17
Oct

၂၀၁၆ တွင် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အားလုံးနီးပါးကို ART ဆေး ပေးနိုင်မည်

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၀၆ ခုနှစ်ကျရင်  အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး  ဆေးစားဖို့ လိုနေသူအားလုံးရဲ့ ၁၀ ပုံ ၉ ပုံ နီးပါးကို ART ရောဂါတန့်ဆေးဝါး အကူညီပေးနိုင်မယ်လို့ မြန်မာနိုင်ငံ အမျိုးသား AIDS ရောဂါတိုက်ဖျက်ရေး အစီအစဉ်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ  အိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံနေရ သူပေါင်း ၁၉၂၀၀၀ လောက်ရှိတဲ့အနက် ဆေးစားဖို့ လိုနေသူပေါင်းက ၁၂၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားတာပါ။

လက်ရှိ ရောဂါကူးစက်ခံနေရသူတွေရဲ့ တ၀က်ကျော်လောက်ကို အစိုးရနဲ့ အန်ဂျီအို တွေက ဆေးဝါး ကူညီပေးနိုင်သေးတာပါ။

ဒေါက်တာ ထွန်းညွန့်ဦးကတော့  အခု ၂၀၁၄ မှာ ဝေဒနာရှင်  ၇၆၀၀၀ ကျော်၊  ၂၀၁၅ မှာ ၁ သိန်းကျော်နဲ့ ၂၀၁၆ မှာ လိုအပ်ချက်ရဲ့ ၈၈ ရာခိုင်နှုန်းဖြစ်တဲ့ ၁ သိန်း ၁ သောင်းကျော်အထိ ပေးနိုင်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။

ဒ့ါပြင် လာမယ့်နှစ်ကုန်မှာ မြန်မာပြည်တ၀ှမ်း မြို့နယ်ပေါင်း ၁၀၀ ကျော်က  ပြည်သူ့ဆေးရုံတွေမှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေအတွက် အခမဲ့  ဆေးကုနိုင်အောင် အစိုးရက စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

DVB - ၂၀၁၆ တွင် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အားလုံးနီးပါးကို ART ဆေး ပေးနိုင်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top