၂၀၀၈ ခုနှစ်အတွင်း AIDS ရောဂါဖြင့်
လူ နှစ်သန်းခန့် သေဆုံးခဲ့သည်။ ယင်းအနက် ၇၀% သည် အာဖရိကဆာဟာရ၀န်းကျင်ဒေသမှ ဖြစ်သည်ဟု
UNAIDS နှင့် WHO မှ ထုတ်ပြန်သော အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ထိုနှစ်တွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းသည်
၂.၇ သန်းဖြစ်၍ တကမ္ဘာလုံးတွင် HIV ရောဂါနှင့် နေထိုင်နေသူပေါင်း ၃၃.၄ သန်း ဖြစ်သည်။
HIV ပိုးသယ်ဆောင်သူ ၆၇ % နှင့် လောလောလတ်လတ် ကူးစက်ခံရသူ ၉၁ %သည် ဖော်ပြပါ အာဖရိကဆာဟာရ၀န်းကျင်မှ ၁၅ နှစ်အောက်
ကလေးများဖြစ်ကြသည်။
ဝင်ငွေနိမ့်ကျသော နိုင်ငံများမှ ရောဂါကူး စက်ခံရသူ
ကလေးသူငယ်ပေါင်း ၃၈% သာ ဆေးဝါး ကုသမှု ခံကြရသည်။ HIV ကာကွယ်တားဆီးရေး အစီအစဉ်များ၏ ထိရောက်မှုကြောင့်
လွန်ခဲ့သောနှစ်တွင် HIV ကူးစက် ခံရသူပေါင်းသည် ၁၇% သို့ လျော့ကျသွားခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အချို့သော ဒေသများမှ
ကူးစက်အန္တရာယ်မြင့်မားသော လူစုများတွင် လျင်မြန်စွာပျံ့ပွားလျက်ရှိသည်။ (ဆင်ဟွာ)
ခောတ်လူငယ် - ၂၀၀၈ ခုနှစ်အတွင်း
AIDS ရောဂါဖြင့် လူ နှစ်သန်းခန့် သေဆုံး




