မိခင်မှ ကလေးကို HIV ပိုးကူးစက်မှု လျော့ချနိုင်ဖို့ အတွက် မြို့နယ်ပေါင်း ၂၄၅ မြို့နယ်မှာရှိတဲ့ ဆေးရုံ ၃၈ ရုံမှာ ပြုလုပ် ဆောင်ရွက် လျက်ရှိတယ်လို့ မိခင်မှ ကလေး အိတ်ခ်ျအိုင်ဗွီ ကူးစက်ခြင်း ကာကွယ်ရေးနဲ့ HIVနှင့် ပတ်သက် ဆက်နွယ်တဲ့ ကလေးများ ဆိုင်ရာ အကြောင်းအရာ များကို ရုပ်သံမီဒီယာ များအား အသိပေး ရှင်းလင်းခြင်း အလုပ်ရုံ ဆွေးနွေးပွဲမှ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ ကိုယ်ဝန်ဆောင် မိခင်များကို ကိုယ်ဝန် စဆောင်ချိန် ကတည်းက HIV ပိုးရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်များကို ARV ဆေးတိုက်ကျွေးခြင်း အစရှိတာ တွေကို ပြုလုပ် ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေဟာ HIV ပိုး ရှိ၊ မရှိ စစ်ဆေး ပြုလုပ်မှုတွေ နည်းပါးနေ သေးတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ HIV ရောဂါပိုး ရှိနေတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကိုယ်ဝန် ၁၄ ပတ်ကစပြီး ARV ဆေးကို သောက်သုံးပြီး သန္ဓေသားကို ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ ဒီလို ARV ဆေးသောက်သုံးပြီး မိခင်မှ ကလေးကို HIV ပိုး မကူးစက်အောင် ကာကွယ် ထားနိုင်မှုဟာ လက်ရှိ ပြည်တွင်းမှာ ၁၁ ရာခိုင်နှုန်းလောက် အထိ လျော့ချ ကာကွယ်ထား နိုင်ပြီ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ၅ ရာခိုင်နှုန်း အထိ အဆင့်ဆင့် လျော့ချ ကာကွယ် နိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4 - မြို့နယ်ပေါင်း ၂၄၅ မြို့နယ်တွင် မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု လျော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိ




