28
Apr

၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး

အခု ၂၀၁၂ ခုနှစ်မှာ HIV/ AIDS လျော့နည်း ပပျောက်ရေး လုပ်ငန်း စီမံချက်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပူးပေါင်း ဆွေးနွေးမှု တစ်ခုကို ဧပြီလ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ တို့မှာ နှစ်ရက်တာ ကျင်းပလျက် ရှိပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနဲ့ ပြည်တွင်းရှိ NGO/ INGO အဖွဲ့အစည်းတွေ၊ မီဒီယာ သမားတွေ တက်ရောက်ကာ ၀ိုင်းဝန်း ဆွေးနွေးလျက် ရှိကြတာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အဖွဲ့အစည်း တစ်ခုစီ အလိုက် ဆောင်ရွက် လျက်ရှိတဲ့ HIV/AIDS လုပ်ငန်း စီမံချက် ဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပြီး ဖြစ်တဲ့ လုပ်ငန်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်မယ့် လုပ်ငန်း ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်း တစ်ခုစီရဲ့ ရရှိတဲ့ အကျိုး ရလဒ်တွေ၊ လိုအပ်ချက်တွေ အပေါ် မူတည်ပြီး အခု ၂၀၁၂ ခုနှစ်ရဲ့ ဆောင်ရွက်မယ့် လုပ်ငန်း အစီအစဉ်တွေကို ပူးပေါင်း ဆွေးနွေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမှာ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်း ဆောင်ရွက် လုပ်ကိုင်မှု အလိုက် ပူးပေါင်း ဆောင်ရွက်မှု တွေပြုလုပ်ဖို့နဲ့ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ လိုအပ်ချက် တွေကို ကဏ္ဍအလိုက် ခွဲခြားကာ အစီအစဉ် ရေး ဆွဲမှုတွေကိုလည်း ဆောင်ရွက်ခဲ့ ကြတယ်လို့ သိရပါတယ်။

MRTV-4 - ၂၀၁၂ ခုနှစ် HIV/AIDS လုပ်ငန်း စီမံချက်များ အတွက် အဖွဲ့အစည်း အသီးသီး ပူးပေါင်း ဆွေးနွေး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top