30
Jun

(၂၂) ကြိမ်မြောက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေး လုပ်ငန်းအဖွဲ့ မန္တလေးတွင် လုပ်ငန်းညှိနှိုင်း

မန္တလေး၊ ဇွန် ၂၇ - (၂၂) ကြိမ်မြောက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေး လုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးမြို့ ဟိုတယ်ရွှေပြည်သာ ခန်းမ၌ ဇွန်၂၄ ရက်က ကျင်းပရာ အာဆီယံ ၁ဝ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြောင်း သိရသည်။

''၂ဝ၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းများအရ တောင်နဲ့အရှေ့တောင် အာရှဒေသမှာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါပိုး သယ်ဆောင်ထားသူ ၃၅ သန်း နေထိုင်တယ်လို့ သိရပါတယ်။ ဒီရောဂါပိုး သယ်ဆောင်ထားသူများဟာ ဦးတည်အုပ်စု ဖြစ်တဲ့ ပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးဝါး အကြောထဲထိုးသွင်း ထားသူများ အများဆုံး ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်း ၂ဝ၁၃ ခုနှစ်မှာ သုည ဒသမ ၄၇ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်မှာ သုည ဒသမ ၉၄ ရာခိုင် နှုန်း ရှိတာတွေ့ရတယ်။ ဦးတည်အုပ်စုတွေထဲက ပြည့်တန်ဆာ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများ ၁ဝ ဒသမ ၂ ရာခိုင်နှုန်း မူးယစ်ဆေးသုံးစွဲသူ ၁၈ ဒသမ ၆ ရာ ခိုင်နှုန်းရှိပါတယ်။

၂ဝ၁၃ ခုနှစ် ခန့်မှန်းစာရင်းအရ ရောဂါရှိသူ ၁၈၉ဝဝဝ ရှိတဲ့အထဲမှာ ၃၇ ရာခိုင်နှုန်းဟာ အမျိုးသမီးများ ဖြစ်နေတာ တွေ့ရပါတယ်'' ဟု ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က လုပ်ငန်းညှိနှိုင်း အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးကို 22nd Meeting of ASEAN task Force on Aios (ATFOA) အမည်ဖြင့်ကျင်းပရာ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အတူ ကုလသမဂ္ဂမှ တာဝန်ရှိသူများပါ တက်ရောက်သည်။ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်- ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၅)။

Yangon Media Group - (၂၂) ကြိမ်မြောက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေး လုပ်ငန်းအဖွဲ့ မန္တလေးတွင် လုပ်ငန်းညှိနှိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top