမှာ မထားသင့် ပါဘူး ဆိုပြီးတော့ လာပြီးတော့ လျှောက်တယ်။ နောက် (၂၂)
ရက်နေ့ ကျတော့ မြို့နယ် သံဃာ့ မဟာ နာယက ကနေ ပြီးတော့ ဦးဇင်းကို ဆင့်ခေါ်တဲ့ အတွက် သွားရတယ်။ သွားတော့ အဲဒီ သာသနာရေး ဦးစီးမှူးနဲ့ မဝတက လာလျှောက်လို့ ပါတဲ့။ ဦးဇင်းက HIV ကိစ္စ တွေကို ဆောင်ရွက် နေတယ် ပေါ့နော်။ အဲဒီတော့ အဲဒီ ကိစ္စ တွေကို မဆောင်ရွက် ပါနဲ့တဲ့။"
HIV/AIDS ရောဂါ ကယ်ဆယ်ရေး လုပ်ငန်း တွေကို ဆက်မလုပ်ဘို့ အာဏာပိုင် တွေရဲ့ ဖိအားပေး တားမြစ် ခံခဲ့ရသူ ရေနံချောင်းမြို့ မဟာစည် ရိပ်သာ ကျောင်းတိုက်က ဦးဇင်း ဦးအိန္ဒရိယ ကိုယ်တိုင် မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။ အာဏာပိုင် တွေဟာ ဦးဇင်း ဦးအိန္ဒရိယကို ရောဂါရှင်တွေ အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်မလုပ်ဘို့ တားမြစ် ရုံမက သီတင်းသုံး နေတဲ့ ကျောင်းတိုက်မှာ ဆက်မနေ နိုင်အောင် ကျောင်းထိုင် ဆရာတော်ကြီး ကနေ တဆင့် ဖိအားပေး နှင်ထုတ် ခဲ့ပါတယ်။
အခုလို HIV/
AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ အပေါ် နအဖ အာဏာပိုင် တွေက ဟန့်တား နှောက်ယှက် မှုတွေ လုပ်နေ တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္က္ကသိုလ်က ပါမောက္ခ ဒေါက်တာ ခရစ်စ်ဘိုင်ယာက အခုလို ဝေဖန် ပါတယ်။
"ဒါကတော့ စက်ဆုပ်ဖွယ် ကိစ္စ ပါပဲ။ ဒါဟာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက် တာလဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ဆေးဝါး ကုသခွင့်၊ လွတ်လပ်စွာ သတင်း အချက်အလက် ရယူခွင့်၊ လူ့အဖွဲ့ အစည်းမှာ လွတ်လပ်စွာ ပါဝင် လှုပ်ရှားခွင့် တွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာ ဖြစ်ပါတယ်။ လူတိုင်းဟာ အကူအညီ အမှန်တကယ် လိုအပ် နေတဲ့ အောက်ခြေ လူထုကို လွတ်လပ်စွာ ကူညီခွင့် ရှိရ ပါမယ်။ ဒါပေမဲ့ စစ်အစိုးရ ကတော့ လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ကို အင်မတန် ကြောက်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကိစ္စ္စ လို့လဲ ကျနော် ပြောချင် ပါတယ်။"
မြန်မာ နိုင်ငံရဲ့ AIDS ရောဂါ အခြေအနေ အကြောင်း အစီရင်ခံစာ ထုတ်ပြန် ခဲ့ဖူးသူ ဒေါက်တာ ခရစ်ဘိုင်ယာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ HIV/ AIDS
ရောဂါ ကူးဆက် ပျံ့ပွားမှု အခြေအနေ ကရော ဘယ်လို ရှိပါလဲ။
"အရမ်းကို များလာတာ။ အရမ်းများ လာတာ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ (၂)
