16
Apr

နိုင်ငံတကာ အိတ်ခ်ျ ရောဂါကွန်ဖရင့်မှာ တောင်အာဖရိကရဲ့ ပေါ်လစီကို ဝေဖန်တိုက်ခိုက်



အာဖရိကတွင် ကုလသမဂ္ဂ၏ AIDS ရောဂါဆိုင်ရာ အထူးသံတမန်
ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် နေသူက အရေးပါတဲ့ ကွန်ဖရန့် တစ်ရပ်ရဲ့ ပိတ်ပွဲ
အခမ်းအနားမှာ တောင်အာဖရိက အစိုးရကို အကြီးအကျယ် ဝေဖန် တိုက်ခိုက်ခဲ့ပါတယ်။

 

ကနေဒါနိုင်ငံ တိုရွန်တို နိုင်ငံမြို့မှာ
တစ်ပတ်အကြာ ကျင်းပခဲ့တဲ့ အစည်းအဝေးကို အဆုံးသတ်ခါနီး မိန့်ခွန်းပြောရာမှာ
“စတီဘင်လူးဝစ္စ”က “တောင်အာဖရိက နိုင်ငံဟာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ရောဂါအပေါ် သဘောထားရာမှာ တာဝန်မဲ့ပြီး အလေးအနက် မရှိဘူး” လို့ပြောဆိုလိုက်ပါတယ်။

 

မစ္စတာ “လူးဝစ္စ” ကတောင်အာဖရိက အစိုးရကို
အိတ်ခ်ျအိုင်ဗွီ၊ အိတ်ခ်ျ ရောဂါတိုက်ဖျက်ရာမှာ ထက်မျက် တက်ကြွမှု မရှိဘဲ နှေင့်နှေး
ကြန့်ကြာစွာ အလေးမထားဘဲ ဆောင်ရွက်ခဲ့တယ်” လို့ ပြောဆိုလိုက်ပါတယ်။

 

တောင်အာဖရိက နိုင်ငံရဲ့ ကိုယ်စားလှယ် တစ်ဦးကတော့
မစ္စတာ “လူးဝစ္စ” ရဲ့ ဝေဖန်ချက်ကို ပြန်လည် တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။ တောင်အာဖရိက
နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိ “ဆီဘာနီ မင်ဂါဒီ” က မစ္စတာ “လူးဝစ္စ”ဟာ
တောင်အာဖရိက နိုင်ငံကို ကလဲစား ချေမှုအဖြစ် ဆန့်ကျင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့
ပြောဆိုပါတယ်။

 

စောစောပိုင်းက မိန့်ခွန်းပြောသူ
တစ်ဦးကလဲ“တောင်အာဖရိက ကျန်းမာရေး ဝန်ကြီးဟာ ဗိုင်းရပ်ပိုး တိုက်ဖျက်ရေး ဆေးဝါးရဲ့
အခန်းဏ္ဍကို လျော့ချခဲ့တဲ့အတွက် သူမအနေနဲ့ ရာထူးက နုတ်ထွက်သင့်တယ်လို့ ပြောဆိုပါတယ်။

 

တောင်အာဖရိက ကျန်းမာရေးဝန်ကြီး “မန်တိုရှာ ဘာလာမန်
ဆီမန်” ကတော့ အိတ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် မိမိရဲ့
ချဉ်းကပ်ပုံကို အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ သူမက ကိုယ်ခံအားစနစ် ထူထောင်ရေးဟာ
အရေးကြီးဆုံး ဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

ယခုအပတ် အတွင်းမှာ သူမက “မိမိအနေနဲ့
ဗိုင်းရပ်တိုက်ဖျက်ရေး ဆေးဝါးတွေကို သုံးစွဲစေမယ့်အစား ကြက်သွန်ဖြူ၊ သံပုရာသီးနဲ့
မုန်လာဥချို တို့လို အစဉ်အလာ တိုင်းရင်းဆေး ပစ္စည်းတွေကို စားသုံးစေမှာဖြစ်တယ်”
လို့သူမက ပြောဆိုပါတယ်။

 

တောင်အာဖရိကနိုင်ငံရဲ့ အာဏာရ “အေအင်န်စီ” ပါတီက“
ရောဂါနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ချဉ်းကပ်ပုံဟာ တာဝန်သိပြီး ပေါင်းစပ်
စုစည်းမှုရှိတယ်” လို့ ပြောဆိုပါတယ်။ ယခုအပတ် စောစောပိုင်းက “တိုရွန်တို” မြို့မှာ
နိုင်ငံတကာ အေအိုင်ဒီအက်စ် ကွန်ဖရန့် တစ်ခုကို ကျင်းပခဲ့ပါတယ်။

 

မိုက်ကရိုဆောဖ် ကုမ္ပဏီ ကိုတည်ထောင်ခဲ့သူ အလှူရှင်
“ဘီလ်ဂိတ်စ်” ကအဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ယင်းသို့ပြောကြားရာမှာ
“ဘီလ်ဂိတ်စ်” ကအိတ်ခ်ျအိုင်ဗွီ ကူးစက်နိုင်မယ့် နည်းလမ်းတွေကို လျော့ချနိုင်အောင်
ထောက်ပြပြီး အကောင်းဘက်မှ ရှူ့မြင်ကာ ပြောကြားခဲ့ပါတယ်။

 

မစ္စတာ “လူးဝစ္စ”က တောင်အာဖရိကနိုင်ငံက
အေ့ခ်ျဆန့်ကျင်ရေး စည်းရုံးလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့တဲ့အတွက် ဆန့်ကျင်
ကန့်ကွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ယင်းက တောင်အာဖရိကနိုင်ငံရဲ့ အေ့ခ်ျပေါ်လစီဟာ
စိုးရိမပူပန်မှုနဲ့ သနားဂရုဏာရှိတဲ့ အခြေအနေထက် ရုးသွပ်တဲ့ ဆောင်ရွက်ချက်သာ
ဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

 မစ္စတာ
“လူးဝစ္စ”က “ တောင်အာဖရိက အစိုးရရဲ့ ပေါ်လစီတွေကို မှားယွင်းပြီး
စိတ်ဓါတ်ကျင့်ဝတ်မရှိဘဲ ဘယ်လိုမှ အပြစ်က ခွင့်မလွတ်နိုင်တဲ့ ပေါ်လစီဘဲ ဖြစ်တယ်”
လို့ပြောဆိုပါတယ်။

 

မစ္စတာ “လူးဝစ္စ”က တောင်အာဖရိက နိုင်ငံမှာ
အေ့ခ်ျရောဂါကြောင့် သေဆုံးခဲ့တဲ့သူ အရေအတွက်ဟာ တစ်ရက်ကို ၈၀၀ လောက်ရှိတယ်လို့
ထပ်ဆင့်ပြောဆိုပါတယ်။

 

Ref: BBC, Aug 19,2006

 

The Kumudra Weekly (09-01-2006)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top