၂၀၀၈
ခုနှစ်အတွင်း အိတ်(စ်)ရောဂါဖြင့် သေဆုံးသူ နှစ်သန်းအနက် ၇၀ ရာခိုင်နူန်းမှာ အာဖရိကတိုက်ရှိ
ဆာဟာရတိုက်ခွဲမှ ဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း
သိရသည်။ ၂၀၀၈ ခုနှစ်တွင် HIV ရောဂါပိုး ကူးစက်မှုပေါင်း ၂.၇ သန်း ထပ်မံပေါ်ပေါက် လာခဲ့ခြင်း HIV ရောဂါပိုး ကူးစက်သူ စုစုပေါင်း ၃၃.၄ သန်း ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အိတ်ခ်ျအိုင်ဗွီ
(HIV) ရောဂါပိုး ကူးစက်ခံစားရပြီးသူ ၆၇ ရာခိုင်နူန်းနှင့် ထပ်မံကူးစက်ခံရသူ ၉၁ ရာခိုင်နူန်းတွင်
အသက် ၁၅ နှစ်အောက် ရောဂါပိုး ကူးစက်ခံရသူတို့မှ ဆာဟာရ တိုက်ခွဲမှ ဖြစ်သည်ဟု ဆိုသည်။
အိတ်ခ်ျအိုင်ဗွီ (HIV) ကူးစက်ခံထားရပြီးသူ ၄၂ ရာခိုင်နှုန်းမှာ ကုသမှု ခံယူခဲ့ပြီး ၀င်ငွေနည်းပါးသော
နိုင်ငံများမှ ရောဂါကူးစက် ခံထားရသော ကလေးငယ် ၃၈ ရာခိုင်နှုန်းမှာ ကုသမှု ခံယူခွင့် ရရှိခဲ့ကြောင်း
သိရသည်။
အိတ်(စ်)ရောဂါ
(AIDS) ကာကွယ်ရေးနှင့် ကုသရေးအတွက် အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံ သုံးစွဲမည် ဖြစ်ပြီး
၂၀၁၀ ပြည့်နှစ်တွင် ၂၅ ဘီလီယံ သုံးစွဲသွားနိုင်ရန် မျှော်လင့်လျက် ရှိကြောင်း အစီရင်ခံစာတွင်
ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်
ရှစ်နှစ်အတွင်း အိတ်ခ်ျအိုင်ဗွီ ရောဂါအသစ် ထပ်မံကူးစက် ခံရသူများအနက်မှ ၁၇ ရာခိုင်နူန်း
ကျော်အား ကမ္ဘာ့တစ်ဝန်း HIV ကာကွယ်ရေး အစီအစဉ်အားဖြင့် လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
လေလွင့်သူ
December
6, 2009
Ummgfamily
- ၂၀၀၈ ခုနှစ်အတွင်း အိတ်(စ်) (AIDS) ရောဂါကြောင့် သေဆုံးသူဦးရေ နှစ်သန်းခန့်ရှိ




