28
Apr

မြိတ်တွင် AIDS ဖြင့် သေဆုံးသူများအတွက် ဆုတောင်းပွဲ ပြုလုပ်မည်

AIDS ဝေဒနာဖြင့် သေဆုံးသွားသူများအတွက် ဖယောင်းတိုင် မီးထွန်းဆုတောင်းပွဲကို လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် မြိတ်မြို့ ပေါ်တော်မူ စေတီတော်တွင် ပြုလုပ်မည်ဟု အနှိုင်းမဲ့ AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး မစန္ဒာမင်းထံမှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် AIDS ဝေဒနာဖြင့် သေဆုံးသွားသူများ ကောင်းရာမွန်ရာ ရောက်စေရန် ရည်စူးပြီး မေတ္တာပို့ ဆုတောင်းမည်ဖြစ်ကြောင်း မစန္ဒာမင်းက ပြောဆိုသည်။

မြိတ်မြို့နယ်အတွင်းရှိ AIDS ဝေဒနာရှင် လူကြီး ၅၀ ဦးနှင့် ကလေး ၃၀ ဦးတို့ကို ဖိတ်ကြားထားပြီး ဖြစ်ကာ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကို ထည့်သွင်းပြုလုပ်သွားမည်ဟု ၎င်းထံမှ သိရသည်။

အနှိုင်းမဲ့အဖွဲ့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်ပွဲကို မြိတ်မြို့နယ် အတွင်းရှိ AIDS ဝေဒနာရှင်များအား ဖိတ်ကြားပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ပေးခဲ့သည်ဟု ယင်းအဖွဲ့မှ သိရသည်။

ယင်းအဖွဲ့က ကောက်ထားသည့် စာရင်းဇယားအရ ဝေဒနာရှင် ၂၅၀ ကျော်ဦးခန့် ရှိသော် ယင်းဦးရေ၏ နှစ်ဆခန့် ရှိမည်ဟု ခန့်မှန်းသည်။

မြိတ်၊ ဧပြီ ၂၇

The Voice Weekly - မြိတ်တွင် AIDS ဖြင့် သေဆုံးသူများအတွက် ဆုတောင်းပွဲ ပြုလုပ်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top