7
Jul

သြစတြေးလျတွင် သွားဆေးခန်းပြခဲ့သူ လူနာ ၁၁,၀၀၀ HIV ပိုး ကူးစက်ခံရမည်ကို စိုးရိမ်နေရ

သြစတြေးလျနိုင်ငံတွင် သွားဆေးခန်းပြခဲ့သည့် လူနာပေါင်း ၁၁,၀၀၀ အထိသည် HIV ပိုး ကူးစက်ခံရနိုင်ဖွယ် ရှိခဲ့သောကြောင့် ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဇူလိုင် ၂ ရက်တွင် ဆရာဝန်များကို တောင်းဆိုခဲ့သည်။ ဆစ်ဒနီရှိ ဆေးခန်းများတွင် သန့်ရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် HIV နှင့် အသည်းရောင်ရောဂါပိုးများ ကူးစက်ခံရနိုင်သည်ဟု စိုးရိမ်နေကြသည်။

နယူးဆောက်သ်ဝေး ကျန်းမာရေးဌာနက သွားဘက်ဆိုင်ရာ ဆရာဝန် ၁၂ ဦးကို သန့်ရှင်းရေး ညံ့ဖျင်းမှုနှင့် ကိရိယာများကို ပိုးသတ်ရာ၌ ညံ့ဖျင်းမှုတို့ဖြင့် စွဲချက်တင်ထားပြီး လူနာများကို ကြိုတင်ကာကွယ်မှု အနေဖြင့် HIV ပိုးအပြင် အသည်းရောင်အသားဝါ အေ၊ ဘီနှင့် စီပိုး စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုထားသည်။

နယူးဆောက်သ်ဝေး ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဂျရမီမက်အန်နယ်တီက ယခုထိ ရောဂါပိုး ကူးစက်ခံရသူ မတွေ့သေးကြောင်းနှင့် ကူးစက်နိုင်ခြေမှာ နည်းပါးကြောင်း ပြောကြားခဲ့သည်။ သို့သော် သူက ကြီးကျယ်သော သွားဘက်ဆိုင်ရာ ကုသမှု ခံယူခဲ့သူများ အနေဖြင့် စိုးရိမ်ရသည်ဟု ဆိုသည်။

သူက “ရောဂါဖြစ်တဲ့ အထောက်အထား မတွေ့သေးတာနဲ့ ရောဂါကူးစက်ခံရတဲ့ အထောက်အထား မတွေ့သေးတာဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ အဲဒီဆေးခန်းတွေမှာ ရောဂါပိုး ကူးစက်မှု မရှိအောင် ထိန်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိကြောင်း အစီရင်ခံမှုတွေကြောင့် ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

သူက “ကူးစက်မှုတွေ မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်။ အန္တရာယ်ကတော့ နည်းပါးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လူတွေအနေနဲ့ သူတို့ရဲ့ အနေအထားကို သိရတာ အကောင်းဆုံးပါပဲ။ ရောဂါပိုးတွေအတွက် ကုသမှု အမြန်ရနိုင်လို့ပါ” ဟုလည်း ပြောကြားခဲ့သည်။ သွားဆေးခန်းများတွင် ကိရိယာများအား စနစ်တကျ ပိုးသတ်သန့်စင်ခြင်း မရှိသောကြောင့် သွားဖုံးမှနေ၍ ရောဂါကူးစက်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။

Ref:AFP

Eleven - သြစတြေးလျတွင် သွားဆေးခန်းပြခဲ့သူ လူနာ ၁၁,၀၀၀ HIV ပိုး ကူးစက်ခံရမည်ကို စိုးရိမ်နေရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top