၈၈ မျိုးဆက် ကျောင်းသားတွေရဲ့စေတနာဝဿန် ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲက ရရှိတဲ့ အလှူငွေတွေထဲက အချို့ကို ဦးကျော်သူရဲ့နာရေး ကူညီမှုအသင်း (ရန်ကုန်)နဲ့ ဒေါ်ဖြူဖြူသင်းရဲ့HIV ဝေဒနာသည်တွေကို ထားရှိ တဲ့ ဂေဟာအတွက် ကျပ်ငွေ ၂၅ သိန်းစီကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စက်တင်ဘာလ ၂၄ ရက်နေ့က သွားရောက် လှူဒါန်း ခဲ့ကြပါတယ်။
စေတနာဝဿန် ဂီတ ဖျော်ဖြေပွဲက စုစုပေါင်း ရန်ပုံငွေ သိန်း ၂၆၀၀ ကျော် ရရှိခဲ့ပြီး အဲ့ဒီထဲကမှ လူမှုရေးနဲ့ ကျန်းမာရေး ပရဟိတ ဂေဟာတွေကို လှူဒါန်း ခဲ့တဲ့အပြင် ကချင်ဒေသ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသ ကြီးက ရေဘေးသင့် ပြည်သူတွေ အတွက်ကိုလဲ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Burma VJ - ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ လှူဒါန်းမှုများ




