၂၀၀၈ ခုနှစ် ဇန်န၀ါရီတွင် ဒုတိယအကြိမ်မြောက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ရန်ရှိ
ဒေသခံအဖွဲ့အစည်းငယ်များ အကျုံးဝင်လိမ့်မည် ဖြစ်သည်။
(ဟင်း မ်) မော်ဒရေတာ
++++++++++++++++++++
၂၀၀၈ ခုနှစ် ဇန်န၀ါရီတွင် ဒုတိယအကြိမ်မြောက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ရန်ရှိ
တီဘီအဆုတ်နာရောဂါ (TB)၊ ငှက်ဖျားရောဂါ၊ အိပ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ်ရောဂါများကြောင့် ခံစားနေရသော ဒုက္ခဝေဒနာများအား ဖြေရှင်းကူညီပေးနေသော ဒေသခံအဖွဲ့အစည်းများအား မည်ကဲ့သို့ကူညီထောက်ပံ့ရန်နှင့် ၄င်းအဖွဲ့အစည်းများ၏
လုပ်နိုင်စွမ်းများအား ကူညီတည်ဆောက်ပေးရန်အတွက် ၂၀၀၇ ခုနှစ်ပြုလုပ်သော အရေးပါသော လေ့လာမှုတခုပြုလုပ်ပြီး နောက်ဆက်တွဲအဖြစ် ရောဂါသုံးမျိုးရံပုံငွေ (3DF) သည် ၂၀၀၈ ဇန်န၀ါရီလအကုန်တွင် Expressions of Interest (EOIs 2)
အတွက် ဒုတိယအကြိမ်မြောက် စတင်ဆောင်ရွက်ရန် သဘောတူခဲ့ပြီ ဖြစ်သည်။
ဒေသခံနှင့် လူထုအခြေပြုအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ပေးမှုအား အရှိန်မြှင့်၊ ချဲ့ထွင်ခြင်းမှာ လူသူမရောက်၊
လုပ်ငန်းမပေါက်သေးသောနေရာများတွင် ထောက်ပံ့ပေးရန် ငွေကြေးအကူအညီများ ရောက်ရှိရန်အလို့ငှာ 3DF ၏ အဓိအရေးပါသော လုပ်ငန်းတရပ်ဖြစ်သည်။
ထို့ကြောင့် ယခုအကြိမ် ဒုတိယအကြိမ်ဘဏ္ဍာငွေထောက်ပံ့မှုတွင် 3DF သည် အငယ်စားထောက်ပံ့မှု (အမေရိကန်ဒေါ်လာ တစ်သိန်း နှင့် ထိုထက်မနည်းသောပမာဏ) အား ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် စတင်မည့်လုပ်ငန်းများအတွက် ဒေသခံနှင့် လူထုအခြေပြုအဖွဲ့အစည်းကို အဓိကပစ်မှတ်ထား ရည်စူးထားသည်။
ဒုတိယအကြိမ် ငွေကြေးထောက်ပံ့မှုနှင့်သက်ဆိုင်သော ရည်ညွှန်းချက်အား မကြာမှီအချိန်အတွင်း ရရှိလိမ့်မည်ဖြစ်သည်။
တချိန်တည်းတွင် စိတ်ဝင်စားသောဒေသခံအဖွဲ့အစည်းများသည် ငွေတောင်းလွှာများပြင်ဆင်ရန် သို့မဟုတ် ဆက်စပ်နိုင်သော နည်းလမ်းများကို ရှာဖွေစဉ်းစားထားနိုင်သည်။ EOI Round 2 အား တရားဝင် မကြေငြာခင်အချိန်အတွင်း ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍
အောက်ဖေါ်ပြပါ ၀ဘ်ဒ်ဆိုက်ပါ ဆက်သွယ်ရန် စာမျက်နှာတခုတည်းကိုသာ အသုံးပြုပါ။
http://3dfund.org/contact
or
email info3df@unops.org
http://3dfund.org/EOIRound2_launch




