2
Dec

သြစီက HIV/ AIDS အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ

သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ AIDS နေ့အခမ်းအနားမှာ Zero Discrimination ဆိုတဲ့ ခွဲခြား ဆက်ဆံမှုတွေ မရှိစေရေး အတွက် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ဖို့ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့ နာမည်ကြီး စာအုပ် တခုဖြစ်တဲ့ Freedom From Fear ဆိုတဲ့ စာသား အတိုင်း HIV/ AIDS ဝေဒနာရှင်တွေကို ခွဲခြား ဆက်ဆံတာတွေ မရှိစေရေးအတွက် အကြောက် တရားတွေ က ရုန်းထွက်ဖို့ လိုအပ်တယ်လို့ ပြော လိုက်တာပါ။

“ကျမတို့မှာ မတူကွဲပြားမှုဆိုတာ ရှိနေကြမှာပဲ။ ဒါတွေကို အသိအမှတ်ပြုရပါ့မယ်။ ဘာလို့လည်းဆိုတော့ ဒီ မတူကွဲပြားမှု ဆိုတာက ပိုပြီး လူသား ပီသလာစေဖို့ ကျမတို့အတွက် အခွင့်အရေးတခုပဲ ဖြစ်သင့်တယ်လေ” လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့မှာ သြစတြေးလျနိုင်ငံမှာ HIV/AIDS ဆိုင်ရာ Zero Discrimination Day ဆိုပြီး ကျင်းပမှာ ဖြစ်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကုလနဲ့ သြစီ တာဝန်ရှိသူတွေက မနေ့က အခမ်းအနားမှာ ခွဲခြားဆက်ဆံမှုတွေ တိုက်ဖျက်ရေး အတွက် ပြောဆို သွားခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် AIDS ဆိုင်ရာ အဓိက ကမ္ဘာ့ကျန်းမာရေးနဲ့ မူဝါဒ ရေးရာ ညီလာခံတခုကိုလည်း သြစတြေးလျက ဦးဆောင် ကျင်း ပမှာဖြစ်ပြီး မဲလဘုန်းမှာ လာမယ့်နှစ် ဂျူလိုင်မှာ ကျင်းပသွားဖို့ ရှိပါတယ်။  နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်ပေါင်း ၁၄၀၀၀ လောက်ဟာလည်း အဲဒီအခမ်းအနားကို တက်ဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မနေ့ကတော့ သြစတြေးလျနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာ လာခဲ့ပြီဖြစ်ပါတယ်။

ဧရာဝတီ - သြစီက HIV/ AIDS အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top