10
Feb

ကြီးချင်လို့ အင်္ဂါကိုဆီလီကွန်ထိုး

ကျွန်တော် ဆရာ့ဆီကို တချိန်တုန်းက ရေးဖူးပါတယ်။ ကျွန်တော့်လိင်တန်ကို ဆေးထိုးထားတဲ့အကြောင်းပါ။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားတိုင်းမှာ ဆီးကျန်နေတာရယ်၊ လိင်ဆက်ဆံပြီးတိုင်း သုတ်ရည်အကုန် အပြင်ကိုမရောက်တာရယ်၊ ထိပ်ဖွင့်လို့မရတာရယ် တွေကြောင့်ပါ။ သိချင်တာက ခွဲစိတ်ရင် အချိန်ဘယ်လောက်ကြာအောင် ဆေးရုံမှာနေရမှာလဲ၊ ခွဲစိတ်ပြီးရင် ဘာတွေကို ရှောင်ကြဉ်ရမှာလဲ၊ ဆရာကော ဒီလိုလူနာတွေကို ကြုံဖူးလား၊ (့) မှာ သွားပြီးလုပ်မှာပါ။ ကုန်ကျစရိတ်ကော များနိုင်လား၊ အရည်ပြားကို မဖြတ်ထုတ်ပဲနဲ့ ပြန်ပြီးချုပ်လို့ရနိုင်လား၊

Urologist ဆီးလမ်း အထူးကုဆရာဝန်ကနေ စစ်ဆေး-ဆွေးနွေး ဆုံးဖြတ်ပေးပါလိမ့်မယ်။ အခြေအနေကို မူတည်ပြီး ဘယ်နည်းနဲ့ ပြုပြင်ပေးမလဲ ဆိုတာအရ အချိန်၊ ကုန်ကျစရိတ်တွက်ရမှာပါ။ (့) မှာ ကုန်ကျစရိတ် နည်းတော့မနည်းပါ။ စင်္ကာပူထက်တော့ သက်သာမယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ (၉-၂-၂ဝ၁၂)

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့တဲ့မေလက ယောက်ျားအင်္ဂါကို ပိုကြီးချင်လို့ ဆီလီကွန်ထိုးခဲ့တဲ့ အသက်(၂၂)နှစ်အရွယ် အမျိုးသားဟာ ထိုးပြီးနောက်နေ့၌ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးရခြင်းအကြောင်းအရင်းကို စမ်းသပ်စစ်ဆေးကြည့်ရာမှာ ဆီလီကွန်ထိုးသွင်းခဲ့တဲ့ အကျိုးဆက်အနေနဲ့ သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရတယ်။ သူ့ကို ဆီလီကွန် ထိုးသွင်းပေးခဲ့တဲ့ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးကိုလဲ လူသေမှုနဲ့ တရားစွဲထားပြီး အင်္ဂါနေ့က ပထမအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ ထိုအမျိုးသမီးက သူမမှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ခုနှစ်သောင်းခွဲ ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ထောင်ထဲမှာ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

ယမုန်နာဆေးခန်း - ကြီးချင်လို့ အင်္ဂါကိုဆီလီကွန်ထိုး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top