20
Jun

၂၄ နာရီမှာ Sex လည်းပါတယ်



“Education Level တွေ Brain တွေကလည်း
မတူတော့ တစ်ယောက်နဲ့ တစ်ယောက်  မတူနိုင်ပါဘူး။
ငယ်ငယ်ရွယ်ရွယ်တည်းက တဖြည်းဖြည်းနဲ့ သိချင်တာလေး သိခဲ့ရင် အရွယ်ရောက်လာတဲ့အခါ သူဟာ
ဆင်ခြင်တုံတရား ရှိသွားမယ်။ ဥပမာ စိတ်ဝင်စားတဲ့အချိန် သွေးသား ပြောင်းလဲတဲ့အချိန် ဆိုတာ
ရှိမယ်။ အဲဒီအချိန်မှာ ကိုယ့်သားသမီးက ငတုံး၊ ငအတွေ ဖြစ်နေပြီး သူများပညာပေးတာ ခံနေရရင်မကောင်းဘူး၊
အောက်တယ်”

မနုဿလူသား
တစ်ယောက်အတွက် Sex က ၁၀၀% တော့ရှိရမယ်။ ရာနှုန်းကျော်သွားရင် မကောင်းဘူး။ မရှိရင်လည်း
ကျန်းမာရေး ရှုထောင့်က ကြည့်ရင် မကောင်းပါဘူး။ နောက်တစ်ချက် ရှောင်ရန်ကျတော့လည်း လွန်ကျူးသော
ကိစ္စများက ရောဂါတွေ အများကြီးရနိုင်တယ်။ ခုလောလောဆယ် ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ရောဂါတွေက
လွန်ကျူးသော ကိစ္စတွေကြောင့် ဖြစ်တာပါ။

ကျွန်တော်တို့ကြုံဖူး၊
သင်ဖူး၊ တွေ့ဖူးတာကတော့ Sex ကို (၁၈) နှစ်ကျော်မှပဲ စဉ်းစားကြတာရှိတယ်။ ဒါပေမယ့် (၁၈)
နှစ်မကျော်ခင်မှာ ဆရာဝန်တစ်ယောက် မဟုတ်တဲ့အတွက် ဘာဖြစ်မလဲ ဆိုတာတော့ အတိအကျ မပြောနိုင်ဘူး။
အရွယ်မတိုင်မီ လိင်ဆက်ဆံလို့ ပန်းသေသွားတာမျိုးတော့ ကြားဖူးတယ်။ (၁၈) နှစ်ကျော်မှ စသင့်တယ်
ထင်တာပဲ။

ကျွန်တော်ဂျပန်မှာ
နေတုန်းက Channel တစ်ခုမှာ ကြည့်ဖူးတယ်။ ကလေးတွေကို Sex နဲ့ ပတ်သက်လို့ ပညာပေးတာ။ တချို့တွေတော့
မေ့သွားပြီး ကောင်လေးနဲ့ ကောင်မလေး ချစ်ကြတယ်။ ကိုယ်ဝန်ဆောင်တာကို ပြတယ်။ ကလေး မွေးတာကိုပြတယ်။
(၁၈) နှစ် အရွယ်ကို ပညာပေးတာ ဖိုနဲ့ မ ဆက်ဆံပြီးမှ ကလေးဖြစ်လာတယ် ဆိုတာကိုပြတာ။ နိုင်ငံတကာမှာတော့
အဲဒါမျိုးတွေ ရှိတယ်။ မြန်မာပြည်မှာက ဒါမျိုးတွေ မရှိတော့ အဖေနဲ့ အမေကို ပြန်မေးတယ်။
ကလေးဘယ်လို ဖြစ်လာတာလဲဆိုပြီး မေးတော့ ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ လှည့်ပတ်ပြီး လျှောက်ဖြေ
ရတာပေါ့။ စကားပြောတတ်စ ကလေးကို  ဒီကိစ္စ နားလည်အောင်
ဘယ်လိုပြန်ဖြေမလဲ။ ပညာပေး Channel တွေ၊ စာအုပ်တွေ ရှိသင့်တာပေါ့နော်။ မဖြေရှင်းဘဲနဲ့
Sex ကို ဖုံးကွယ်ထားရင် ပိုပြီး အန္တရာယ်များတယ်။ ဒါကြောင့် Sex ပညာပေးရှိသင့်တယ်။

ဒါကို
သိပ်သိသွားပြီး စိတ်ဝင်စားတဲ့ Side Effect ရှိပေမယ့် ကလေးဆိုတာ နဂိုတည်းက သန့်ရှင်းတော့
လူကြီးတွေက ဒါကို လိုက်ထိန်းလို့ ရပါတယ်။ ကလေး (၃) နှစ်သားမှာ ဘယ်လောက် သိသင့်လဲ၊
(၄) နှစ်သားမှာ ဘယ်လောက် သိသင့်လဲ။ ဒါကိုတော့ မိဘက ထိန်းပေးရမှာပေါ့။ ပြီးတော့ ခုခေတ်က
အားလုံး ကြည့်ချင်တဲ့ Channel ကြည့်လို ရနေတာလေ။ ကလေးက မိဘ မသိအောင်လည်း ခိုးကြည့်လို့
ရတာပဲ။ အဲဒါကို အတင်းလည်း မဖုံးကွယ်ရဘူး။ ကလေးကို ဘယ်အချိန်ထိ ဖုံးနေမှာလဲ။ ဒီမေးခွန်း မေးရမယ်၊
အရမ်းဖုံးထားပြီး Sex ကို ရုတ်တရက် တွေ့လိုက်ရရင်လည်း အမှားတွေ ဖြစ်နိုင်တယ်။

