4
Apr

ဗြိတိန်တွင် ည၉နာရီမတိုင်မီ ကွန်ဒုံးကြော်ငြာပြသရန်စီစဉ်



ကွန်ဒုံးကြော်ငြာများအား
ည၉နာရီမတိုင်မီ ထုတ်လွှင့်ပြသခွင့်ပြုလိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။ ကွန်ဒုံးကြော်ငြာများအား
အကြီးအကျယ်ကြော်ငြာခြင်းဖြင့် ဗြိတိန်နိုင်ငံရှိ ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင်မှုနှုန်းကို
လျှော့ချရန်လိုအပ်သည်ဟု အစိုးရအထောက်အပံ့ခံ အဖွဲ့ကထုတ်ဖော်ပြောဆိုခဲ့သည်။

စီးပွားဖြစ်ကိုယ်ဝန်ဖျက်ချသော
ဆေးခန်းများက သူတို့၏၀န်ဆောင်မှု လုပ်ငန်းများအား ရုပ်မြင်သံကြားတွင် ပိုမိုကြော်ငြာခြင်းကိုခွင့်ပြုရန်
အဆိုပြုမှုမှာ လူထု၏ ဒေါသတကြီးတုံ့ပြန်မှုကြောင့် မအောင်မမြင် ဖြစ်ခဲ့ရသည်။

ကိုယ်ဝန်ဖျက်ချမှု
တိုက်ဖျက်ရေးနှင့် ရိုမန်ကက်သလစ် အုပ်စုကမူ ကွန်ဒုံးသည် ကိုယ်ဝန်ဆောင်ရန်၊ မလိုလားမှုကို
လျှော့ချရန်နှင့် လိင်ဆက်ဆံခြင်းမှ ရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ချရန် ရည်ရွယ်ချက်ကို
ဆုံးရှုံးစေသကဲ့သို့ ကွန်ဒုံးက လက်လွတ်စပယ် လိင်ဆက် ဆံမှုပြုခြင်းကို အားပေးသည်ဟု ယုံကြည်လျက်ရှိသည်။

ကွန်ဒုံးအား
ပိုမိုလွတ်လပ်စွာ ကြော်ငြာရန်နှင့်ပတ်သက်၍ အစိုးရ၏ လိင်ဆက်ဆံမှုဆိုင်ရာ ကျန်းမာရေးအကြံပေးအုပ်စုက
အကြံပြုထောက်ခံခဲ့ခြင်းဖြစ်သည်။ ထိုအုပ်စု၏အဆိုအရ ကွန်ဒုံးအား ပိုမိုကြော်ငြာခြင်းဖြင့်
ဗြိတိန်နိုင်ငံရှိ ဆယ်ကျော်သက်တို့၏ ကိုယ်ဝန်ဆောင်မှုနှုန်းကို လျှော့ချစေမည်ဖြစ်သည်ဟု
ဆိုသည်။

 

ရန်ကုန်တိုင်းမ်
- ဗြိတိန်တွင် ည၉နာရီမတိုင်မီ ကွန်ဒုံးကြော်ငြာပြသရန်စီစဉ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top