ဗြိတိန်နိုင်ငံတွင်
အသက်(၁၀)နှစ် ခန့်အရွယ်သာရှိသေးသော မိန်းကလေးများ ကိုယ်ဝန်ဆောင် နေရလျက်ရှိသည်ဟူသော
တုန်လှုပ်ဖွယ်ရာ ကိန်းဂဏန်းသစ်များကိုဖော် ပြခဲ့ကြောင်းသိရသည်။ လွန်ခဲ့သော ရှစ်နှစ်
ကျော်အတွင်း မိန်းကလေး ၁၅ဦးထက်မနည်းတွင် ကိုယ်ဝန်ရှိလာနိုင်သည့် အရိပ်လက္ခဏာကို တွေ့ရှိရပြီး
ထိုမိန်းကလေးများမှာ အသက် (၁၀)နှစ်ခန့်သာ ရှိသေးကြောင်း၊ အခြားသော ၃၉ဦးတွင်မူ ကိုယ်ဝန်ဆောင်နေရ
သည်ကိုတွေ့ရပြီး ထိုမိန်းကလေး တို့မှာမူ အသက် (၁၁)နှစ် အရွယ်သာ ရှိသေးသည်ဟုဆိုသည်။
၂၀၀၂ခုနှစ်ကတည်းကပင်
အင်္ဂလန်နှင့် ဝေလနိုင်ငံတို့တွင် အသက် (၁၅)နှစ်အောက် ကိုယ်ဝန်ရှိသူ အရေအတွက် ၆၃၄၈၇ဦးခန့်
ရှိကြောင်းတွေ့ရှိရသည်။ ၂၀၀၂ ခုနှစ်တွင် အသက်မပြည့်သေးသူ မိန်းကလေး ကိုယ်ဝန်ဆောင် အရေအတွက်
ကျဆင်းခဲ့ကြောင်း ကိန်းဂဏန်းများတွင် ပြသခဲ့သော်လည်း ၂၀၀၇ခုနှစ်တွင်ဖော်ပြခဲ့သော ကိန်းဂဏန်းများအရ
အသက်(၁၆)နှစ်အောက် ကိုယ်ဝန်ဆောင်သူ ၈၂၀၀ရှိကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ၂၀၀၂ခုနှစ်ကထက်
ပြန်လည်မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရခြင်းဖြစ်သည်။
မိသားစုပညာရေးဆိုင်ရာ
စောင့်ရှောက်ရေးအဖွဲ့မှ နော်မန်ဝဲလ်ကမူ မိမိတို့ လူ့အဖွဲ့အစည်း၏ အလွန်အကျွံ လိင်ဆက်ဆံ
မှုပြုခြင်း၏ ခါးသီးသောအကျိုးဆက်ကို မိမိတို့ ခံစားနေရပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ကုန်ပစ္စည်း
ထုတ်လုပ်သူများနှင့် ရောင်းချသူတို့က ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ကလေးများအား အရွယ်နှင့်မလိုက်အောင်
လိင်နိုးကြွစေသည့် ဆင်ယင်မှုကိုပြု စေခဲ့ခြင်းကို အပြစ်တင်ရမည်ဖြစ်သကဲ့သို့ လိင်ပိုင်းဆိုင်ရာ
သင်ကြားပေးသူတို့ကလည်း လိင်ပညာပေး သဘောထက် ငယ်ရွယ်သူတို့ကို လိင်မှုဆက်ဆံရေးတွင် ပိုမိုစိတ်ပါဝင်စားစေရန်
တွန်းအားပေးမှုကို ပိုမိုလုပ်ဆောင် လျက်ရှိသည်ဟူ၍ မစ္စတာနော်မန်ဝဲလ်က ပြစ်တင် ပြောကြားခဲ့သည်။
Freedom
of Information ၏ တောင်းဆိုမှုကြောင့် ထွက်ပေါ်လာသော ကိန်းဂဏန်းများအရ ၂၀၀၂ခုနှစ်နှင့်
၂၀၀၇ ခုနှစ်တွင် အသက် (၁၂)နှစ်၊ (၁၃)နှစ်နှင့် (၁၄)နှစ်အရွယ် ကိုယ်ဝန်ဆောင် မိန်းကလေး
၂၆၈ဦး ရှိခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ထိုကိန်းဂဏန်းများတွင် ကိုယ်ဝန်ပျက်ခြင်းနှင့်
ကိုယ်ဝန်ဖျက်ချသူများ ပါဝင်ခြင်းမရှိသေးဟုဆိုသည်။ အင်္ဂလန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်က
အသက်(၁၈)နှစ်အောက် ကိုယ်ဝန်ဆောင် မိန်းကလေး ၄၀၀၀၀ကျော်ခန့် ရှိကြောင်းတွေ့ ရှိရခြင်းဖြင့်
အသက်မပြည့်သူ ကိုယ်ဝန်ဆောင် မိန်းကလေးအရေအတွက်နှုန်း ပြန်လည်မြင့် တက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
- ဗြိတိန်တွင် အသက်မပြည့်သူ ကိုယ်ဝန်ဆောင်မိန်းကလေး အရေအတွက်တိုးပွား




