၉ ကြိမ်မြောက် AIDS ဗဟုသုတ ပွဲတော်ကို ဒီဇင်ဘာလ ၈ ရက်နေ့က မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ ဗဟုသုတ ပွဲတော်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်ခဲ့တဲ့ World AIDS Day အထိမ်းအမှတ် အဖြစ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုပြုလုပ်တဲ့ ပွဲကိုတော့ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ လူငယ် ဖွံ့ဖြိုးမှု အစီအစဉ်မှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၊ Twin Center, Maxmate နဲ့ Calsome က ပူးပေါင်းပြီး ပြခန်းများ၊ ဟောပြောပွဲများနဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား များကို ပါဝင်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
ယခု ဗဟုသုတ ပွဲတော်မှာတော့ HIV/AIDS နဲ့ ပတ်သက်တဲ့ ပြခန်းများ၊ Game အစီအစဉ်များနဲ့ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ် တာဖြစ်ပြီး မြန်မာနိုင်ငံ ဆရာဝန်များ အသင်းမှ AIDS, HIV အကြောင်း ဗဟုသုတများ ဟောပြောမှု တွေလည်း ဆောင်ရွက် ပေးတာ ဖြစ်သလို အနုပညာရှင်များက သီဆို ဖျော်ဖြေ မှုတွေ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုပြုလုပ်တဲ့ HIV, AIDS ဗဟုသုတ ပွဲတော်မှ ရရှိတဲ့ ရန်ပုံငွေတွေ ကိုတော့ AIDS ရောဂါခံစားနေရတဲ့ ကလေးများကို လှူဒါန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