နှစ်၊ (၃) နှစ်လောက် တုန်းက ဝင်တဲ့ ရောဂါသည် တွေက အခု အကုန်လုံးက ရောဂါ လက္ခ္ခဏာတွေ ပြကုန်ပြီလေ။ အတော်တော် များများကို ဖြစ်လာ ကြတာ။ အခု လောလောဆယ် တွေ့ရ တာလေ။ နောက် သေဆုံးမှု နှုန်းတွေလဲ တအား များလာတာ တွေ့ရတယ်။ ဒီမှာ ကတော့ ဘယ်လိုမှ ခန့်မှန်းလို့ မရ လောက်ဘူး။ တော်တော် များများက ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ဆေးရုံ ဆေးခန်း မသွားတာ တွေလဲ အများကြီးပဲ။ နောက်တခုက ဆေးရုံ ဆေးခန်း တွေကလဲ ဒီမှာ ဆိုရင် ဝေဘာဂီ ဆေးရုံ ရှိတယ်။ အထူးကု ဆေးရုံ ကလဲ တရားဝင် တိတိကျကျ ဘာမှ စာရင်း ထုတ်ပြန်တာ မရှိဘူးလေ။ သူတို့ ဆီမှာ တော်တော် များများ ကလဲ သေဆုံး နေကြ တာပဲလေ။ စာရင်း ထုတ်ပြန်မှု မရှိဘူး။ နောက် ကျန်းမားရေး ဌာန တွေကလဲ စာရင်းက သေသေချာချာ ဘာမှ မလုပ်ထားတဲ့ အခါကျတော့ ဒီမှာ ဘယ်လောက်နှုန်း တက်နေတယ် ဆိုတာ အသေအချာ ပြောလို့ မရ ပေမဲ့ အကုန်လုံး ကတော့ သိနေတယ်။ ဖြစ်နေတဲ့ နှုန်းတွေ တအား တိုးတက် နေတာကို လူတိုင်း သိတယ်။ တအားကို၊ အများကြီးကို ဖြစ်နေတာ ပေါ့နော်။ နေရာ တိုင်းမှာ။"
AIDS ရောဂါ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေတဲ့ မဖြူဖြူသင်း ပြောပြ ခဲ့တာပါ။ (၂၀၀၆)
ခုနှစ် အတွင်း ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကို ပြန်ကြည့်မယ် ဆိုရင်လဲ တိုးတက် ကောင်းမွန် လာတာ မတွေ့ရဘဲ ဆုတ်ယုတ် ကျဆင်း သွားတာ ကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။
မနှစ်က နိုဝင်ဘာလ ကတည်းက အကျဉ်းထောင် တွေထဲ ဝင်ရောက်ခွင့် ပိတ်ထားတဲ့ ICRC ကိုလဲ အခုနှစ် ကုန်တဲ့ အထိ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ ပါဘူး။ အစ ကတည်းက ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျ မရှိတဲ့ နအဖရဲ့ အကျဉ်းထောင် တွေထဲက အကျဉ်းသား တွေအတွက် စိုးရိမ်စရာ ဖြစ်လာ ခဲ့ရပါတယ်။ အထူးသဖြင့် တမင် နှိပ်ကွပ် ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေအတွက် ပိုပြီး စိုးရိမ်စရာ ဖြစ်လာ ပါတယ်။ ထောင်းတွင်း သေဆုံးသူ အရေအတွက် ကလဲ အရင်ကထက် ပိုများ လာပါတယ်။
နိုင်ငံရေး အကျဉ်းသား တွေဖြစ်တဲ့ ကိုခင်မောင်လွင်၊ ကိုသက်ဝင်းအောင်နဲ့ ဦးမြင့်သန်း တို့ကို
ထိရောက်တဲ့ ဆေးဝါး ကုသမှု မရတဲ့ အတွက် ထောင်တွင်း မှာပဲ သေဆုံး ခဲ့ရပါတယ်။ (၂၀၀၆) ခုနှစ် အတွင်း ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု တိုးတက် ဆုတ်ယုတ်မှု အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP)
