၂၀၁၁-၂၀၁၂ ကာလ အတွင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး အမှုပေါင်း ၆၉ မှု ဖမ်းဆီး ဖော်ထုတ် နိုင်ခဲ့တယ်လို့ ဇွန်လ ၂၆ ရက်နေ့က တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့ အမှတ် ၁ အခြေခံ ပညာ အထက်တန်း ကျောင်းမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ၂၅ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမှ ပြောပြချက် အရ သိရပါတယ်။
ဒီလို ဖမ်းဆီးရာ မှာတော့ ဘိန်းမဲ၊ ဘိန်းဖြူမှုန့်၊ ဘိန်းဖြူ ဘလောက်တုံး စသဖြင့် မူးယစ်ဆေးဝါးကို ပုံစံ အမျိုးမျိုးဖြင့် ရောင်းချမှုတွေကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘိန်းစာမှုန့် ၂၇၉.၆၆၃၈၅ ကီလိုဂရမ် ဆေးခြောက် ၀.၂၉၅၁ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၄ ပြား တို့အား သိမ်းဆည်း ရမိခဲ့တယ် လို့လည်း သိရပါတယ်။ ဒီလို မူးယစ်ဆေးဝါးများ ရှုခြင်း၊ အသားထဲကို ထိုးသွင်းခြင်း များကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ အနေနဲ့ HIV/AIDS ကဲ့သို့ ကူးစက် ရောဂါဆိုးကြီး များက ပြည်တွင်းမှာ အဆိုပါ ကိစ္စရပ်များနဲ့ ဆိုးကျိုးများ အနေနဲ့ ဖြစ်ပေါ်လျက်ရှိ နေတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4 - မြိတ်ခရိုင် မြို့နယ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၆၉ မှု ဖမ်းဆီး ဖော်ထုတ်




