12
May

မြို့ပြနေအမျိုးသားများတွင် တီဘီရောဂါဖြစ်ပွားမှု နှစ်ဆခန့်မြင့်တက်

မြန်မာနိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားသူမှာ လူဦးရေတစ်သိန်းလျှင်
၅၉၇ ယောက်ရှိပြီး၊၂၀၀၉ ခုနှစ် စစ်တမ်းအရ လူဦးရေ ၅၃ သန်းတွင် တီဘီဖြစ်ပွားသူ ၃သိန်းခန့်ရှိ

 

တီဘီရောဂါဖြစ်ပွားရာတွင် မြို့ပြနေအမျိုးသားများမှာ အများဆုံးဖြစ်ပွားသည့်
အနေအထားရှိပြီး နှစ်ဆခန့် မြင့်တက်လာကာ ကျေးလက်တောရွာနေသူများသကဲ့သို့ပင် ရောဂါဖြစ်နှုန်း
များပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတစ်ဝန်း
တီဘီရောဂါ ဖြစ်ပွားသူမှာ လူဦးရေတစ်သိန်းလျှင် ၅၉၇ ယောက်ရှိပြီး၊၂၀၀၉ ခုနှစ် စစ်တမ်းအရ
လူဦးရေ ၅၃ သန်းတွင် တီဘီဖြစ်ပွားသူ ၃သိန်းခန့်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည်
ကမ္ဘာ့တီဘီရောဂါ အဖြစ်များဆုံးနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူအများစုမှာ တီဘီရောဂါ လက္ခဏာများကို
ဂရုပြုခြင်းမရှိဘဲ ကုသမှုလည်း မပြုလုပ်ကြဟု သိရသည်။

 

တီဘီရောဂါကို ဆေးပတ်လည်အောင် မသောက်သုံးပါက ဆေးယဉ်ပါးမှုကြုံတွေ့နိုင်သည်ကို
သိရှိသူ နည်းပါးပြီး ရောဂါသက်သာစဉ် ဆေးကိုရပ်ပစ်လေ့ရှိကာ ရောဂါပြန်ဆိုးဝါးမှ ကုသကြသဖြင့်
ကုသရန် ခက်ခဲသည့် အနေအထားနှင့် ကြုံတွေ့ရသည်ဟု သိရသည်။ တီဘီရောဂါကို ကမ္ဘာ့ကျန်းမာရေး
အဖွဲ့က ချမှတ်ထားသသည့် DOTS ကုထုံးဖြင့် ဆောင်ရွက်လျက်ရှိပြီး အစောပိုင်းစစ်တမ်းများအရ
မြန်မာနိုင်ငံတွင် ကုသရန်ခက်ခဲသည့် တီဘီဖြစ်ပွားမှုမှာ ၉၀၀၀ ခန့်ရှိပြီး ယခုနှစ်အတွင်း
စစ်တမ်း ထပ်မံကောက်ယူမည်ဟု သိရသည်။ တီဘီရောဂါရှိသူ ချောင်းဆိုး၊ နှာချေရာမှ တီဘီပိုးများ
လေထဲ ပြန့်လွင့်ခြင်း၊ တိုက်ရိုက်ပြောဆိုထိတွေ့ခြင်း၊ လူနာ၏ အသုံးအဆောင် ပစ္စည်းများကို
တိုက်ရိုက် ထိတွေ့ခြင်းမှ ကူးစက်နိုင်သည်။ အာဟာရချို့တဲ့၍ ကိုယ်ခန္ဓာကိုယ်ခုခံအား ယုတ်လျော့ နေခြင်း၊
ရောဂါရှိသူနှင့် နီးကပ်စွာနေထိုင်ခြင်း၊ တစ်အိမ်တည်း လူနာများ ပြွတ်သိပ်စွာနေထိုင်ခြင်း၊
အရက်နှင့် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခြင်းတို့သည် တီဘီရောဂါ လွယ်ကူစွာ ဖြစ်ပေါ်ကူးစက်နိုင်သည့်
အခြေအနေများပင် ဖြစ်သည်။

 

7 Day News
Journal - မြို့ပြနေအမျိုးသားများတွင် တီဘီရောဂါဖြစ်ပွားမှု
နှစ်ဆခန့်မြင့်တက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top