က အခုလို သုံးသပ် ပြောပြ ပါတယ်။
"(၂၀၀၆) ခုနစ်မှာတော့ ထောင်က ဆေးဝါး ကုသမှု ညံ့ဖျင်း လို့ပဲ ရောဂါတွေ တိုးပွား လာတယ် ပေါ့နော်။ အဓိက ကတော့ အစား အသောက်တွေ မကောင်းတာတို့ ထောင်ထဲမှာ နေရာ ချထား တာတွေ များတာ၊ နောက်တခုက ဆေးဝါး ကုသမှုက ICRC မဝင်တော့ဘူး ဆိုတဲ့ နောက်ပိုင်းမှာ ပိုဆိုး လာတယ်။ အထူး သဖြင့်တော့ ကျန်းမာရေး မကောင်းဘူး ဆိုရင် ချက်ချင်း သမားတော်နဲ့ ပြရမဲ့ ဟာကို သူတို့က ထောက်လှမ်းရေးနဲ့ အဆင့်ဆင့်ကို တင်ပြ ရတယ်။ ဒီမှာက ရောဂါက ကျွမ်းနေပြီ။ သူတို့ ကိုယ်၌က ဒါကို နိုင်ငံရေး သမားတွေ အပေါ်မှာ စေတနာ မထားတာလဲ ပါမှာ ပေါ့နော်။"
AAPP ပြောခွင့်ရ ပုဂ္ဂိုလ် ကိုတင်လှိုင် ဖြစ်ပါတယ်။
(၂၀၀၆) ခုနှစ်ရဲ့ ပညာရေး ကဏ္ဍကို ကြည့်မယ် ဆိုရင်လဲ ပညာရေး စနစ် မြင့်မား လာခြင်း မရှိဘဲ ပညာသင် စရိတ်တွေ ကသာ တနှစ်ထက် တနှစ် ပိုပိုတိုး လာတဲ့ အကြောင်း ပြည်သူတွေရဲ့ ငြီးငြူ ပြောပြ သံတွေပဲ ကြားနေ ခဲ့ရ ပါတယ်။ လက်ရှိ နအဖ ခေတ် ပညာ သင်ကြားရေး စနစ်နဲ့ ပတ်သက်ပြီး သတင်းစာ ဆရာကြီး လူထု စိန်ဝင်းက အခုလို သုံးသပ် ပြောကြား ထားပါတယ်။
"ဆရာတို့ ဗမာပြည် ပညာရေး သင်ကြားရေးဟာ ဘုန်းတော်ကြီးကျောင်း ပညာရေး စနစ်မျိုး ဖြစ်နေတယ်။ အာဂုံဆောင်၊ အလွတ်ကျက် တာပဲ။ ဆရာသင်တဲ့ အတိုင်း Text Book ထဲက ရေးထားတဲ့ အတိုင်း (၏/သည်)
မလွဲ ပြန်ရေး တတ်မှ စာမေးပွဲ အောင်တယ်။ ကိုယ့်စကားနဲ့ကိုယ် ပြန်ရေး ပြီးတော့ (၏/သည်)
လွဲသွားရင် အမှတ် လျှော့တယ်။ အဲဒီတော့ ကျောင်းသား တွေဟာ ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစားတယ်၊ တွေးခေါ်တယ် ဆိုတာ မရှိတော့ဘူး။ ဆရာကို အားကိုးမယ်၊ Text Book ကို အားကိုးမယ်၊ ကျူရှင်ကို အားကိုး ပြီးတော့ အဲဒီ ဟာတွေကို အလွတ်ကျက် တာပဲ။ အလွတ်ကျက် တတ်ရင် စာမေးပွဲ အောင်သွားတာပဲ။
အဲလိုနဲ့ ဘွဲ့တွေ ရလာတယ်။ ဘာတတ်သလဲ။ ဘာမှ မတတ်ဘူး ဖြစ်နေတယ်။"
သတင်းစာ ဆရာကြီး လူထု စိန်ဝင်း ဖြစ်ပါတယ်။
အခုနှစ် အောက်တိုဘာလက ထုတ်ပြန် ခဲ့တဲ့ အာရှ ဖွံ့ဖြိုးရေး ဘဏ်ရဲ့ အစီရင် ခံစာမှာလဲ မြန်မာနိုင်ငံဟာ ကုလ သမဂ္ဂ္ဂက ချမှတ် ထားတဲ့ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ဖွံ့ဖြိုးရေး စီမံချက် တွေကို ဖော်ဆောင် ရာမှာ အလွန် နောက်ကျ ကျန်နေ ခဲ့ပြီး ကမ္ဘာ့ အနိမ့်ဆုံး (၁ဝ)
နိုင်ငံ စာရင်းဝင် နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။




