22
Aug

မြိတ်မြို့ တွင် မူးယစ်ဆေးဝါးနှင့် HIV/AIDS အသိပေးသင်တန်း ကျင်းပ



နယ်စပ်ဒေသများတွင် အလှည့်ကျ ပြုလုပ်သော
မူးယစ်ဆေးဝါးနှင့် HIV/AIDS အန္တရာယ် အသိပညာပေး သင်တန်းအား မြိတ်မြို့ တွင်
ကျင်းပခဲ့ကြောင်း သိရသည်။

 

 ပညာရေးဌာနက ပြုလုပ်သော ကျောင်းသား လူငယ်များအား မူးယစ်ဆေးဝါး
အန္တရာယ် အသိပညာပေးရေး လုပ်ငန်းအဖွဲ့ သည် တနင်္သာရီတိုင်း လုပ်ငန်းအခြေပြု အခြေခံပညာ၊
ဆရာ၊ဆရာမ များအား မူးယစ်ဆေးဝါးနှင့် HIV/AIDS ရောဂါ အန္တရာယ် အသိပညာပေး
သင်တန်းဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့ မှ ၅ ရက်နေ့ ထိ အထက (၁) ကျောင်းအတွင်းရှိ
ပညာ့ဗိမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းအား တနင်္သာရီ
တိုင်းအတွင်းရှိ မြို့ နယ် ၁၀ မြို့ နယ်မှ အထက်တန်း အလယ်တန်းပြ ဆရာ၊ ဆရာမ
သင်တန်းသား ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

 

သင်တန်း ကျင်းပနေစဉ်အတွင်း ကျောင်းသား၊
ကျောင်းသူများအတွက် ပညာပေးပြခန်များလည်း ခင်းကျင်းပြသ ထားခဲ့ပြီး ယခုကျင်းပသော
အစီအစဉ်မှာ စတုတ္ထ အကြိမ်ဖြစ်၍ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန
ဦးစိန်မြင့် ဦးဆောင်သော အဖွဲ့ မှ သင်တန်းပို့ ချခဲ့ကြောင်း ၂၂၊၈၊၂၀၀၇ နေ့ ထုတ်
Weekly Eleven Journal တွင်ဖေါ်ပြထားသည်။

No-45,Vol 1.2

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top