11
Mar

၂၀၁၀ ပြည့်နှစ်အတွင်း HIV ပိုးကူးစက်ရန် အန္တရာယ်ရှိဦးရေ ၁၃၅၀၀၀ ကျော်အား ပညာပေး

၂၀၁၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
HIV ပိုးကူးစက်ရန် အန္တရာယ်ရှိသော လူငယ် လူရွယ်များ၊ လုပ်သားများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ
အပါအ၀င် ပြည်သူလူထု စုစုပေါင်း ၁၃၅၀၀၀ ကျော်အား HIV ပိုးနှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေးနိုင်ခဲ့ကြောင်း
သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း HIV ပိုးနှင့် ပတ်သက်၍ ပြည်သူလူထုအား
ရောဂါကာကွယ်ရေး ပညာ ပေးလုပ်ငန်းများ ပြုလုပ်ရာတွင် လုပ်ငန်းစဉ်ကြီး နှစ်ရပ်ခွဲခြားကာ
အသိပေးဆွေးနွေးတင်ပြခြင်း၊ ဟော ပြောပွဲများ ပြုလုပ်ခြင်း၊ Mass Media များမှတစ်ဆင့်
ပညာပေး အချက်အလက်များ ထည့်သွင်းဖော် ခြင်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ
အမျိုးသမီးရေးရာအသင်း၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း စသည့်အဖွဲ့အစည်းများ၊
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်း
ဆောင်ရွက်မှုများဖြင့် ကျေးလက်ဒေသအဆင့်အထိ ပညာပေး ဆွေးနွေးခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု
သိရသည်။ လစဉ်စာစောင် အမျိုးအစားပေါင်း ၃၀ကျော် မှတစ်ဆင့် HIV ပိုးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေး
အချက်အလက်များကို ဖော်ပြကာ ပညာပေျးက် ရှိကြောင်း သိရသည်။

ပညာပေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စာသင်ကျောင်းများအားလုံးတွင်
National Life Skill Curriculum (ဘ၀တွက်တာ ကျွမ်းကျင်စရာ) သင်ရိုးအဖြစ် HIV /AIDS ပညာပေးသင်ခန်းစာများကို
သင်ကြားပေး နေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံထားရသူနှင့် AIDS ရောဂါဝေဒနာ
ခံစားနေရသူ ခန့်မှန်းရေအတွက် မှာ စုစုပေါင်း၂၃၈၀၀၀ဦးရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၀၀
ပြည့်နှစ်တွင် အသက်အုပ်စု ၁၅နှစ်မှ ၄၉ နှစ် အကြားတွင် HIV ဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ
၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် တွင် ၀ ဒသမ ၆၁ ရာ ခိုင်နှုန်းသို့ လျော့ကျသွားကြောင်း
သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်သည် HIV ပိုးကူး စက်မှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း
သိရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
HIV ပိုးကူးစက်ရန် အန္တရာယ်ရှိသော လူငယ် လူရွယ်များ၊ လုပ်သားများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ
အပါအ၀င် ပြည်သူလူထုစုစုပေါင်း ၁၃၅၀၀၀ ကျော် အား HIV ပိုးနှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေးနိုင်ခဲ့ကြောင်း
သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း HIV ပိုးနှင့် ပတ်သက်၍ ပြည်သူလူထုအား
ရောဂါကာကွယ်ရေး ပညာ ပေးလုပ်ငန်းများ ပြုလုပ်ရာတွင် လုပ်ငန်းစဉ်ကြီး နှစ်ရပ်ခွဲခြားကာ
အသိပေးဆွေးနွေးတင်ပြခြင်း၊ ဟော ပြောပွဲများ ပြုလုပ်ခြင်း၊ Mass Media များမှတစ်ဆင့်
ပညာပေး အချက်အလက်များ ထည့်သွင်းဖော် ခြင်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း လူမှုရေး အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံ
အမျိုးသမီးရေးရာအသင်း၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း စသည့်အဖွဲ့အစည်းများ၊
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်း
ဆောင်ရွက်မှုများဖြင့် ကျေးလက်ဒေသအဆင့်အထိ ပညာပေး ဆွေးနွေးခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု
သိရသည်။ လစဉ်စာစောင် အမျိုးအစားပေါင်း ၃၀ကျော် မှတစ်ဆင့် HIV ပိုးနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေး
အချက်အလက်များကို ဖော်ပြကာ ပညာပေးလျက်ရှိ ကြောင်း သိရသည်။

ပညာပေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စာသင်ကျောင်းများအားလုံးတွင်
National Life Skill Curriculum (ဘ၀တွက်တာ ကျွမ်းကျင်စရာ) သင်ရိုးအဖြစ် HIV /AIDS ပညာပေးသင်ခန်းစာများကို
သင်ကြားပေး နေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံထားရသူနှင့် AIDS ရောဂါဝေဒနာ
ခံစားနေရသူ ခန့်မှန်းရေ အတွက် မှာ စုစုပေါင်း၂၃၈၀၀၀ဦးရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၀၀
ပြည့်နှစ်တွင် အသက်အုပ်စု ၁၅နှစ်မှ ၄၉ နှစ် အကြားတွင် HIV ဖြစ်ပွားမှုနှုန်းမှာ ၀ ဒသမ
၉၄ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းသို့ လျော့ကျသွားကြောင်း
သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်သည် HIV ပိုးကူးစက် မှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း
သိရသည်။

ELEVEN MEDIA GROUP - ၂၀၁၀
ပြည့်နှစ်အတွင်း HIV ပိုးကူးစက်ရန် အန္တရာယ်ရှိဦးရေ ၁၃၅၀၀၀ ကျော်အား ပညာပေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top