25
Mar

ဗြိတိန်က တောင်အာဖရိကကို ကွန်ဒုံးဝယ်ရန် ပေါင် ၁ သန်းလှူ



ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ (HIV/AIDS) အဖြစ်များလျက်ရှိသော တောင်အာဖရိကနိုင်ငံတွင် မကြာမီ ကျင်းပရန်ရှိသည့်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း အသုံးပြုဝေငှရန်အတွက် ကွန်ဒုံးများဝယ်ယူရန် ဗြိတိန်အစိုးရက
ပေါင်ငွေ တစ်သန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

လေးနှစ်တစ်ကြိမ်
ကျင်းပလေ့ရှိသော ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို တောင်အာဖရိကနိုင်ငံက ၂၀၁၀ ခုနှစ်အတွက်လက်ခံကျင်းပခွင့်
ရရှိထားရာ လာမည့်ဇွန်လတွင် စတင်တော့မည်ဖြစ်သည်။ ထိုဘောလုံးပြိုင်ပွဲကို ကမ္ဘာအရပ်ရပ်မှ
လာရောက်ကြည့်ရှူ့သူ ၄ သိန်းခွဲခန့်ရှိမည်ဟု ခန့်မှန်းထားကြသည်။

HIV
ပိုးရှိသူ ၅ သန်းခန့်ရှိသည့် တောင်အာဖရိကနိုင်ငံတွင် အစိုးရက ကွန်ဒုံးများ အခမဲ့ဝေငှလျက်ရှိရာ
ကမ္ဘာ့ဖလားကာလအတွင်း ၂ ဆခန့်တိုး၍ ဝေငှသွားမည်ဟု ကျန်းမာရေးဝန်ကြီးက ဆိုသည်။ တောင်အာဖရိက
အစိုးရက ယခုနှစ်အတွင်း ကွန်ဒုံးပေါင်း ၁ ဘီလျံဝေငှခြင်းဖြင့် ရောဂါကူးစက်မှုကို တတ်နိုင်သမျှ
ထိမ်းချုပ်သွားရန် ကြိုးပမ်းလျက်ရှိရာ ယခုကဲ့သို့ ဗြိတိန်အစိုးရ၏ ကူညီထောက်ပံ့မှုသည်
များစွာအကျိုးရှိလာမည်ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်းက
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ ကြီးမှူးကျင်းပသော အားကစားဆေးပညာ ညီလာခံတွင်လည်း တောင်အာဖရိဆေးအဖွဲ့မှ
ကမ္ဘာ့ဖလားကာလအတွက် မည်သို့ကြိုတင် စီစဉ်ထားပုံကို တင်ပြခဲ့ကြသည်ဟု သိရသည်။

 

Source
: BBC

သံလွင် - ဗြိတိန်က တောင်အာဖရိကကို ကွန်ဒုံးဝယ်ရန် ပေါင် ၁ သန်းလှူ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top