Education
Level တွေ၊ Brain တွေကလည်း မတူတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်တည်းက
တဖြည်းဖြည်းနဲ့ သိချင်တာလေး သိခဲ့ရင် အရွယ်ရောက်လာတဲ့ အခါ သူဟာ ဆင်ခြင်တုံတရား ရှိသွားမယ်။
ဥပမာ စိတ်ဝင်စားတဲ့အချိန် သွေးသားပြောင်းလဲတဲ့ အချိန်ဆိုတာ ရှိမယ်။ အဲဒီအချိန်မှာ
ကိုယ့်သားသမီးက ငတုံး၊ ငအတွေ ဖြစ်နေပြီး သူများ ပညာပေးတာ ခံနေရရင် မကောင်းဘူး၊ အောက်တယ်။

၂၀၁၀
မှာရှိတဲ့ ကလေးတွေဟာ နိုင်ငံတကာကို လှမ်းကြည့်နေကြပြီး ကျွန်တော်တို့ထက် ဘယ်လောက်အထိ
တော်နေသလဲဆိုတာ မသိနိုင်ဘူး။ ခုကျွန်တော်တို့ ပြောနေတာတွေကိုတောင် ဖတ်ပြီး ရယ်ချင် ရယ်နေမယ်လေ၊
ဟုတ်လား သဘောက ခုချိန်မှာတော့ နှိုင်းယှဉ်ရ ခက်သွားပြီ။ ကလေးတွေက အရမ်းမြန်သွားပြီး
ဘာပဲဖြစ်ဖြစ် ခုခေတ်မှာတော့ ဆင်ခြင်တုံ တရားတွေ၊ ပတ်ဝန်းကျင် ပညာပေးတွေကြောင့် လုံတယ်လို့
ပြောလို့ရတယ် မြန်မာပြည်က။ ရှေ့ကို ဘယ်လို ပညာပေး လုပ်သွားမလဲ ပြောရခက်တယ်။

ကျွန်တော်တို့
သူငယ်ချင်းတွေထဲမှာ ရှိပါတယ်။ အရမ်းရိုးသားစွာ နေခဲ့တဲ့ မိန်းကလေး တစ်ယောက်၊ စာလည်းတော်တယ်။ အတန်းထဲမှာ အတော်ဆုံး၊ ဒါပေမယ့် အပျို 
ဖြစ်ပြီးသွားတဲ့ နောက်ပိုင်းမှာ ယောကျာ်းလေး တစ်ယောက်နဲ့ ထိတွေ့ပြီး ယူသွားရတယ်။
Sex ကိုတွေ့ပြီး သွားချိန်မှာ  ဘဝဟာ ဒါပဲလို့
သတ်မှတ်ပြီး House wife ဖြစ်သွား ရတာမျိုးတွေရှိတယ်။ ဒီအတွေ့ကိုပဲ အဟုတ်မှတ်ပြီး ဒါကြောင့်ပဲ
ယူလိုက်ပြီး ဘဝကို ဆုံးပစ်လိုက်တာမျိုးပေါ့။ ရိုးသားလွန်း အားကြီးတော့ First Touch
မှာပဲ ပြောင်းလဲ သွားတာမျိုးပေါ့။ ဒါမျိုး မဖြစ်သင့်ဘူးလေ။ ဘဝမှာ ကြိုးစားရမှာတွေက
အများကြီး ရှိသေးတာ။

Brain
Level IQ Level တွေလည်း ကွာပါတယ်။ ပညာပေးတွေ ဘယ်လို ပေးနေနေ အလကားပါကွာလို့လည်း ပြောနေတဲ့သူတွေ
ရှိမှာပဲ။ ကျွန်တော်တို့ သိသလောက်တော့ တချို့ ဆောင်းပါးတွေမှာလည်း ရှိပါတယ်။ AIDS ကြောင့်
ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပေမယ့် လိုက်ရှာတဲ့ သူကလည်း ကိုယ့်ဆင်ခြင်တုံတရားနဲ့ ကိုယ်သွားရမှာပဲလေ။
အသက် (၇၀) မှာ ရပ်လိုက်ပါလို့ သွားပြောလို့ ရတာမှမဟုတ်တာ။ မြန်မာလို ပြောရင်တော့
Sex က မေတ္တာတရာနဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။

အခြေအနေ
တစ်ခုက သွားလာ လှုပ်ရှားတဲ့အပေါ်မှာ မူတည်တာပေါ့။ အကောင်းဆုံးချည်းပဲ မရှိသလို အဆိုးဆုံး
ချည်းပဲလည်း မရှိပါဘူး။ မကောင်းမှန်း သိရက်နဲ့ ရှေ့တိုးရင် မကောင်းတဲ့ အရာကို ခင်တွယ်ကြရင်တော့
ထိမှာပေါ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားရင် တခြားဟာတွေလည်း စဉ်းစားပေါ့။ လူသား တစ်ယောက်အတွက်
တစ်နေ့တာ လုပ်ရမယ့် အရာတွေက အများကြီးပဲလေ။ ကိုယ်ရဲ့ (၂၄) နာရီမှာ Sex လည်းပါတယ်။ အားလုံးကို
တန်ဖိုးရှိရှိ လုပ်ဖို့လိုပါတယ်။ Sex ဟာ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ တစ်နေတာ လုပ်ရမယ့်
ဝတ္တရားတွေမှာ တန်ဖိုးရှိစွာ နေတတ်ဖို့ Sex Education ကိုလည်း မျှဝေပေးပါလို့ ပြောချင်ပါတယ်။



အောင်ကိုလတ်

198 people 06/2010

People -  ၂၄ နာရီမှာ Sex လည်းပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top