ဝါရှင်တန် ။ ။ ကြာသပတေးနေ့တွင် ထွက်ရှိလာသည့် သိပ္ပံဂျာနယ်တွင် ဖော်ပြရာ၌ ၂၀၁၁ ခုနှစ် အတွက် သိပ္ပံပညာရပ်ဆိုင်ရာ ထိုးဖောက်တည်ထွင်နိုင်မှု အတွက် HPTN 052 အမည်ရ စမ်းသပ်အဆင့် HIV ရောဂါကုဆေးကို သတ်မှတ်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ တွေ့ရှိချက်အရ HIV ရောဂါ ကူးစက်ခံရသည့် လူမှာ ၎င်းအနေဖြင့် ရောဂါပိုးများ များစွာ မပျံ့နှံ့သေးပါက ကိုယ်ခံစွမ်းအား အတော်အသင့် ကောင်းမွန်နေသည့် အချိန်မှစတင်ပြီး ယင်းဆေးကို သောက်သုံးလျင် ၎င်းနှင့် လိင်ကွဲ ဆက်ဆံဘက် ရောဂါပိုး မရှိသူအား HIV ရောဂါကူးစက်နိုင် မည့်ဘေးမှ ၉၆ ရာခိုင်နှုန်းအထိ တားဆီးနိုင်ကြောင်း သိရသည်။
ယခုလို တွေ့ရှိချက်ကို လွန်ခဲ့သည့် မေလက စတင်ကြေငြာခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လသို့ အရောက်တွင် New England ဆေးပညာ ဂျာနယ်၌ ဖော်ပြခဲ့သည်။ ယင်းလေ့လာမှုကို U.S. National Institute of Allergy and Infectious Diseases (NIAID) မှ ထောက်ပံ့ပေးပြီး လုပ်ဆောင်စေခဲ့ခြင်း ဖြစ်ကာ အမျိုးသား ကျန်းမာရေးအဖွဲ့အစည်း၏ စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ ယခုလို တွေ့ရှိ ချက်အရ စမ်းသပ်ဆဲ ဖြစ်သည့် HPTN 052 ဆေးမှာ HIV ရောဂါပိုးရှိသူများကို ရောဂါပျံ့ပွားမှုမရှိစေရန် ထိန်းချုပ်စေနိုင်ရုံသာမက ၎င်း၏ လိင်ဆက်ဆံ ဖက်ကိုလည်း ရောဂါကူး စက်နိုင်မှု့မှ ကင်းစေမည့် အကျိုးကို ပေးနိုင်ကြောင်းလည်း NIAID မှဒါရိုက်တာဖြစ်သူ Anthony Fauci မှပြောကြား သွားခဲ့သည်။
MRTV-4 - ၂၀၁၁ ခုနှစ်အတွက် သိပ္ပံတီထွင်မှုတွင် HIV ဆေးသစ်မှ ဆွတ်ခူး




